Home > သတင်း > စစ်ရေး (Page 3)

တီးတိန်မြို့နယ် ကနေဒီတောင် စခန်းကို စစ်တပ်က ပြန်သိမ်းပိုက်

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်က စစ်ရေးအရ အရေးပါတဲ့ ကနေဒီတောင်စခန်းကို မေ ၅ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေက လက်လွတ်ခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ သိုင်းငင်းနဲ့ တီးတိန်မြို့ကြားမှာ မေ ၂ ရက်နေ့ကစလို့ အင်အား ၂၀၀ ဝန်းကျင်ပါ စစ်တပ်စစ်ကြောင်းနဲ့...
Read More

ယင်းမာပင်နယ်မှာ စစ်တပ်က အင်အားထပ်တိုး ၊ အရပ်သားတွေ ထောင်နဲ့ချီထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မြောက်ခြမ်းဒေသမှာ မေလ ၅ ရက်နေ့ နံနက်ပိုင်းကစလို့ စစ်တပ်က အင်အားထပ်တိုးလာတာကြောင့် အရပ်သားတွေ ထောင်နဲ့ချီထွက်ပြေးနေရတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စစ်တပ် တပ်ဖွဲ့ဝင်တွေဟာ အင်အားအလုံးအရင်းနဲ့ ယင်းမာပင်မြို့နယ်ထဲကို ဝင်ရောက်လာတာလို့ သိရပါတယ်။ “ဒီကနေ့ မနက်ပိုင်းက...
Read More

ချင်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲတွေမှာ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၆ ဦး ကျဆုံး

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်နဲ့ တီးတိန်မြို့နယ်တွေမှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေပြီး တိုက်ပွဲတွေအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၆ ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်နဲ့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နဲ့ ဟားခါးမြို့လမ်းပိုင်းတိုက်ပွဲမှာ ချင်းအမျိုးသားတပ်မတော် CNA က...
Read More

ချင်းပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ချင်းနဲ့ထိစပ်နေတဲ့ ယောဒေသကို စစ်တပ်က ခဲယမ်းရိက္ခာတွေ ဆက်တိုက်ဖြည့်နေ

ချင်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး၊ ချင်းပြည်နယ်တောင်ပိုင်းနဲ့ နယ်မြေချင်းထိစပ်နေတဲ့ ယောဒေသကိုလည်း စစ်တပ်က လေကြောင်းကနေ ခဲယမ်းရိက္ခာတွေ ဆက်တိုက်ဖြည့်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ “ဒီနေ့ မနက် ၉နာရီမှာ ထီးလင်းမြို့ပေါ်ကို Y 8 နဲ့ ရိက္ခာထုပ်တွေလာချတယ်။ ပြီးတော့ လေးလပိုင်းထဲမှာလည်း တစ်ခါလာချသေးတယ်”...
Read More

ကလေးမြို့ကနေ ချင်းပြည်နယ်ကို ချောဆွဲခံရတဲ့ ကားတွေ ပြန်မလွတ်သေး၊ စစ်တပ်က ကားတွေထပ်ချောဆွဲဖို့ လုပ်ဆောင်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်ကို စစ်တပ်က ချောဆွဲသွားတဲ့ ကားနဲ့ကားသမားတွေ ပြန်လွတ်မလာသေးသလို ကလေးမြို့ပေါ်မှာ နောက်ထပ်ကားတွေကို ချောဆွဲဖို့လည်း စစ်တပ်က ကြိုးစားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့က ၊ အာဏာသိမ်းစစ်တပ်ဟာ ကလေးမြို့ပေါ်က ကားအစီး...
Read More

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ ကလေး ၆ ဦးနဲ့ လူငယ် ၁ ဦးရဲ့ ရုပ်အလောင်းတွေကို သင်္ဂြိုလ်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခေါပွီးချစ်ပ် (Khawpuichhip) ကျေးရွာမှာ မေ ၁ ရက်နေ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ကလေး ၆ ဦးနဲ့ လူငယ် ၁ ဦးရဲ့ ရုပ်အလောင်းတွေကို မေလ ၂ ရက်နေ့ မွန်းလွဲပိုင်းမှာ...
Read More

ဖလမ်းမြို့နယ် ခေါပွီးချစ်ပ်ရွာ ဘော်လီဘောကွင်းကို စစ်တပ်ကဗုံးကြဲ၊ ကလေး ၅ ဦးအပါအဝင် ၆ ဦးသေဆုံး၊ ၉ ဦးထိခိုက်ဒဏ်ရာရ

ချင်းပြည်၊ ဖလမ်းမြို့နယ်၊ ခေါပွီးချစ်ပ်ရွာ ဘော်လီဘောကွင်းကို မေလ ၁ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာ တစ်စီးနဲ့ ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချခဲ့တာကြောင့် ကလေးငယ် ၅ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၉ ဦး...
Read More

ခန္တီးမှာ ပြည်သူစစ်နဲ့ အုပ်ချုပ်ရေးမှူးပေါင်းပြီး ပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်နေ

စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးမြို့ပေါ်မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တွေနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့တွေပူးပေါင်းပြီး ဒေသခံပြည်သူတွေကို အဓမ္မပေါ်တာဆွဲဖမ်းဆီးကာငွေညှစ်တောင်းခံမှုတွေ ဖြစ်ပွားနေတယ်လို့ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူး သန်း၀င်းထွဋ်နဲ့ ပြည်သူ့စစ်ခေါင်းဆောင် ငွေတိုး တို့ဦးဆောင်ပြီး ခန္တီးမြို့ပေါ်ရပ်ကွက်အစုံမှာလူငယ်တွေကို ပစ်မှတ်ထားပြီး ပေါ်တာဆွဲငွေညှစ်နေတာဖြစ်တယ်လို့သိရပါတယ်။ “အဓီကတော့ လူဖမ်းပြီးရောင်စားတာမျိုးလုပ်နေတာဗျ၊သူတို့က နှစ်သီးစားပုံစံလုပ်တာ၊ဖမ်းခံရလို့ လိုက်ရွေးရင်လည်း...
Read More

တီးတိန်မြိုကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်တာမလုပ်ဖို့ စစ်တပ်နဲ့ပူးပေါင်းနေတဲ့ ZRA က KIA ကို မေတ္တာရပ်ခံ

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး မြို့သိမ်းတိုက်ပွဲဖော်ဆောင်တာမျိုး မပြုလုပ်ဖို့ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းနေတဲ့ ချင်းလက်နက်ကိုင်အဖွဲ့ ZRA က ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကို မေတ္တာရပ်ခံကြောင်း မေလ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ တီးတိန်မြို့နယ်အခြေစိုက် PDF –...
Read More
error: Content is protected !!