ကလေးတမူးလမ်းပေါ်မှာ ပိတ်မိနေတဲ့ ပြည်သူတွေရှိနေပြီး စစ်တပ်ရဲ့သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုတွေရှိနေ
စစ်ကိုင်းတိုင်း၊ ကလေးတမူးလမ်းပေါ်က ကျေးရွာအချို့က ပြည်သူတွေ စစ်တပ်စစ်ကြောင်းကြား ပိတ်မိနေပြီး သတ်ဖြတ်ခံရမှု၊ အဓမ္မပြုကျင့်ခံရမှုတွေလည်းရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “စစ်ကြောင်းလာတာကို မရှောင်လို့ ဖြစ်ရတာတွေပါ။ စစ်တပ်က ဖမ်းထားတဲ့သူတွေရှိတယ်။ ဖမ်းထားတဲ့ထဲက ခမ်းပတ်က အမျိုးသားတစ်ယောက် အသတ်ခံရတယ်။ ဘာကြောင့်လဲဆိုတာတော့ မသိဘူး။ အခြေအနေတွေရှုပ်ထွေးနေတော့... Read More
ယောဒေသ၊ ဆောမြို့နယ်ကို စစ်တပ်က ဗုံးကြဲ၊ ကလေး ၁ ဦး အပါအဝင် အရပ်သား ၄ ဦးသေဆုံးပြီး ၉ ဦးထိခိုက်ဒဏ်ရာရ
းတိုက်ခိုက်မှုကြောင့် အသက်ကိုးနှစ်အရွယ် ကလေးအပါအဝင် အရပ်သား ၄ ဦးသေဆုံးပြီး ၉ ဦးထိခိုက်ဒဏ်ရာရရှိကာ ဒဏ်ရာရသူတွေထဲက ၄ ဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ ကနဦးသိရပါတယ်။ ဒဏ်ရာရရှိတဲ့သူတွေကို ဆေးကုသမှုပြုလုပ်ပေးနိုင်ကြောင်းသာ ကနဦးသိရှိရပြီး သေဆုံးထိခိုက်သူတွေရဲ့ အခြေအနေကို မျက်မှောက်ခေတ်က မေးမြန်းနေဆဲဖြစ်ပါတယ်။ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်... Read More
စစ်တပ်က ဗုံးကြဲလို့ ချင်းတောင်ပိုင်းက စစ်ရှောင် ကလေး ၁ ဦး၊ အမျိုးသမီး ၃ နှင့် အမျိုးသား ၃ ဦး သေဆုံး
ချင်းပြည်တောင်ပိုင်းမှာ အာဏာသိမ်း စစ်တပ်ရဲ့ လေကြာင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်နေကြရတဲ့ ကလေး ၁ ဦး၊ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၃ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။ ချင်းတောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊... Read More
တီးတိန်၊ သိုင်းငင်းက စစ်တပ်အဖွဲ့ဝင် ၄ ဦး CDF CDM Siyin ထံအလင်းဝင်
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာမှာ အထိုင်ချထားတဲ့ အာဏာသိမ်းစစ်တပ်က တပ်ဖွဲ့ဝင် ၄ ဦး ဒေသခံချင်းတော်လှန်ရေးတပ်ဖွဲ့ CDF CDM Siyin ထံအလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။ သိုင်းငင်းရွာမှာ အထိုင်ချထားတဲ့ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း ၁၀၁ က... Read More
စစ်တပ်က မုံရွာနယ်အတွင်းကို အသေခံဒရုန်းတွေအသုံးပြုပြီး ပိုမိုတိုက်ခိုက်လာ
စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်တပ်က အသေခံဒရုန်းတွေအသုံးပြုပြီး တိုက်ခိုက်တာတွေကို အရှိန်မြှင့် ပြုလုပ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဇွန်လ ၁၅ရက်နေ့က မုံရွာမြို့နယ် သက္ကယ်ကျင်းကျေးရွာ၊ စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ကြတဲ့ ဘုန်းတော်ကြီးကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် သံဃာတော်၂ ပါးနဲ့... Read More
အာဏာသိမ်းစစ်တပ်က မင်းတပ်မြို့ကို လေကြာင်းကနေ ဗုံးကြဲဖျက်ဆီး
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့ကို အာအဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးမှုတွေ ပြုလုပ်နေတာ ဖြစ်တယ်လို့ ချင်းပြည်နယ်လေကြောင်း စောင့်ကကြည့် သူတစ်ဦးက မျက်မှောက်ခေတ်ကို ပြောပါတယ်။ “ချင်းပြည်နယ်ကို ဗုံးကြဲတိုက်တာမှာ ဖလမ်းမြို့တုန်းကလည်း မြို့ပေါ်ကို မင်းတပ်လောက်ကြီးမကြဲဘူးဗျ။ မင်းတပ်ကိုက မြို့ပေါ်ကို ဗုံးတွေကြဲချပြီး မြို့ကို ဖျက်ဆီးနေတယ်ဆိုတာ... Read More
အိန္ဒိယ – မြန်မာ ကုန်သွယ်ရေးလမ်းမကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ ၊ ကျေးရွာတွေ စစ်ဘေးရှောင်နေကြရ
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် နဲ့ တမူးမြို့နယ်ထဲက အိန္ဒိယ – မြန်မာ ကုန်သွယ်ရေးလမ်းမ ဖြစ်တဲ့ကလေး – တမူး လမ်းမ ပေါ်မှာ အာဏာသိမ်း စစ်တပ်က အကြမ်းဖက် နိုင်နင်းရေး ခေါင်းစဉ်နဲ့ စစ်ကြောင်းထိုးပြီး မီးရှို့ ဖက်ဆီးမှုတွေလည်းပြုလုပ်ခဲ့တာကြောင့် ကလေးမြို့နယ်... Read More
မင်းအောင်လှိုင် အိန္ဒိယက ပြန်လာပြီးနောက် မြန်မာ – အိန္ဒိယ ဆက်သွယ်ရေးလမ်းမ ကလေး – တမူးလမ်းကို စစ်ကြောင်းထိုးနေ၊ ဒေသခံတွေ စစ်ဘေးရှောင်နေရ
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း ကလေး – တမူးလမ်းအတိုင်း အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာတာကြောင့် ကလေးမြောက်ပိုင်းက ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရတယ်လို့ ကလေး ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ မေ ၂၆ ရက်နေ့က အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် အိနိ္ဒယကို... Read More
ကနီနဲ့ယင်းမာပင်နယ်က ရွာအချို့ကို စစ်တပ်က မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း ကနီမြို့နယ်နဲ့ယင်းမာပင်မြို့နယ်က ရွာအချို့ကို စစ်တပ်က ဇွန်လ ၇ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ် ။ “တိုက်ပွဲဲဖြစ်တာမရှိဘူး ။တမင်တကာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာ ။ အိမ်ခြေဘယ်လောက်လောက် မီးလောင်သွားတာလည်းတော့ မသိရသေးဘူး” လို့ ဒေသခံတွေက ပြောပါတယ်... Read More









