Home > သတင်း > စစ်ရေး > ထားဝယ် ရေနက်ဆိပ်ကမ်း ရဲစခန်းမှူးလိုက်ပါလာသည့်ကား မိုင်းဆွဲတိုက်ခိုက်ခံရ

ထားဝယ် ရေနက်ဆိပ်ကမ်း ရဲစခန်းမှူးလိုက်ပါလာသည့်ကား မိုင်းဆွဲတိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ ရေဖြူ – ထား၀ယ် ရေနက်ဆိပ်ကမ်းရဲစခန်းမှူး လိုက်ပါလာတဲ့ကား အောက်တိုဘာလ ၁ ရက်နေ့ညနေပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရ‌ပါတယ်။ ကားမိုင်းထိလို့ ကားက ဘေးကို လွင့်ထွက်သွားပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

“ကားက လမ်းဘေးကို လွင့်ထွက်သွားတယ်။ သွေးတွေလဲအများကြီးပဲတွေ့လိုက်တယ်။ အ‌ခြေအနေကစိုးရိမ်ရတဲ့သဘောမှာရှိတယ်။ သေဆုံးတော့ မသိရဘူး”လို့ အမည်မဖော်လိုတဲ့ ဒေသခံက ပြောပါတယ်။

စခန်းမှူးလိုက်ပါလာတဲ့ကားက ထား၀ယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလည်ဒေသရှိ ထား၀ယ်အထူးစီးပွားရေးဇုန်၊ လွင်မိုးအမည်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်အနီး ကားလမ်းမပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်ပါတယ်။

မိုင်းမိတဲ့ ကားပေါ်မှာ ရဲစခန်းမှူးအပါအ၀င် ရဲတပ်သားတစ်ဦးနှင့် နောင်ရဲဆိုသူ အမျိုးသားတစ်ဦးလိုက်ပါလာပြီး ထား၀ယ်မြို့အသွားမှာ ဖြစ်တာလို့ ဒေသခံက ပြောပါတယ်။

မိုင်းကွဲမှုကြောင့် အထိအခိုက် အကျဆုံးမရှိဘူးလို့ စစ်ကောင်စီဖက်ကနေ ရွာသားတွေကို သတင်းဖြန့်နေတယ်လို့လည်း သိရပါတယ်။

#မျက်မှောက်ခေတ် #ထားဝယ်ရေနက်ဆိပ်ကမ်း #စခန်းမှုးကားမိုင်းထိ #စစ်အာဏာရျင်ဆန့်ကျင်ရေး

error: Content is protected !!