အင်းတော်အင်း ပတ်လမ်းဖောက်လုပ်ရာမှာ ဒေသခံအချို့ ခေတ္တထိန်းသိမ်းခံခဲ့ရ
တဖြည်းဖြည်း ကျဉ်းမြောင်းတိမ်ကောလာနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့အနီးရှိ မြန်မာနိုင်ငံရဲ့ တတိယအကြီးဆုံး သဘာဝကုန်းတွင်း ရေချို အင်းတော်အင်း မပျောက်ကွယ်ရေးအတွက် အင်းပတ်လမ်းကို သက်ဆိုင်ရာက ဖောက်လုပ်နေတာပါ။ ဒါပေမယ့် အင်းပတ်လမ်းမှာ မြေယာဆုံးရှုံးရမယ့် ဒေသခံတောင်သူတချို့နဲ့ ပြေလည်မှုမရရှိဘဲ လုပ်ကိုင်နေတဲ့အတွက် တားမြစ်တာတွေလည်း ရှိခဲ့ပါတယ်။ လမ်းဖောက်တာကို... Read More
ရိဒ်ရေကန် သန့်ရှင်းသာယာလှပရေး ကျပ်သိန်း ၅၀၀ အကုန်အကျခံ ဆောင်ရွက်မည်
အသည်းပုံရေကန်လို့ နာမည်ကြီးတဲ့ ချင်းပြည်နယ်၊ ရိဒ်ခေါ်ဒါရ်မြို့မှာရှိတဲ့ ရိဒ်ရေကန်ကို သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်နယ်စည်ပင်ရန်ပုံငွေကနေ ငွေကျပ်သိန်းပေါင်း ၅၀၀ အကုန်ကျခံကာ ဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေကျပ်သိန်း ၅၀၀ နဲ့ ရိရေကန်ဆိုင်းဘုတ် စိုက်ထူတာ၊ ရေကန်ပတ်လမ်းမှာ... Read More
အိန္ဒိယနယ်စပ်ဂိတ်ပိတ်ထားလို့ ဒေသထွက်မျောက်ငိုသီးဈေးကွက် အရောင်းအဝယ် ကျဆင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ အိန္ဒိယ-မြန်မာနယ်စပ်၊ တမူးမြို့မှာ မျောက်ငိုသီးစျေးကွက် တစ်တောင့်ကို ၁၅၀ ကျပ်နှုန်း လက်လီဈေးကွက်သာ အရောင်းအဝယ်ဖြစ်နေတယ်လို့ တမူးမြို့က မျောက်ငိုသီးရောင်းဝယ်ရေး လုပ်ကိုင်သူတွေရဲ့ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ကိုဗစ်ကြောင့် အိန္ဒိယ-မြန်မာနယ်စပ်တမူးမြို့ နယ်စပ်ဂိတ်တွေ ပိတ်ထားတဲ့အတွက် မျောက်ငိုသီးဈေးကွက် အရှုံးနှင့်ရင်ဆိုင်ကြုံတွေ့ခဲ့ရတာပါ။ “စျေးကွက်ကတော့ နယ်စပ်စျေးပိတ်ထားတဲ့အတွက်ကြောင့်... Read More
တီးတိန်တွင် သေဆုံး အမျိုးသားတစ်ဦးထံမှ ကိုဗစ်ပိုးတွေ့
ချင်းပြည်နယ်၊ တီးတိန်မြို့မှာ ဇန်နဝါရီလ ၄ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက သေဆုံးသူတစ်ဦးထံကနေ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ပြောပါတယ်။ သေဆုံးသူက တီးတိန်မြို့၊ မြို့မရပ်ကွက်နေထိုင်သူဖြစ်ပြီး နေအိမ်မှာ အသက်ရှုကြပ်ရာကနေ ဒီကနေ့ မနက် ၆နာရီက... Read More
ကိုဗစ်ကြောင့် ချင်းအမျိုးသားနေ့ ကျင်းပရန် မသေချာ
လာမယ့်၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ ကျရောက်မယ့် ၇၃ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ကိုဗစ်ကပ်ရောဂါကြောင့် ကျင်းပဖို့ မသေချာသေးဘူးလို့ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ၇၂ နှစ်မြောက် ချင်းအမျိုးသားနေ့ကို... Read More
ခန္တီးကနေ မန္တလေးသွားမယ့် လေယာဉ်စီးခရီးသည် ၂ ဦးထံက ကိုဗစ်ပိုးတွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ခန္တီးမြို့ကနေ မန္တလေးကို Air Than Lwin လေကြောင်းခရီးစဉ်နဲ့ ဇန်နဝါရီလ ၂ ရက်နေ့မှာ လိုက်ပါမယ့် ခရီးသည်တွေကို Test Kit နဲ့ ကိုဗစ်ပိုးရှိမရှိ စစ်ဆေးရာမှာ ခရီးသည် ၂ ဦးထံကနေ ကိုဗစ်ပိုး တွေ့ရှိခဲ့ပါတယ်။... Read More
ခန္တီးမြို့တွင် တပ်မတော် ထောက်ခံပွဲ ပြုလုပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်းဒေသ၊ ခန္တီးမြို့တွင် ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက်ပိုင်းက တပ်မတော် ထောက်ခံပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီထောက်ခံပွဲကို တပ်မတော်ချစ်တဲ့ ပြည်သူတွေအဖွဲ့ကနေ ဦးဆောင်ပြုလုပ်ခဲ့တာပါ။ “အခုက ကျွန်မတို့ထောက်ခံပွဲ ပြုလုပ်တာက တပ်မတော်က ပြည်သူတွေကို အကာကွယ်ပေးနေတယ်။ ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်... Read More
ကိုဗစ်ကူးစက်မှုတွေကြောင့် တီးတိန်မြို့နယ် တွီးထန်ကျေးရွာကို အဝင်အထွက် ကန့်သတ်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တွီးထန်ကျေးရွာအုပ်စု၊ တွီးထန်ကျေးရွာမှာ ဒေသတွင်းကူးစက်မှု တွေ့ရှိရတဲ့အတွက် ဒီဇင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းကစပြီး ရွာအဝင်အထွက် ကန့်သတ်လိုက်တာဖြစ်ပါတယ်။ တွီးထန်ကျေးရွာ အဝင်အထွက် ကန့်သတ်လိုက်တာကို ဒီဇင်ဘာ ၂၇ ရက်နေ့ကစပြီး ဇန်နဝါရီလ ၉ ရက်နေ့အထိ ချင်းပြည်နယ်... Read More
ကိုဗစ်ကန့်သတ်ချက်တွေကြောင့် ခန္တီးမြို့နယ်အတွင်း ခရီးသွားမှု အခက်အခဲတွေ ကြုံတွေ့နေရ
စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့ကို တခြားမြို့နယ်တွေကနေ လာရောက်သူတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ခရီးသွားပြည်သူတွေထံက သိရပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် သွားလာရာမှာ အခက်အခဲတွေ ဖြစ်နေတာပါ။ “အခုကျွန်တော်တို့က ခန္တီးမြို့နယ် နန်စီပွန်ဒေသကို ဒီဇင်ဘာလ ၂၅ ရက်နေ့က လာရောက်ခဲ့တာ။ ကျွန်တော်တို့လာတာက နန်းစီပွန်ကို... Read More