ရေဦးမြို့နယ်က ကိုဗစ်အတည်ပြုလူနာ ၉ ဦးရဲ့ ကျန်းမာရေးကောင်းမွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်အတွင်းမှာ အောက်တိုဘာလ (၅) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် မှန်ဘီလူးစက်ရုံကပြန်လာတဲ့ ဖလံခုံကျေးရွာက အမျိုးသမီး (၉) ယောက်မှာ အောက်တိုဘာ ၉ ရက်နေ့က ကိုဗစ်ရောဂါပိုး စတင်တွေ့ရှိခဲ့တာပါ။လက်ရှိရောဂါပိုးတွေ့ရှိသူတွေကို ရေဦးမြို့ကုတင်(၁၀၀) ဆေးရုံကြီး သံဃာဆောင်မှာ စောင့်ကြည့်ကုသပေးနေပြီး ကျန်းမာ... Read More
စစ်ကိုင်းမြို့မှာ NLD ပါတီဝန်းရံသူတွေက အင်အားပြ လှည့်လည်စဉ် မိသားစုတစ်စုက လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြ
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့မှာ NLD ပါတီဝန်းရံသူတွေက အင်အားပြ မဲဆွယ်စည်းရုံးရေးယာဉ်တန်းနဲ့ မြို့တွင်း လှည့်လည်နေစဉ်မှာ ဆွမ်းချက်ရက်ကွက်အရောက်မှာ မိသားစုတစ်စုက ယာဉ်တန်းကို ဆန့်ကျင် ဆန္ဒပြမှု အောက်တိုဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက ဖြစ်ပေါ်ခဲ့ပါတယ်။ ဆန္ဒထုတ်ဖော်ရာမှာ “သားတို့ ကိုဗစ်ကိုကြောက်လို့ မဲဆွယ်တာတွေ... Read More
စစ်ကိုင်းတိုင်းတွင် ၂၄ နာရီအတွင်း ကိုဗစ်အတည်ပြုလူနာ ၄၀ ဦး စံချိန်တင် တွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီးမှာ အောက်တိုဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက ကိုဗစ်အတည်ပြုလူနာ ၂၂ ဦး စံချိန်တင် ထပ်တိုးတွေ့ရှိခဲ့တယ်လို့ တိုင်းအစိုးရအဖွဲ့ ကိုဗစ်အရေးပေါ်တုန့်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့ ညပိုင်းကလည်း ၁၈ ဦးတွေ့ရှိခဲ့ပြီး ၂၄ နာရီအတွင်း ကိုဗစ်အတည်ပြုလူနာ... Read More
မင်းကင်းနှင့် ကနီမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၁၈ ဦးထပ်တိုး၊ တစ်နိုင်ငံလုံးမှာလည်း စံချိန်တင်တွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီးတွင် အောက်တိုဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ ကိုဗစ်အတည်ပြုလူနာ ၁၈ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီရဲ့ ကနဦးထုတ်ပြန်ချက်အရ သိရပါတယ်။ ပိုးတွေ့လူနာ ၁၈ ဦးမှာ မင်းကင်းမြို့နယ်မှ ၁၆... Read More
ကိုဗစ်ကာလ မြန်မာ-အိန္ဒိယ နယ်စပ်ကနေ တရားမဝင်ဖြတ်သန်းသွားလာနေသူတွေကို တည်ဆဲဥပဒေနဲ့ အရေးယူမယ်လို့ တိုင်းအစိုးရ ထုတ်ပြန်
စစ်ကိုင်းတိုင်းဒေသကြီး၊ အိန္ဒိယ-မြန်မာနယ်စပ်ကို ဖြတ်သန်းပြီး တရားမဝင် ဝင်ထွက်သွားလာနေတာကို တားမြစ်ပိတ်ပင်ထားပြီး ဖောက်ဖျက်သူကို တည်ဆဲဉပဒေနဲ့အညီ အရေးယူမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ အောက်တိုဘာလ ၉ ရက်နေ့က အမိန့်ထုတ်ပြန်ထားပါတယ်။ အမိန့်ထုတ်ပြန်ချက်ထဲမှာ စစ်ကိုင်းတိုင်းဒေသကြီး လေရှီး၊ လဟယ်၊ နန်းယွန်းနှင့် တမူးမြို့နယ်တွေက အိန္ဒိယနိုင်ငံအတွင်းကို ဝင်ထွက်သွားလာတာ၊... Read More
စစ်ကိုင်းတိုင်းဒေသကြီးတွင် ကိုဗစ်အတည်ပြုလူနာ ၂၂ ဦးထပ်တိုး၊ တစ်နိုင်ငံလုံးတွေ့ရှိမှု စံချိန်တင်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာလ ၉ ရက်နေ့ ည ၈ နာရီအချိန် ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးမှာ စစ်ဆေးမှု ၁၅၃၀၁ ခုထဲက ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၁၄၆၁ ဦး၊ ပြန်လည်သက်သာလာသူ ၃၇၂ ဦးနှင့် သေဆုံးသူ ၃၁ ဦးရှိတယ်လို့... Read More
ကုန်စည်စီးဆင်းမှု နှောင့်နှေးနေတဲ့အတွက် ဆန်နှင့် စားသုံးဆီဈေးကွက် အရောင်း၀ယ် အေးနေ
COVID-19 ရောဂါခြေနေကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှာ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပြီးမှ ဖြတ်သန်းသွားလာခွင့် ပြုထားတဲ့အတွက် ကုန်စည်စီးဆင်းမှုနှောင့်နှေးနေပြီး ဆန်၊ စပါးနဲ့ စားသုံးဆီဈေးကွက်မှာ အရောင်းအ၀ယ်နည်းပါးနေပြီး ဈေးနှုန်းအတက်အကျ အေးနေတယ်လို့ မုံရွာမြို့က ဆန်၊ စပါးနဲ့ စားသုံးဆီကုန်သည်တွေက ပြောပါတယ်။... Read More
စစ်ကိုင်းတိုင်းဒေသကြီးတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ပစ္စည်းပို့တဲ့ တွဲကားသမား ၄ ဦးအပါအဝင် ကိုဗစ်အတည်ပြုလူနာ ၇ ဦးထပ်တိုး
စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုဗစ်အတည့်ပြုလူနာအသစ် ၇ ဦး ထပ်မံတွေ့ရှိရတယ်လို့ စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီရဲ့ ကနဦးထုတ်ပြန်ချက်အရ သိရပါတယ်။ မုံရွာမြိုနယ်က ရောဂါပိုးလူနာ ၅ ဦးထဲက မွန်ပြည်နယ်ကနေပြန်လာတဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသား... Read More
မင်းကင်းမြို့နယ်တွင် ပထမဆုံး ကိုဗစ်အတည်ပြုလူနာတစ်ဦး တွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်မှာ ပထမဆုံးသော ကိုဗစ်အတည်ပြုလူနာ အမျိုးသမီးတစ်ဦး တွေ့ရှိရတယ်လို့ စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီရဲ့ ကနဦး ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီပိုးတွေ့ရှိလူနာအမျိုးသမီးက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် Asia မှန်ဘီလူးစက်ရုံကနေ ပြန်လာသူဖြစ်ပြီး မင်းကင်းမြို့... Read More