Home > သတင်း > နိုင်ငံရေး (Page 8)

မင်းကင်းတွင် NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဆိုင်ကယ်နဲ့ဝင်တိုက်ခံရ၊ ဘေးကကလေးနှစ်ယောက် ထိခိုက်ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်တွင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆင်းနေတဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်မွှေးလွင်ကို လင်းလုကျေးရွာတွင် ရွာသားတစ်ဦးက ဆိုင်ကယ်နဲ့ နောက်ကနေ ဝင်တိုက်မှု နိုဝင်ဘာလ ၃ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ အခုလို ဆိုင်ကယ်နဲ့ ဝင်တိုက်တဲ့အတွက် ဒေါ်ခင်မွှေးလွင်ကိုတော့ ဘေးနားက တစ်ယောက်ဆွဲဖယ်လိုက်တာကြောင့် ထိခိုက်မှုမရှိခဲ့ပေမယ့်...
Read More

စစ်ကိုင်းတိုင်း၀န်ကြီးချုပ် ကိုဗစ်စည်းကမ်းဖောက်လို့ဆိုပြီး ပြည်ခိုင်ဖြိုးပါတီက တိုင်ကြား

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးစည်းကမ်းချက် တွေကို ဆန့်ကျင်ပြီး မဲဆွယ်စည်းရုံးရေးပြုလုပ်ခဲ့လို့ဆိုပြီး ရွှေဘိုခရိုင်ပြည်ခိုင်ဖြိုးပါတီ (USDP) ဥက္ကဌက နို၀င်ဘာ (၃) ရက်နေ့က ရွှေဘိုခရိုင်စီမံခန့်ခွဲမှုကော်မတီကို တိုင်ကြားထားတယ်လို့ သိရပါတယ်။ လက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဒေါက်တာမြင့်နိုင်က လာမယ့်ရွေးကောက်ပွဲမှာ...
Read More

ဗန်းမောက်မြို့နယ်တွင် ရှမ်းနီအမျိုးသားတပ်မတော် (SNA) တပ်ဖွဲ့ဝင်တွေအပါအဝင် လူ ၅ ဦး လက်နက်ခဲယမ်းတွေနဲ့ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်တွင် ရှမ်းနီအမျိုးသားတပ်မတော် (SNA) တပ်ဖွဲ့ဝင်အပါအဝင် လူ ၅ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ နိုဝင်ဘာလ ၂ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။ သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဗန်းမောက်-အင်းတော်ကားလမ်းဘေးရှိ ARGI စားသောက်ဆိုင်မှာ ဆက်ကြေးပေးမယ့်အသွင်နဲ့ သွားရောက်ဖမ်းဆီးရာမှာ...
Read More

တပ်မတော်အရာရှိတစ်ဦးက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဆင့်ခေါ်ကာ အစိမ်းကို မဲပေးရမယ်ဆိုပြီးပြောဆို

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောမြို့တွင် တပ်မတော်ကာကွယ်ရေးစစ်လက်နက်ပစ္စည်းစက်ရုံ ကပစ (၂၃) ရှိ တပ်မတော်အရာရှိတစ်ဦးက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဆင့်ခေါ်ကာ ရွေးကောက်ပွဲမှာ အစိမ်းကိုသာ မဲပေးရမယ်ဆိုပြီး ပြောဆိုမှု နိုဝင်ဘာလ ၃ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ ယူနီဖောင်းဝတ်ဆင်ထားတဲ့ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်က ကန့်သက်ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်ကို...
Read More

ခန္တီးတွင် နာဂအမျိုးသားပါတီက အင်အားပြလှည့်လည်စည်းရုံး

စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့တွင် ဒေသခံတိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ နာဂအမျိုးသားပါတီက နိုဝင်ဘာလ ၄ ရက်နေ့မှာ ခန္တီးမြို့နှင့် အနီးပတ်ဝန်းကျင်တွေကို အင်အားပြ လှည့်လည်မဲဆွယ်ခဲ့ကြပါတယ်။ ဒီမဲဆွယ်ပွဲမှာ ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေလည်း ပါဝင်ပြီး မဲဆွယ်ခဲ့တာဖြစ်ကာ နာဂါအမျိုးသားပါတီအနေနဲ့တော့ ခန္တီးမြို့မှာ ပထမဆုံးအကြိမ်အဖြစ် အင်အားပြ မဲဆွယ်ခဲ့တာလည်း...
Read More

တန့်ဆည်တွင် UEC တံဆိပ်တုံးနှစ်ခု ပျောက်ဆုံးမှုဖြစ်လို့ အမှုဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ အုတ်ဖိုအိုင်ကျေးရွာတွင် အောက်တိုဘာလ ၂၉ ရက်နေ့က ကြိုတင်ဆန္ဒမဲပေးရာမှာ အသုံးပြုတဲ့ UEC တံဆိပ်ပါ ဆန္ဒပြုတံဆိပ်တုံး နှစ်ခု ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီး ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံက သိရပါတယ်။ “တံဆိပ်တုံးပျောက်တဲ့အကြောင်းကို မနေ့က ရဲစခန်းမှာ အမှုဖွင့်ထားတယ်။ အောက်တိုဘာလ...
Read More

ခန္တီးတွင် NLD ထောက်ခံသူတွေ ဒုတိယအကြိမ် အင်အားပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဝန်းရံသူတွေက ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းက အင်အားပြ လှည့်လည်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီအင်အားပြပွဲမှာ ကားအစီး ၃၀ အပြင် ဆိုင်ကယ်တွေလည်း ပါဝင်ပြီး လူဦးရေ ခန့်မှန်း...
Read More

လဟယ်မြို့တွင် ကြိုတင်မဲပုံး လုံခြုံရေးကြိုးပြတ်လို့ မဲပုံးတွင်းရှိ မဲများအား ပယ်မဲအဖြစ် သတ်မှတ်

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ၊ မြိုမရပ်ကွက်မှာ ကြိုတင်မဲပုံးတစ်ပုံးရှိ မဲတွေကို အောက်တိုဘာလ ၃၀ ရက်နေ့ မနက်ပိုင်းက ပယ်မဲအဖြစ် သတ်မှတ်လိုက်တယ်လို့ လဟယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးပါခင်က ပြောပါတယ်။ အဲဒီကြိုတင်မဲပုံးရှိ မဲတွေကို အောက်တိုဘာလ ၂၉...
Read More

ကလေးဝမြို့နယ်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ လူ ၇ ဦးကို တရားစွဲဆိုဖမ်းဆီး၊ တချို့ထွက်ပြေးတိမ်းရှောင်

စစ်ကိုင်းတိုင်ဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်တွင် နိုင်ငံတော်အစိုးရကို အများပြည်သူ အထင်မြင်လွဲမှားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဟောပြောထားတဲ့ အသံဖိုင်တွေကို အများပြည်သူကြားသိအောင် အသံကျယ်လောင်စွာ ဖွင့်လှစ်ခဲ့တဲ့ လူ ၅ ဦးကို အောက်တိုဘာလ ၂၈ ရက်နေ့က ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်းက တရားလိုပြုလုပ်ကာ မြို့နယ်တရားရုံးကို...
Read More
error: Content is protected !!