Home > သတင်း > ကျန်းမာရေး (Page 8)

ယင်းမာပင်မြို့နယ်တွင် လ/ထ ပညာရေးမှူးအပါအဝင် အနံ့မရသူ ၂ ဦးထံမှ ကိုဗစ်ပိုးတွေ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်မှာ အနံ့မရသူ ၂ ဦးထံကနေ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ခဲ့တယ်လို့ ယင်းမာပင်မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးငြိမ်းထက်က ပြောပါတယ်။ အဲဒီပိုးတွေ့လူနာ ၂ ယောက်က နိုဝင်ဘာလ ၂၂ ရက်နေ့က အနံ့ပျောက်နေသဖြင့်...
Read More

ကြေးနီစီမံကိန်းက အလုပ်သမားတွေ မုံရွာမြို့ရှိ ဟိုတယ်တွေမှာ အုပ်စုလိုက် ကွာရင်တင်းဝင်ရောက်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်အတွင်းက ကြေးနီစီမံကိန်းတွေမှာ အလုပ်လုပ်နေတဲ့ ဒေသခံအလုပ်သမား ၄၀ ကျော်က နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ကွာရင်တင်းဝင်ရောက်ရန်အတွက် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်ရှိ စိန်နန်းတော် ဟိုတယ်ကို ရောက်ရှိလာပါတယ်။ “တရုတ်နိုင်ငံသားတွေမဟုတ်ပါဘူးခင်ဗျ။ မြန်မာနိုင်ငံက လိုကယ်တွေပါခင်ဗျ။ ဒေသခံအလုပ်သမားတွေပါ။ ဆားလင်းကြီး၊...
Read More

MMK News – မုံရွာရစကက ရေယာဉ်လုပ်သား (၁၈၉၁) ဦးကို ရိက္ခာထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်ရေး‌ကော်မတီ (ရစက)က ရေယာဉ်တွေကို အမှီပြုလုပ်ကိုင်နေတဲ့ ရေယာဉ်လုပ်သား (၁၈၉၁) ဦးကို နိုဝင်ဘာလ ၁၇ ရက်နေ့က ဆန်၊ ဆီ၊ ပဲ ထောက်ပံ့ပေးခဲ့ပါတယ်။ အခုလို ထောက်ပံ့တာက ပထမဆုံးအကြိမ်ဖြစ်ပြီး...
Read More

ပြည်သူ့ပါတီနှင့် NLD ပါတီတို့ပူးပေါင်းကာ အမှိုက်ကောက်ကမ်ပိန်းပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ချောင်းဦး-ပခုက္ကူကားလမ်း၊ နွယ်ခွေကျေးရွာအနီးမှာ နိုဝင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းက ပြည်သူ့ပါတီနှင့် NLD ပါတီ၊ Save Monywa အဖွဲ့နှင့် ချောင်းဦးမြို့ခံ အရပ်ဖက်အဖွဲ့တွေ၊ ဒေသခံတွေပူးပေါင်းကာ အမှိုက်ကောက်ကမ်ပိန်းတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ “အဓိကကတော့ ဒီလမ်းက ပုဂံကိုသွားတဲ့လမ်းဖြစ်တယ်။...
Read More

ခန္တီးနှင့် မင်းကင်းတွင် နိုဝင်ဘာ ၈ ရက်နေ့အတွက် မဲရုံကြိုတင်ပြင်ဆင်နေမှုမြင်ကွင်း (ဓာတ်ပုံ)

စစ်ကိုင်းတိုင်းအတွင်းက ခန္တီးမြို့နယ်၊ မင်းကင်းမြို့နယ်တွေအပြင် တနိုင်ငံလုံးက ရွေးကောက်ပွဲကျင်းပမယ့်နေရာတွေမှာ နိုဝင်ဘာလ ၈ ရက်နေ့မှာ အဆင်သင့်ဖြစ်နိုင်ရေးအတွက် မဲရုံတွေကို ကြိုတင်ပြင်နေကြပြီဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်ရောဂါကြောင့် အရင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့မတူဘဲ တမူထူးခြားစွာ ကျန်းမာရေးအကာအကွယ်အတွက် ပြင်ဆင်ထားရှိမှုတွေကိုလည်း မြင်တွေ့ရပါတယ်။

စစ်ကိုင်းတိုင်း၀န်ကြီးချုပ် ကိုဗစ်စည်းကမ်းဖောက်လို့ဆိုပြီး ပြည်ခိုင်ဖြိုးပါတီက တိုင်ကြား

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးစည်းကမ်းချက် တွေကို ဆန့်ကျင်ပြီး မဲဆွယ်စည်းရုံးရေးပြုလုပ်ခဲ့လို့ဆိုပြီး ရွှေဘိုခရိုင်ပြည်ခိုင်ဖြိုးပါတီ (USDP) ဥက္ကဌက နို၀င်ဘာ (၃) ရက်နေ့က ရွှေဘိုခရိုင်စီမံခန့်ခွဲမှုကော်မတီကို တိုင်ကြားထားတယ်လို့ သိရပါတယ်။ လက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဒေါက်တာမြင့်နိုင်က လာမယ့်ရွေးကောက်ပွဲမှာ...
Read More

ဒေသတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် ပျားတောင်သူများ ပျားရည် သိုလှောင်စရာ အခက်အခဲဖြစ်နေ

မြန်မာနိုင်ငံမှာ ပျားလုပ်ငန်းအများဆုံးလုပ်ကိုင်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကနီ၊ ဘုတလင်၊ ဒီပဲယင်းမြို့နယ်တွေမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ဒေသတွင်း သွားလာကန့်သတ်တာတွေရှိနေပြီး ပျားရည် ဝယ်ယူတဲ့ ကုမ္ပဏီတွေက ပျားရည် ဝယ်ယူမှု မရှိတာကြောင့် ထွက်ရှိနေတဲ့ ပျားရည်တွေ သိုလှောင်စရာပင်မရှိတော့တဲ့ အခက်အခဲကြုံနေရတယ်လို့ ပျားမွေးတောင်သူတွေက ပြောပါတယ်။...
Read More

စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အချို့မှာ နွားကိုယ်ရေးပြားရောဂါတမျိုးဖြစ်နေပြီး သေဆုံးတာတွေဖြစ်ပေါ်နေ

စစ်ကိုင်းဒေသကြီးအတွင်းက မြို့နယ်အချို့မှာ ကျွဲနွားတွေမှာ ဖြစ်တတ်တဲ့ ကိုယ်ရေးပြားရောဂါပိုးတစ်မျိုး ကျရောက်နေပြီး သေဆုံးတာတွေ ဖြစ်ပေါ်နေပါတယ်။ ဒီရောဂါက ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ကာ ရောဂါအတိအကျကိုတော့ ဓာတ်ခွဲခန်းပို့ထားဆဲဖြစ်လို့ အတိအကျမသိရသေးဘူးလို့ တိုင်းတိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သိရပါတယ်။ ရောဂါကြောင့် ကျွဲနွားသေဆုံးမှုတွေ ရှိပေမယ့် လူကို ကူးစက်နိုင်ခြင်းမရှိဘူးလို့လည်း...
Read More

ကျွန်းလှမြို့တွင် ပထမဆုံး ကိုဗစ်လူနာတွေ့ရှိ၊ ကလေးမြို့တွင် ပိုးတွေ့လူနာ ၁၅ ဦးထပ်တိုး

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့မှာ ကိုဗစ်အတည်ပြုလူနာ ပထမဆုံးတွေ့ရှိရတယ်လို့ ကျွန်းလှမြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ ပိုးတွေ့လူနာနှစ်ယောက်ဖြစ်ပြီး အမျိုးသမီးတွေဖြစ်ကာ တစ်ယောက်က ရန်ကုန် မှန်ဘီလူးစက်ရုံက ပြန်လာသူဖြစ်ပြီး နောက်တစ်ယောက်ကတော့ မန္တလေးက စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ပြီး ပြန်လာသူဖြစ်ကာ အားလုံးကို ကျွန်းလှမြို့ ရွှေကျွန်းသာခန်းမမှာ ကွာရင်တင်းထားရှိသူတွေဖြစ်တယ်လို့ သိရပါတယ်။...
Read More
error: Content is protected !!