Home > သတင်း > တိုင်းရင်းသားကဏ္ဍ (Page 5)

ကိုဗစ်ကူးစက်မှုတွေကြောင့် တီးတိန်မြို့နယ် တွီးထန်ကျေးရွာကို အဝင်အထွက် ကန့်သတ်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တွီးထန်ကျေးရွာအုပ်စု၊ တွီးထန်ကျေးရွာမှာ ဒေသတွင်းကူးစက်မှု တွေ့ရှိရတဲ့အတွက် ဒီဇင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းကစပြီး ရွာအဝင်အထွက် ကန့်သတ်လိုက်တာဖြစ်ပါတယ်။ တွီးထန်ကျေးရွာ အဝင်အထွက် ကန့်သတ်လိုက်တာကို ဒီဇင်ဘာ ၂၇ ရက်နေ့ကစပြီး ဇန်နဝါရီလ ၉ ရက်နေ့အထိ ချင်းပြည်နယ်...
Read More

ကိုဗစ်ကန့်သတ်ချက်တွေကြောင့် ခန္တီးမြို့နယ်အတွင်း ခရီးသွားမှု အခက်အခဲတွေ ကြုံတွေ့နေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့ကို တခြားမြို့နယ်တွေကနေ လာရောက်သူတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ခရီးသွားပြည်သူတွေထံက သိရပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် သွားလာရာမှာ အခက်အခဲတွေ ဖြစ်နေတာပါ။ “အခုကျွန်တော်တို့က ခန္တီးမြို့နယ် နန်စီပွန်ဒေသကို ဒီဇင်ဘာလ ၂၅ ရက်နေ့က လာရောက်ခဲ့တာ။ ကျွန်တော်တို့လာတာက နန်းစီပွန်ကို...
Read More

တပ်သိမ်းမြေအပေါ်ကျူးကျော်လို့ဆိုပြီး တောင်သူ ၁၅ ဦး တရားစွဲခံရ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ကျောဒေသမှာရှိတဲ့ ကပစ (၂၃) ကနေ တပ်သိမ်းမြေအတွင်း ကျူးကျော်ဝင်ရောက်လို့ဆိုပြီး တောင်သူ ၁၅ ဦးကို ဒီဇင်ဘာလ ၂၂ ရက်နေ့က အမှုဖွင့် တရားစွဲဆိုလိုက်ပါတယ်။ တာဝန်ဝတ္တရားနှောင့်ယှက်မှုပုဒ်မ ၃၅၃၊ ပိုင်နက်ကျူးကျော်မှုပုဒ်မ ၄၄၇ တို့နဲ့ ကန့်သက်ကျေးရွာက...
Read More

နယ်မြေကွင်းဆင်းသွားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တပ်က ဝင်ခွင့်မပေးလို့ ဂိတ်က ပြန်လှည့်ခဲ့ရ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ကျောဒေသ၊ ကပစ (၂၃) က သိမ်းယူထားတဲ့ ဧရိယာအတွင်းပါဝင်နေတဲ့ ကန့်သက်၊ နုံးကြီး၊ ကျဲ စတဲ့ကျေးရွာတွေကို ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေက ဒီဇင်ဘာလ ၂၄ ရက်နေ့က မနက်ပိုင်းမှာ နယ်မြေကွင်းဆင်းသွားရာမှာ တပ်ဂိတ်က အဝင်မခံခဲ့လို့ နောက်လှည့်ပြန်ခဲ့ရပါတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။...
Read More

လဟယ်မြို့နယ်က ကျေးရွာအချို့ ရိက္ခာပြတ်လပ်နေလို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆန်လှုဒါန်းပေးနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးအဖွဲ့ရုံးစိုက်ရာ လဟယ်မြို့နယ်အတွင်းက ကျေးရွာတချို့မှာ ရိက္ခာပြတ်လပ်မှုတွေ ကြုံတွေ့နေကြရပါတယ်။ ဒီအတွက် ဒီဇင်ဘာလ ၂၂ ရက်နေ့က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကနေ ရိက္ခာပြတ်လပ်မှုကြုံတွေ့နေကြရတဲ့ ကျေးရွာတချို့ကို သွားရောက်ကာ ဆန်အိတ်တွေ ဝေငှပေးခဲ့ပါတယ်။ “လဟယ်မြို့နယ်အတွင်းက ရိက္ခာပြတ်တဲ့ကျေးရွာ ၉ ရွာကို ဆန်အိတ်တွေ...
Read More

ကျောမြို့ ကပစနယ်မြေအတွင်း တောင်သူတွေလုပ်ကိုင်နေတဲ့ လယ်ယာမြေတွေကို ယန္တရားနဲ့ စတင်ထိုး၊ တားဆီးတဲ့တောင်သူတွေကို တရားစွဲဆိုမယ်ဆိုပြီး ခြိမ်းခြောက်

တပ်မတော်ကာကွယ်ရေးစစ်လက်နက်ပစ္စည်းစက်ရုံ ကပစ (၂၃)က မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ကျောဒေသမှာ တည်ရှိပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကျင်းပခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ စက်ရုံဧရိယာအတွင်းပါဝင်တဲ့ ကန့်သက်၊ နုံးကြီး၊ ကျဲ စတဲ့ ကျေးရွာ ၃ ရွာက မဲပေးနိုင်သူဦးရေစုစုပေါင်း ၁၄၀၀...
Read More

ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့တွင် အနှုတ် ၄ ဒီဂရီ စင်တီဂရိတ် ကျော်တဲ့အထိ ရောက်ရှိပြီး အအေးပိုနေ

ချင်းပြည်နယ် ဟားခါးမြို့မှာ ဒီကနေ့ နံနက်ပိုင်းက အနိမ့်ဆုံးအပူချိန် အနှုတ် ၄.၄ ဒီဂရီ စင်တီဂရိတ်အထိ ရောက်ရှိလာတယ်လို့ ချင်းပြည်နယ် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းတစ်ဦးကပြောပါတယ်။ ဟားခါးမြို့မှာ ဒီကနေ့ နံနက်ပိုင်းက ချင်းပြည်နယ် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက တိုင်းတာချက်အရ အနိမ့်ဆုံးအပူချိန်...
Read More

ထန်တလန်-ဟားခါးကားလမ်းတွင် မှန်လုံကားတစ်စီး တိမ်းမှောက်ပြီး အမျိုးသမီး ၂ ဦးသေဆုံး

ချင်းပြည်နယ်၊ ထန်တလန်မြိုနယ်၊ ထန်တလန်-ဟားခါးကားလမ်း၊ မိုင်တိုင်အမှတ် (၁၇) မိုင်တိုင်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့ မနက် ၇ နာရီခွဲအချိန်က မှန်လုံကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။ ထန်တလန်မြို့နေ ယာဉ်မောင်း ရုန်ကျဲအိုထန် (အသက် ၂၂ နှစ်) မောင်းနှင်ပြီး...
Read More

ပုံတောင် ပုံညာကို ဖြတ်ကာ…..။

ကလေးမြို့သို့ လေ့လာရေး နှင့်ရိုက်ကူးရေး တစ်ခုပြုလုပ်ရန် စစ်ကိုင်း၊ မုံရွာ၊ ဂန့်ဂေါ၊ ကလေး လမ်းအတိုင်း ခရီးနှင်ခဲ့ကြပါသည်။ လမ်းတစ်လျှောက်တွင် ပထဝီ၀င်ဘာသာထဲတွင် သင်ယူခဲ့ရသည့် ပုံတောင်ပုံညာ တောင်တက်တောင်ဆင်း လမ်းအတိုင်း ဖြတ်သန်းခရီးနှင်ခဲ့ခြင်းဖြစ်သည်။ ပထမဆုံးအကြိမ် ထိုလမ်းကို ဖြတ်သန်း ခရီးနှင်ခဲ့ခြင်း ဖြစ်သည်။...
Read More
error: Content is protected !!