ချင်းပြည်နယ်တွင် အသက် ၆၀ အထက် ကြိုတင်မဲပေးခွင့်ရှိသူ လေးသောင်းကျော်ရှိ
လာမယ့်ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်းမှာရှိတဲ့ အသက် ၆၀ နှစ်အထက် ကြိုတင်မဲပေးခွင့်ရှိသူ လေးသောင်းကျော်ရှိတယ်လို့ ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက သိရပါတယ်။ အသက် ၆၀ နှစ်အထက် ကြိုတင်မဲပေးတာတွေကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ လာမယ့်အောက်တိုဘာ ၂၉ ရက်နေ့ကနေ နိုဝင်ဘာလ... Read More
အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ ဉက္ကဌ ဦးကျော်မြင့်(ခ)မိုက်ကယ်ကျော်မြင့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲ
အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီရဲ့ ဉက္ကဌဖြစ်သူ ဦးကျော်ြမင့်(ခ)မိုက်ကယ်ကျော်မြင့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ ခင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခင်ဦးမြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ပြီး တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။ ပါတီဉက္ကဌဖြစ်သူ ဦးကျော်ြမင့်(ခ)မိုက်ကယ်ကျော်မြင့်ကို တရားစွဲဆိုမှုနဲ့ပက်သက်လို့ ဘယ်ကိစ္စကြောင့်တရားစွဲဆိုရတယ်ဆိုတာကိုတော့ မျက်မှောက်ခေတ်က သီးခြားအတည်ပြုစုံစမ်းနေပါတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး ခင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေကို ဖုန်းဆက်အတည်ပြုရန် ကြိုးစားခဲ့ပေမယ့်... Read More
နှင်းဆီပါတီကို မဲပေးရင် ပယ်မဲအဖြစ်သတ်မှတ်မယ်လို့ UEC ကြေငြာ
နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP)ကို မဲပေးမိရင် အဲဒီမဲလက်မှတ်ကို ပယ်မဲအဖြစ် သတ်မှတ်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က အောက်တိုဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ကြေငြာထားပါတယ်။ ပါတီဉက္ကဌ ဦးကျော်မြင့်ကို ထောင်ပြေးမှု၊ ငွေကြေးခဝါချမှု စတာတွေနဲ့ ဖမ်းဆီးပြီးနောက်ပိုင်း ပါတီကိုလည်း... Read More
ချင်းပြည်နယ်တွင် ဒုတိယအကြိမ် မဲစာရင်းကြေညာခဲ့ရာ မဲစာရင်းလာရောက်ကြည့်ရှု့သူ ၄ သောင်းကျော်ရှိ
ချင်းပြည်နယ်မှာ ဒုတိယအကြိမ် ၁၄ ရက်တာအကြာ မဲစာရင်းကြေညာခဲ့ရာ ပြည်နယ်တွင်း ၉ မြို့နယ်မှာ မဲစာရင်းလာရောက်ကြည့်ရှု့သူ ၄ သောင်းကျော်ရှိတယ်လို့ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တာဝန်ရှိသူက ပြောပါပါတယ်။ ချင်းပြည်နယ်မှာ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ၁၄ ရက်နေ့အထိ ဒုတိယအကြိမ်... Read More
ဖမ်းဆီးထားတဲ့ NLD ပါတီကိုယ်စားလှယ်လောင်း ၃ ဦးကို ကာလတစ်ခုထိ ထိန်းသိမ်းထားမယ်လို့ AA ထုတ်ပြန်
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ မဲဆွယ်စည်းရုံနေစဉ် NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ၃ ဦးဖြစ်တဲ့ ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချော တို့ကို ရက္ခိုင့်တပ်တော် (AA) က ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က ဖမ်းဆီးသွားခဲ့တာပါ။ ဒါနဲ့ပတ်သက်ပြီး ကိုယ်စားလှယ်လောင်း... Read More
မြင်းမူမြို့တွင် NLD ပါတီအောင်နိုင်ရေး လှည့်လည်မဲဆွယ်ရာမှာ ပါဝင်သူတစ်ဦး ဓာတ်လိုက်သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့မှာ အောက်တိုဘာလ ၁၆ ရက်နေ့က NLD ပါတီအောင်နိုင်ရေး လှည့်လည်မဲဆွယ်ရာမှာ ပါဝင်သူတစ်ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ပြီး သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်လို့ မြင်းမူမြို့မရဲစခန်းရဲ့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ NLD ပါတီကို ဝန်းရံထောက်ခံသူအင်အား ၂၀၀ ဝန်းကျင်က ပါတီအကျီတွေ... Read More
ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တရားမဲ့ပြုကျင့်တာတွေမှန်သမျှ ထိရောက်စွာအရေးယူကြဖို့ သမ္မတရုံးအမိန့်ထုတ်ပြန်
မကြာခင်ကျင်းပတော့မယ့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၂၇/၂၀၂၀ နဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တည်ဆဲဉပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်ရေးအတွက် အပိုဒ် ၄ ပိုဒ်ပါ အမိန့်စာတစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ အမိန့်စာအရ အစိုးရအနေနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ သန္နိဌာန်ချထားပြီးဖြစ်လို့ လွတ်လပ်ပြီး... Read More
ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နေရာတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကြေငြာ
မကြာခင်ကျင်းပတော့မယ့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာတွေကို အောက်တိုဘာလ ၁၆ ရက်နေ့က ကြေငြာချက်အမှတ် ၁၉၂၊ ၁၉၃၊ ၁၉၄၊ ၁၉၅၊ ၁၉၆၊ ၁၉၇ တို့နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ ကြေငြာချက်မှာ ပါဝင်တဲ့နေရာတွေက... Read More
ယင်းမာပင်မြို့နယ်တွင် မဲရုံတိုးချဲ့ပေးရေး ဒေသခံတွေ တောင်းဆို
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ကပိုင်အုပ်စု ပေါင်းဝကျေးရွာတွင် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲရုံတိုးချဲ့ချထားပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။ အခုလို တောင်းဆိုရတာက မဲဆန္ဒရှင်ပိုများတဲ့ ပေါင်းဝရွာမှာ မဲရုံမထားဘဲ ၃ ဖာလုံခန့်ဝေးပြီး မဲဆန္ဒရှင်နည်းတဲ့ ကဗြုရွာမှာ မဲရုံထားတာကြောင့် တောင်းဆိုရတာဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။ “ကျွန်တော်တို့က အောက်တိုဘာလ... Read More