Home > သတင်း > စစ်ရေး (Page 2)

အာဏာသိမ်းစစ်တပ်က ချင်းနဲ့ယောမှာ ထိခိုက်ဒဏ်ရာရတဲ့စစ်သားတွေကို ဒုတိယအကြိမ်မြောက် လေယာဉ်နဲ့ခေါ်ဆောင်

မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ လေယာဉ်ကွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေယာဉ်ဆင်းသက်ခဲ့ပြီး ချင်းနဲ့ယောတိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရတဲ့ စစ်သားတွေကို တင်ဆောင်သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ယောဒေသ၊ ကျောက်ထုကို ဇွန် ၅ ရက်နေ့မှာ ယောဒေသ၊ ကျောက်ထုမြို့ လေယာဉ်ကွင်းကို အာဏာသိမ်းစစ်တပ်ရဲ့...
Read More

ဆောမြို့နယ်က ဒေသခံတွေရဲ့ ပစ္စည်းတွေနဲ့ ရိက္ခာတွေကို စစ်တပ်က အဓမ္မယူဆောင်

မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ကျေးရွာတွေကနေ အဖိုးတန်ပစ္စည်းတွေနှင့် ဆန်တင်းပေါင်းရာချီပါဝင်တဲ့ စားနပ်ရိက္ခာတွေကို အတင်းအဓမ္မယူဆောင်ခဲ့တယ်လို့ ဒေသခံတွေဆီက ယူဆောင်ခဲ့တယ်လို့ သိရပါတယ်။ “ရွာတွေကိုဝင် အိမ်တွေကို မွေနှောက်၊ လိုချင်တဲ့ပစ္စည်းတွေကို ယူတာ။ ကားတွေနဲ့ပတ်ပြီး တိုက်ယူတာ” လို့ ယောဒေသခံ အမျိုးသားတစ်ဦးက...
Read More

ချင်းပြည်သူ့တပ်မတော် CPA က ချင်းတောင်ပိုင်းကို ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို အစွမ်းကုန်ကာကွယ်သွားမယ် လို့ ထုတ်ပြန်

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်နဲ့ ကန်ပက်လက်ကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ချင်းတောင်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး မင်းတပ်နဲ့ ကန်ပက်လက်ကို ထိန်းချုပ်ထားတဲ့ ချင်းပြည်သူ့တပ်မတော်အနေနဲ့ မိမိတို့ရဲ့ ဘိုးဘွားပိုင် တောတောင်ရေမြေနှင့် ပြည်သူတို့ရဲ့ အသက်အိုးအိမ်ကို အစွမ်းကုန်ကာ ကာကွယ်သွားမှာ ဖြစ်တယ်လို့ ဇွန် ၄ ရက်နေ့မှာ...
Read More

ချင်းတောင်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေ၊ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်၊ ရိက္ခာဖြည့်တင်းမှုတွေပြုလုပ်၊ ဒေသခံ ၁၇၀၀၀ ဝန်းကျင် စစ်ဘေးရှောင်နေရ

ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြိုနယ်မှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ မေ ၃၀ ရက်နေ့ကစ တိုက်ပွဲဖြစ်ပွားနေပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ ချင်းတောင်ပိုင်းနဲ့ နယ်မြေချင်းထိစပ်နေတဲ့ ယောဒေသ၊ ကျောက်ထုမြို့ကနေ မင်းတပ်မြို့နယ်ထဲကို မေ ၂၉ ရက်နေ့က အာဏာသိမ်းစစ်တပ်က...
Read More

စစ်တပ်ရဲ့ လေယာဥ်နဲ့ ဗုံးကြဲမှုကြောင့် PDF – Zoland က ဆေးတပ်သားနဲ့ ထောက်ပို့ ရဲမေ ၅ ဦး၊ ရဲဘော် ၄ ဦးကျဆုံးခဲ့ရ

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်၊ ဖူနွမ်းကျေးရွာကို မေ ၆ ရက်နေ့မှာ အာဏာသိိမ်းစစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တီးတိန်ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ PDF – Zoland က ဆေးတပ်သားနဲ့ ရဲမေ ၅ ဦးအပါဝင် ရဲဘော် ၉ ဦးကျဆုံးခဲ့ရတယ်လို့...
Read More

စစ်တပ်က ဖလမ်းမြို့ အုပ်ချုပ်ယန္တယား လည်ပတ်ရေး ဘက်စုံက ဖိအားပေး ကြိုးပမ်းနေ

ချင်းပြည်နယ်၊ ဖလမ်းမြို့ အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင် ဖို့အတွက် အာဏာသိမ်းစစ်တပ်ဟာ ကလေးမြို့က အရပ်သားကားတွေကို ချောဆွဲပြီး Non – CDM ဝန်ထမ်းတွေကိုလည်း ပို့ဆောင်ခဲ့သလို ဖလမ်းမြို့ကို နောက်ထပ်လူတွေပို့ဆောင်ဖို့ ကားတွေကို ထပ်ချောဆွဲထားတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “စစ်ရှောင်တွေ...
Read More

စစ်တပ်က ယောနဲ့ ချင်းနယ်စပ်ကို လေကြောင်းဆက်တိုက်ပစ်ခတ်ပြီး မြေပြင်စစ်ကြောင်းလည်း ဦးတည်လာနေ

မကွေးတိုင်း၊ ယောဒေသ၊ ကျောက်ထုနဲ့ ချင်းပြည်၊ မင်းတပ်နယ်စပ်ကို လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး ကျောက်ထုဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၅၀၀ ပါစစ်ကြောင်းဟာလည်း ပေါက်မြို့ကနေ ကျောက်ထုဘက်ကို ထွက်လာပြီဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ကျောက်ထုမြို့အနီး ယောနဲ့ ချင်း ဆက်သွယ်ရေးလမ်းကြောင်းပေါ်က ကံကြီးကျေးရွာလမ်းဆုံကို...
Read More

ကနီမြို့နယ် ဝင်မနားတိုက်နယ်ဆေးရုံဟောင်း လေကြောင်းတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ကနီမြို့နယ် ဝင်မနားတိုက်နယ်ဆေးရုံဟောင်းကို မေလ ၇ ရက်နေ့မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာ‌ ရှိပေမယ့် အခြေအနေ အ‌သေးစိတ်ကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။ “ကြားတာကတော့ အရပ်သားနှစ်ယောက်ဆုံးတယ်ကြားတယ်။ ထိခိုက်တာတွေလည်းရှိတယ်ကြားတယ်။ အတိအကျတော့...
Read More

တီးတိန်မြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက် ခိုက်မှုကြောင့် PDF-Zoland ရဲမေ ၄ ဦး၊ ရဲဘော် ၃ ဦး ကျဆုံး

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်၊ ဖူနွမ်းကျေးရွာကို မေ ၆ ရက်နေ့က အာဏာသိိမ်းစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် တီးတိန်ဒေသခံ ချင်းတော်လှန်ရေးတပ်ဖွဲ့ PDF – Zoland က ရဲမေ ၄ ဦးနဲ့ ရဲဘော် ၃ ဦးကျဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ...
Read More
error: Content is protected !!