ကလေးမြို့နယ် ဂိဇ္ဇျကုဋ်တောင်နှင့် နွားတောင်ဒေသတွင် ထုံးကျောက် အကြီးစား စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာရေးလုပ်ငန်းအတွက် ဧက ၄ ထောင်ကျော် လျှောက်ထားမှုကို ဒေသခံတွေကန့်ကွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် ဂိဇ္ဇျကုဋ်တောင်နှင့် နွားတောင်ဒေသမှာ ကုမ္ပီဏီတစ်ခုက ထုံးကျောက်အကြီးစား စမ်းသပ်တိုင်းတာရန် လုပ်ကွက် ၂ ခုလျှောက်ထားမှုကို ဒေသခံတွေကကန့်ကွက်နေပါတယ်။ ဒီစီမံကိန်းအတွက် မဟာအာရှစီးပွားရေးအုပ်စု ကုမ္ပဏီလီမိတက် (Asia Great Economic Group Company Limited) က ထုံးကျောက်အကြီးစား... Read More
မြစ်သာမြစ်အကြောင်း တွေးမိရင်ဖြင့်…………။
ကျွန်တော်သည် မြစ်သာမြစ်ကမ်းနဖူးက ရွာကလေးတွင် မွေးဖွားကြီးပြင်းခဲ့သည်။ ကျွန်တော်သည် မြစ်သာမြစ်ထဲမှာပဲ ကိုယ်လက်သန့်စင်ခြင်းအမှုတွေ ပြုခဲ့သည်။ မြစ်သာမြစ်သည် ကျွန်တော်တို့ ငယ်ဘဝအတွက် ဆော့ဖော်ဆော့ဖက်၊ ကြီးပြင်းဖော် ကြီးပြင်းဖက်။ မြစ်သာမြစ်ရေနဲ့အတူ မျက်ရည်တွေလည်း စီးကျဖူးသည်။ မြစ်သာရဲ့ ရေအလျင်မှာလည်း မျောစီးလိုက်ပါခဲ့ဖူးသည်။ မြစ်သာမြစ်ရဲ့ ကလူကျီစယ်မှုကြောင့်... Read More
ခန္တီးမြို့တွင် ပထမဆုံး ကိုဗစ်လူနာတွေတွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့တွင် ဒီဇင်ဘာလ ၆ ရက်နေ့က မန္တလေးက လာရောက်သူ တွေထဲကနေ ကိုဗစ်ပိုးတွေ့ရှိခဲ့ပါတယ်။ ပိုးတွေ့လူနာက ခန္တီးရတနာနယ်မြေကို အလုပ်လုပ်ဖို့ လာရောက်တာဖြစ်ပြီး Test Kit နဲ့ စစ်ဆေးတာကနေ တွေ့ရှိခဲ့တာပါ။ “အခုခန္တီးမြို့မှာ ပထမဦးဆုံးပိုးတွေ့ခဲ့တာပါ။ အခုတွေ့တဲ့လူက... Read More
ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုနဲ့ ဖမ်းဆီးခံထားရတဲ့ မုံရွာခရိုင်ဗကသကျောင်းသား လင်းသူရကို ကိုရုံးမထုတ်ဘဲ ရက်ရွှေ့ပြောင်း
ပြည်တွင်းငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်မှာ 4G အင်တာနက် ပြန်လည်ဖွင့်ပေးရေး၊ သွေးစွန်းအစိုးရအလိုမရှိ၊ လူသတ်စစ်တပ်အလိုမရှိ၊ ဖမ်းဆီးခံကျောင်းသားတွေ ပြန်လွှတ်ပေးရေး စတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ တောင်းဆိုလှုပ်ရှားမှုလုပ်ခဲ့လို့ဆိုပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မုံရွာခရိုင် ဗကသကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ လင်းသူရကို ကိုဒီဇင်ဘာ ၁ ရက်နေ့မှာ ရုံးထုတ်မယ်လို့ ချိန်းဆိုထားပေမယ့် ကိုဗစ်အကြောင်းပြချက်နဲ့ ရုံးထုတ်ခြင်းမရှိဘဲ... Read More
နာဂဒေသတွင် NSCN-K နှင့် ခွဲထွက်အဖွဲတို့ ထိပ်တိုက်တွေ့ဆုံပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ပေမယ့် စစ်ရှောင်မရှိဘူးလို့ ဒေသခံအမတ်ပြောကြား
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့က ထိတွေ့ပစ်ခတ်မှုအနည်းငယ် ဖြစ်ပွားခဲ့ပါတယ်။ ဒီထိတွေ့ပစ်ခတ်မှုနဲ့ပတ်သက်လို့ ထိခိုက်ဒဏ်ရာရရှိသူ မရှိသလို နေရပ်စွန့်ခွာ ထွက်ပြေးရသူလည်း မရှိဘူးလို့ လေရှီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။ “စစ်ဖြစ်တာလည်း မဟုတ်ဘူး။ လမ်းမှာ... Read More
ဟားခါးမြို့ရဲ့ သောက်သုံးရေအခက်အခဲ ဖြေရှင်းနိုင်ဖို့ နွယ်ချောင်းဆည်ရေလှောင်တမံ တည်ဆောက်ဖို့ စီစဉ်နေ
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းက နွယ်ချောင်းကို လာမယ့် ၂၀၂၁ ခုနှစ် နှစ်စပိုင်းကစပြီး ဆည်ရေလှောင်တမံ တည်ဆောက်ဖို့ အစိုးရအဖွဲ့က စီစဉ်နေတာပါ။ ဒီစီမံကိန်းက ဟားခါးမြို့မှာ နွေရာသီရောက်တိုင်း နှစ်စဉ်ကြုံတွေ့နေကျ သောက်သုံးရေအခက်အခဲကို ဖြေရှင်းနိုင်စေရေးအတွက် လုပ်ဆောင်တာဖြစ်တယ်လို့ ချင်းပြည်နယ် စည်ပင်ဝန်ကြီးက ပြောပါတယ်။ “ဟားခါးမြို့ပေါ်မှာ... Read More
နတ်မတောင်ထိပ်အထိ ခြေလျင်တက်နိုင်မယ့် လမ်းကြောင်းသစ် ရှာဖွေနေ
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ခေါ်နူးစုမ် ခေါ် နတ်မတောင်ထိပ်အထိ ခြေလျင်တောင်တက်နိုင်အောင် လမ်းကြောင်းသစ် ရှာဖွေမှုတွေ ဆောင်ရွက်နေတယ်လို့ ချင်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ခေါ်နူးစုမ်ခေါ် နတ်မတောင်ထိပ်အထိ ခြေလျင်လမ်းလျှောက်တက်ချင်သူတွေအတွက် ခြေလျင်လမ်းလျှောက်တက်နိုင်မယ့် လမ်းကြောင်းကို ပြုပြင်ဆောင်ရွက်ပေးမှာဖြစ်သလို... Read More
မေတ္တာတရားကို မေတ္တာတရားဖြင့် တုန့်ပြန်ရင် အသင့်ရှိကြောင်း AA ထုတ်ပြန်
ရက္ခိုင့်တပ်တော် (AA) ရဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့က စာမျက်နှာ နှစ်မျက်နှာပါ ထုတ်ပြန်ကြေငြာချက်မှာ ဖော်ပြထားတာပါ။ AA ကနေ အောက်တိုဘာလ ၁၄ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ကိုယ်စားလှယ်လောင်း ၃... Read More
မြန်မာ့ထောပတ်သီး ဗြိတိန်ဈေးကွက်ကို စမ်းသပ်တင်ပို့ရောင်းချ
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ထွက်ရှိတဲ့ ထောပတ်သီးတွေကို ဗြိတိန်ဈေးကွက်အတွင်း တင်ပို့ကာ စမ်းသပ်ရောင်းချနေပြီလို့ သိရပါတယ်။ အခုလိုတင်ပို့ရောင်းချနိုင်ဖို့ မြန်မာနိုင်ငံ သစ်သီးဝလံ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း (MFVP) ရဲ့ အစီအစဉ်နဲ့ ထောပတ်သီးတောင်သူ ၁၅ ဦးရဲ့ Amara... Read More