Home > သတင်း > ဒေသတွင်းသတင်း (Page 12)

တန့်ဆည်မြို့ပြည်သူ့ဆေးရုံမှ ဆရာဝန်နှစ်ဦးနှင့် သူနာပြုဆရာမ ၄ ဦး ကိုဗစ်ကူးစက်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့ ပြည်သူ့ဆေးရုံက ဆရာဝန်နှစ်ဦးနှင့် သူနာပြုဆရာမ ၄ ဦး ကိုဗစ်ပိုးကူးစက်ခံရတယ်လို့ ခရိုင်အုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။ “ဒီနေ့ မနက်ပိုင်းက ပိုးတွေ့ ၆ ယောက်ပါ။ သူနာပြုဆရာမက ဖျားနေတာနှစ်ရက်ရှိပြီ။ မသင်္ကာလို့ ဒီနေ့ Test kit...
Read More

လအတန်ကြာပိတ်ထားခဲ့တဲ့ မုံရွာကုန်စည်ဒိုင် ပြန်လည်ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာကုန်စည်ဒိုင်ကို ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ မုံရွာကုန်စည်ဒိုင် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးတင်ကိုကိုက ပြောပါတယ်။ မုံရွာကုန်စည်ဒိုင်ကို ကိုဗစ်ပထမလှိုင်းဖြစ်ကာစက ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်တဲ့အနေနဲ့ မတ်လကစ ပိတ်ခဲ့ပြီး ၈ လပိုင်းမှာ...
Read More

ကနီမြို့နယ် သစ်တောကြိုးဝိုင်းအတွင်းမှာ ရေနံတူးပြီး နေထိုင်ကြသူတွေကို ၃ ရက်အတွင်း ထွက်ခွာဖို့ သစ်တောတာဝန်ရှိသူတွေက နှုတ်မိန့်နဲ့ ညွှန်ကြားထား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မဟူတောင်တန်း၊ သင်ဂတုံကြိုးဝိုင်းအတွင်း လွန်ခဲ့တဲ့ ၁၅ နှစ်ဝန်းကျင်ကတည်းက အခြေချကာ ရေနံတူးဖော်နေကြသူတွေကို ၃ ရက်အတွင်း ထွက်ခွာသွားကြဖို့ သစ်တော တာဝန်ရှိသူတွေက ရေနံမှော်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့က လာရောက်ကာ နှုတ်မိန့်နဲ့ ညွှန်ကြားခဲ့တာပါ။ ဒီအတွက်...
Read More

မုံရွာမြို့ Fever Clinic ဆေးခန်းကို အနံ့ပျောက်လို့ လာပြသူများလာပြီး ကိုဗစ်ပိုးတွေ့လူနာ ၈ ဦးအထိရှိလာ

စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီရုံးစိုက်ရာ လူငယ်စင်တာမှာ ဖွင့်လှစ်ထားတဲ့ မုံရွာမြို့ရဲ့ Fever Clinic ဆေးခန်းကို အခုရက်ပိုင်းအတွင်း အနံ့ပျောက်လို့ လာရောက်ပြသူတွေများလာတယ်လို့ မြန်မာနိုင်ငံဆရာဝန်အသင်း (မုံရွာ) Fever Clinic ဆေးခန်းနာယက ဒေါက်တာဝင်းမော်က ပြောပါတယ်။ အဲဒီ Fever Clinic ဆေးခန်းကို...
Read More

ဗန်းမောက်ရဲစခန်းမှ ကသာအကျဉ်းထောင်သို့ ပို့ဆောင်သည့် အချုပ်သားတစ်ဦး ကိုဗစ်ပိုးတွေ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့မရဲစခန်းကနေ ကသာအကျဉ်းထောင်ကို ပို့ဆောင်တဲ့ အချုပ်သားတစ်ဦးထံကနေ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ ကသာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဒေဝက ပြောပါတယ်။ ဒီဇင်ဘာလ ၂၇ ရက်နေ့က ဗန်းမောက်မြို့မရဲစခန်းအချုပ်ခန်းကနေ ထောင်ကျတရားခံ ၂၈ ဦးကို ကသာအကျဉ်းထောင်ကို...
Read More

မုံရွာအိုးရှင်းစင်တာ ဝန်ထမ်းတစ်ဦး ကိုဗစ်ပိုးတွေ့သော်လည်း ပိတ်ရန် အစီအစဉ်မရှိ

မုံရွာမြို့ အိုးရှင်းစူပါစင်တာက ဝန်ထမ်းအမျိုးသမီးတစ်ဦး ဒီဇင်ဘာလ ၂၇ ရက်နေ့က အနံ့ပျောက်လို့ သွားစစ်တာကနေ ကိုဗစ်ပိုးတွေ့ရှိခဲ့ပါတယ်။ ဝန်ထမ်းအမျိုးသမီးမှာ ပိုးတွေ့ပေမယ့် အိုးရှင်းစင်တာကိုပိတ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ မုံရွာမြို့နယ်ကိုဗစ်ကော်မတီတာဝန်ရှိသူက ပြောပါတယ်။ “အိုးရှင်းစင်တာကို ပိတ်ဖို့အစီအစဉ်မရှိပါဘူး။ သူကအိုးရှင်းက ပရိဘောဂတွေရောင်းတဲ့ဘက်က သန့်ရှင်းရေးပေါ့။ သန့်ရှင်းရေးကိုတောင်မှ အချိန်ပိုင်းနဲ့...
Read More

ကိုဗစ်ကူးစက်မှုတွေကြောင့် တီးတိန်မြို့နယ် တွီးထန်ကျေးရွာကို အဝင်အထွက် ကန့်သတ်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တွီးထန်ကျေးရွာအုပ်စု၊ တွီးထန်ကျေးရွာမှာ ဒေသတွင်းကူးစက်မှု တွေ့ရှိရတဲ့အတွက် ဒီဇင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းကစပြီး ရွာအဝင်အထွက် ကန့်သတ်လိုက်တာဖြစ်ပါတယ်။ တွီးထန်ကျေးရွာ အဝင်အထွက် ကန့်သတ်လိုက်တာကို ဒီဇင်ဘာ ၂၇ ရက်နေ့ကစပြီး ဇန်နဝါရီလ ၉ ရက်နေ့အထိ ချင်းပြည်နယ်...
Read More

မုံရွာတွင် အိုးရှင်းစူပါစင်တာမှ ဝန်ထမ်းတစ်ဦးအပါအဝင် ကိုဗစ်ပိုးတွေ့လူနာ ၂ ဦးထပ်တိုး

မုံရွာမြို့မှာ ဒီဇင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းက ကိုဗစ်ပိုးတွေ့လူနာ ၂ ဦးထပ်တိုးခဲ့ပြီး အဲဒီထဲမှာ အိုးရှင်းစူပါစင်တာက ဝန်ထမ်းတစ်ဦး ပါဝင်တယ်လို့ မုံရွာမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးအာကာမြင့်က ပြောပါတယ်။ “အဲဒီပိုးတွေ့နှစ်ယောက်က ဒီနေ့ မနက်က အနံ့ပျောက်လို့ မုံရွာမြို့ ပြည်သူ့ဆေးရုံကိုလာပြတာ။...
Read More

ကိုဗစ်ကန့်သတ်ချက်တွေကြောင့် ခန္တီးမြို့နယ်အတွင်း ခရီးသွားမှု အခက်အခဲတွေ ကြုံတွေ့နေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့ကို တခြားမြို့နယ်တွေကနေ လာရောက်သူတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ခရီးသွားပြည်သူတွေထံက သိရပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် သွားလာရာမှာ အခက်အခဲတွေ ဖြစ်နေတာပါ။ “အခုကျွန်တော်တို့က ခန္တီးမြို့နယ် နန်စီပွန်ဒေသကို ဒီဇင်ဘာလ ၂၅ ရက်နေ့က လာရောက်ခဲ့တာ။ ကျွန်တော်တို့လာတာက နန်းစီပွန်ကို...
Read More
error: Content is protected !!