Home > သတင်း > ကျန်းမာရေး (Page 2)

မုံရွာမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ များပြားလာသဖြင့် နေအိမ် တစ်ချို့ အသွားအလာကန့်သတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ပိုးတွေ့လူနာ များပြားတဲ့အတွက် ပိုးတွေ့နေအိမ်တစ်ချို့ကို ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းကစတင်ကာ အသွားအလာ ကန့်သတ်လိုက်တယ်လို့ မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ မုံရွာမြို့တွင် ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ တစ်ရက်ထဲမှာ ညနေပိုင်းအထိ...
Read More

ဈေးသည်တစ်ဦးပိုးတွေ့လို့ ကောလင်းမြို့မဈေးကို ယာယီပိတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့မစျေးကို ကိုဗစ်ရောဂါကြောင့် ဒီကနေ ဇန်နဝါရီလ ၂၄ ရက်နေ့ကစပြီး မြို့နယ်စည်ပင်ကနေ ယာယီပိတ်လိုက်ပြီဖြစ်ပါတယ်။ ဈေးပိတ်မယ့်အကြောင်းကိုလည်း ပြီးခဲ့တဲ့ ရက်ကတည်းက ကောလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့က အမှုဆောင်အရာရှိဦးဝဏ္ဏအောင်လက်မှတ်နဲ့ ကြေငြာချက် ထုတ်ပြန်ထားပါတယ်။ ကောလင်းမြို့မစျေးကို ဇန်နဝါရီလ ၂၄ ရက်နေ့ကစပြီး...
Read More

စစ်ကိုင်းတိုင်း သတ္တုတွင်းဦးစီးဌာနအတွင်း ဝန်ထမ်းတစ်ဦး ကိုဗစ်ပိုးတွေ့လို့ ရုံးကိုဧည့်သည်လာခွင့် ယာယီပိတ်ထား

စစ်ကိုင်းတိုင်းသတ္တုတွင်းဦးစီးဌာနရုံးမှာ ဇန်နဝါရီလ ၂၃ ရက်နေ့က ဝန်ထမ်းအမျိုးသားတစ်ဦးဆီမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် ရုံးလုပ်ငန်းတွေနဲ့ပတ်သတ်ပြီး ပြင်ပဧည့်သည် လာရောက်တွေ့တာတွေကို ‌ယာယီပိတ်ထားပါတယ်။ ပိုးတွေ့ရုံးဝန်ထမ်းဟာ ကသာမြို့နှင့် ကောလင်းမြို့ကိုသွားရောက်ခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်နေ့မှာ ရုံးကို ပြန်ရောက်လာပြီးနောက် ကျန်းမာရေးမကောင်းတဲ့အတွက် သီးခြားနေထိုင်ရာက ဆေးရုံသွားရောက် စစ်ဆေးရာမှာတော့...
Read More

အခုဘဏ္ဍာနှစ် ၃ လတာကာလအတွင်း စစ်ကိုင်းတိုင်းမှာ တရားမဝင်သစ်တန်ပေါင်း ၂၄၀၀ ကျော် ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းအတွင်း လက်ရှိဘဏ္ဍာနှစ် ၂၀၂၀-၂၁ ခုနှစ်၊ ၃ လတာကာလအတွင်း တရားမဝင်သစ်ဖမ်းဆီးရမိမှုအနေနဲ့ သစ်တန်ပေါင်း ၂၄၀၀ ကျော် ရှိခဲ့တယ်လို့ သစ်တောဦးစီးဌာန စာရင်းတွေအရ သိရပါတယ်။ တရားမဝင်သစ်တွေကို သစ်တောဌာနရဲ့ စီမံမှုခရိုင် ၉ ခုရှိတဲ့အထဲက ကလေးခရိုင်က အများဆုံးနဲ့ သစ်တန်ပေါင်း...
Read More

ဟုမ္မလင်းမြို့ ပြည်သူ့ဆေးရုံမှ ထွက်ပြေးသွားသော ကိုဗစ်ပိုးတွေ့အချုပ်သား ပြန်လည်ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း ထွက်ပြေးသွားတဲ့ ကိုဗစ်ပိုးတွေ့အချုပ်သားကို ဇန်နဝါရီလ ၂၀ ရက်နေ့ ဒီကနေ့ နေ့လည် ၁ နာရီခွဲအချိန်က ဟူနောင်ရွာမှာ ပြန်လည်ဖမ်းမိခဲ့ပါတယ်။ အဲဒီပိုးတွေ့အချုပ်သားက ဟုမ္မလင်းမြို့ပြည်သူ့ဆေးရုံမှ ဆေးကုသမှုခံယူနေရင်း ၈ ရက်မြောက်နေ့မှာ ဇန်နဝါရီလ...
Read More

တစ်လင်တစ်မယားနဲ့ အမှုရင်ဆိုင်နေရတဲ့ Covid ပိုးတွေ့အချုပ်သား ဆေးရုံက ထွက်ပြေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုပေးနေတဲ့ ကိုဗစ်ပိုးတွေ့ အချုပ်သားတစ်ဦး ဇန်နဝါရီလ ၁၈ ရက်နေ့ ဒီကနေ့ မနက် ၃ နာရီအချိန်က ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ အဲဒီထွက်ပြေးသွားတဲ့ ပိုးတွေ့အချုပ်သားက တစ်လင်တစ်မယားနဲ့ အမှုဖွင့်ဖမ်းဆီးခံထားရကာ အမှုရင်ဆိုင်နေရသူဖြစ်ပါတယ်။ “သူက ပိုးတွေ့တာ...
Read More

ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ရာမှာ အိမ်ထောင်စုဇယားလိုအပ်လို့ မြို့နယ်လဝကရုံးကို လာရောက်ပြုလုပ်နေသူတွေ များပြားနေ

ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို မကြာခင်ကာလအတွင်း တစ်နိုင်ငံလုံးမှာ အသစ်ပြန်လည် ရွေးချယ်တော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မုံရွာအပါအဝင် တချို့မြို့နယ်တွေမှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးရွေးချယ်ရာမှာ အဓိကလိုအပ်နေတဲ့ ကြီးကြပ်ရေးအဖွဲ့ ရပ်မိရပ်ဖ ၅ ဦးကို ကြိုတင်ရွေးချယ်တာတွေလည်း ပြုလုပ်နေပြီဖြစ်ပါတယ်။ အဲဒီလိုရွေးချယ်ရာမှာ လိုအပ်တဲ့ အိမ်ထောင်စုဇယားတွေကို အခုရက်ပိုင်းအတွင်း...
Read More

ရိဒ်ခေါဒါရ်တိုက်နယ်ဆေးရုံမှ တာဝန်ခံ ဆရာဝန်အပါအဝင် ၃ ဦးမှာ ကိုဗစ်ပိုးတွေ့လို့ ဆေးရုံတက်လူနာ ခေတ္တဆိုင်းငံ့

ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ် တိုက်နယ်ဆေးရုံက တာဝန်ခံ ဆရာဝန်တစ်ဦးအပါအဝင် ၃ ဦးထံကနေ ဇန်နဝါရီလ ၁၅ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် ဆေးရုံကို ခဏရပ်နားထားမှာဖြစ်ကာ ဆေးရုံတက်လူနာတွေကို ခေတ္တ ဆိုင်းငံ့ထားပါတယ်။ “ပထမဆုံးအမျိုးသားတစ်ယောက်က အမှတ် ၂ ရက်ကွက်နေတယ်။...
Read More

နာဂရိုးရာနှစ်သစ်ကူးပွဲတော် ကိုဗစ်ကြောင့် အကျဉ်းချုံးကျင်းပ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို ကိုဗစ်ကပ်ရောဂါကြောင့် အကျဉ်းချုံးပြီးတော့သာ ကျင်းပခဲ့ပါတယ်။ နှစ်စဉ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပေမယ့် ဒိနှစ်မှာတော့ ကျန်းမာရေးအနေအထားအရ မကျင်းပနိုင်တာလည်း ဖြစ်ပါတယ်။ “ခါတိုင်းနှစ်တွေက နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို စုပေါင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပတယ်။...
Read More
error: Content is protected !!