Home > သတင်း > ကျန်းမာရေး (Page 9)

ပင်လည်ဘူးမြို့တွင် Quarantine ဝင်ရောက်နေသူ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့၊ မိုးကောင်းရပ်ကွက်မှာ ဒီကနေ့ နိုဝင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက Quarantine ဝင်ရောက်နေသူ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့မှု ဖြစ်ပေါ်ခဲ့ပါတယ်။ သေဆုံးသူအမျိုးသားအပါအဝင် မိသားစုဝင် ၃ ယောက်က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ စံခါးကျေးရွာ ဌက်ပျောတောမှာ အလုပ်လုပ်ပြီး...
Read More

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သောက်သုံးရေတွေမှာ ဝမ်းရောဂါဖြစ်တတ်တဲ့ Ecoli ပိုးရှိမရှိစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အများပြည်သူ သောက်သုံးနေတဲ့ သောက်သုံးရေးတွေမှာ Ecoli ပိုးရှိမရှိစစ်ဆေးမှုကို စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်ပေါင်း ၃၇ မြို့နယ်ထဲက ကျေးရွာပေါင်း ၅၉၆၈ ကျေးရွာကို စစ်ဆေးမှာဖြစ်တယ်လို့ တိုင်းကျေးလက်ဦးစီးဌာနက သိရပါတယ်။ ပထမဆုံးအနေနဲ့ ကနီ၊ ကျွန်းလှမြို့နယ်တွေမှာ ၈ လပိုင်းက Ecoli...
Read More

တမူးမြို့ရှိ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်များ နိုဝင်ဘာလအကုန်အထိ ဆက်လက်ပိတ်ထား

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့မှာ ကိုဗစ်ကူးစက်မှုတိုးပွားလာတဲ့ အခြေအနေအရ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်တွေကို နိုဝင်ဘာလအကုန်အထိ ဆက်လက်ပိတ်ထားတယ်လို့ တမူးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းဦးက ပြောပါတယ်။ တမူးမြို့ရှိ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်တွေကို မြန်မာနိုင်ငံအစိုးရဘက်ကနေ ဧပြီ ၁၄ ရက်နေ့က စတင်ကာ အောက်တိုဘာလအကုန်အထိ ပိတ်ထားခဲ့ပြီးနောက် အခုတခါ နိုဝင်ဘာလအကုန်အထိ...
Read More

ပြည်ထောင်စု ပို့/ဆက်ဝန်ကြီးရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ် ရွာအထဲအဝင်မခံလို့ ဘောလုံးကွင်းမှာပဲ ဟောပြောခဲ့ရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကြိုးကြာကန်ကျေးရွာကို ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်အမာကြည်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်သီတာဝင်းတို့ အပါအဝင် NLD ပါတီဝင်တွေက မဲဆွယ်စည်းရုံးရေးသွားရာမှာ ရွာထိပ်အရောက်မှာ ဆယ်အိမ်မှုးက ဝါးလုံးနဲ့တားကာ အဝင်မခံတာဖြစ်ခဲ့ပါတယ်။ ဒီအတွက် ဝန်ကြီးနဲ့အဖွဲ့က မဲဆွယ်စည်းရုံးရေးဟောပြောမှုကို ရွာအပြင်...
Read More

တမူးမြို့တွင် ပိုးတွေ့လူနာများလာလို့ နေရာတချို့ကို Stay At Home သတ်မှတ်

အိန္ဒိယ-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့မှာ ကိုဗစ် ၁၉ ရောဂါ ပိုးတွေ့ရှိတဲ့ မြို့မ (၁၂/က) ရပ်ကွက်နှင့် မြို့မ (၁၃) ရပ်ကွက်ကို အောက်တိုဘာလ ၂၅ ရက်နေ့ကစပြီး Stay At Home သတ်မှတ်လိုက်ကြောင်း တမူးခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး...
Read More

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့တွင် အနံ့မရလို့ စစ်ဆေးရာက ကိုဗစ်ရောဂါကူးစက်ခံရသူနှစ်ဦး ရောဂါပိုးတွေ့

စစ်ကိုင်းတိုင်းဒေသကြီး အိန္ဒိယ-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့မှာ အောက်တိုဘာလ ၂၅ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်က အနံ့မရသူနှစ်ဦး ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ တမူးခရိုင် ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ အဲဒီပိုးတွေ့လူနာနှစ်ဦးက အနံ့မရလို့ တမူးမြို့ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့ပြီး Test Kit နဲ့စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။...
Read More

ကာဘိုးဖြစ်စဉ်တွင် ရိုက်နှက်ခံခဲ့ရသူ အမျိုးသားတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြိုနယ်၊ ကာဘိုးစံပြကျေးရွာမှာ အောက်တိုဘာလ ၂၂ ရက်နေ့က  ပြည်ခိုင်ဖြိုးပါတီဝန်းရံသူတွေနဲ့ NLD ပါတီဝန်းရံတဲ့သူတွေ ရုန်းရင်းဆံခတ်ဖြစ်ပွားခဲ့ပြီး ရိုက်နှက်ခံရသူအမျိုးသားတစ်ဦး အောက်တိုဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက မန္တလေးမှာ ဆေးကုသမှုခံယူရင်း သေဆုံးသွားပြီလို့ ကန့်ဘလူခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်က ပြောပါတယ်။...
Read More

မီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင် ကွယ်လွန်

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်သည် ယနေ့ မွန်းလွဲ ၃ နာရီကျော်တွင် ရန်ကုန်ရှိ တပ်မတော်စစ်ဆေးရုံတွင် ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောဆိုသည်။ ဦးအုန်းကြိုင်သည် ကိုဗစ်ရောဂါကူးစက်ခံရသဖြင့် စစ်ဆေးရုံတွင် တက်ရောက်ကုသမှုခံယူခဲ့ကြောင်း၊ ယင်းနောက် ကိုဗစ်ရောဂါ Negative နှစ်ခါပြပြီးနောက် ဝမ်းဗိုက်ခွဲစိတ်ကုသမှု တစ်ခု...
Read More

ချင်းပြည်နယ်တွင် အသက် ၆၀ အထက် ကြိုတင်မဲပေးခွင့်ရှိသူ လေးသောင်းကျော်ရှိ

လာမယ့်ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်းမှာရှိတဲ့ အသက် ၆၀ နှစ်အထက် ကြိုတင်မဲပေးခွင့်ရှိသူ လေးသောင်းကျော်ရှိတယ်လို့ ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက သိရပါတယ်။ အသက် ၆၀ နှစ်အထက် ကြိုတင်မဲပေးတာတွေကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ လာမယ့်အောက်တိုဘာ ၂၉ ရက်နေ့ကနေ နိုဝင်ဘာလ...
Read More
error: Content is protected !!