By

MHA Nowadays

ထီးချိုင့်မြို့နယ် NLD ပါတီ မဲဆွယ်ဗွီနိုင်း ဖျက်ဆီးသူတွေကို ဖမ်းဆီးအမှုဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်မှာ စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ – NLD ရဲ့ ပါတီကိုယ်စားလှယ်လောင်းတွေပုံပါ မဲဆွယ်ဗွီနိုင်းကို လာရောက်ဖျက်ဆီးခဲ့သူ လူငယ်နှစ်ဦးကို ဖမ်းဆီးကာ ပါတီတာဝန်ရှိသူတွေက သက်ဆိုင်ရာ ရဲစခန်းမှာ သွားရောက်အမှုဖွင့်လိုက်ပါတယ်။...
Read More

ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာမှာ သောက်သုံးရေရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကနေ ရေကြောရှာဖွေစမ်းသပ် တိုင်းထွာတာ ပြုလုပ်နေပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာမှာ သောက်သုံးရေရရှိရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကနေ မြေအောက်ရေကြော ကွင်းဆင်းတိုင်းထွာတာတွေကို ပြုလုပ်နေတာပါ။သုံးပန်လှကျေးရွာမှာ သောက်သုံးရေအတွက် ရေတွင်းတူးပေမယ့် ရေချိုမထွက်တာကြောင့် မြစ်ရေ ကိုသာ သောက်သုံးနေကြရတာလဲဖြစ်ပါတယ်။ ဒါကြောင့် သောက်သုံးရေရရှိရေးအတွက် ရေကြောစမ်းသပ်တိုင်းထွာတာကို ကွင်းဆင်း ဆောင်ရွက်နေတာဖြစ်တယ်လို့ ချောင်းဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန...
Read More

ကိုဗစ်ကြောင့် သနပ်ခါးစျေးကွက်ကျဆင်းပြီး သနပ်ခါးစိုက်ဧကလျော့ကျ

စစ်ကိုင်းတိုင်းဒေသကြီးမှာ သနပ်ခါးစျေးကွက် ကျဆင်းနေတာကြောင့် အခုနှစ်အတွင်း သနပ်ခါးစိုက်ဧက အရင်နှစ်ထက် လျော့ကျလာတယ်လို့ မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုး ထုတ်လုပ် ရောင်းချသူများအသင်း ဥက္ကဌ ဦးကျော်မိုးက ပြောပါတယ်။ သနပ်ခါးစျေးကွက်က ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်ကြည့်ရင် ဒီနှစ် သနပ်ခါးစျေးကွက်မှာ ၃၀...
Read More

မုံရွာအခြေစိုက်ပြေးဆွဲနေတဲ့ ခရီးသည်တင်လိုင်းကားတွေ ရပ်နားဖို့ ညွှန်ကြားချက်မရှိသေး

ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတဲ့အတွက် ရောဂါပိုးတွေ့ရှိရတဲ့ ဒေသက ခရီးသည်တင် လိုင်းကားတွေကို ပြေးဆွဲခွင့် ရပ်နားထားတာတွေ ရှိနေပါတယ်။ ဒါ့ပေမယ့် မုံရွာမြို့ကနေ အခြေစိုက်ပြေးဆွဲနေတဲ့ ခရီးသည်တင်လိုင်းကားတွေကို ရပ်နားထားဖို့ ညွှန်ကြားထားတာ မရှိသေးဘူးလို့ ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ (မစက) တာဝန်ရှိသူက ပြောပါတယ်။ “နေပြည်တော်အထွက်ကားတော့...
Read More

အစိုးရနှင့် လွှတ်တော်က တစ်ပါတီထဲကဖြစ်တာကြောင့် ပွတ်တိုက်မှုမရှိအောင် နေကာ ပူးပေါင်းအဖြေရှာတဲ့နည်းနဲ့ သွားနေတယ်လို့ စစ်ကိုင်းတိုင်းလွှတ်တော်ဉက္ကဌ ပြောကြား

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရဲ့ သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းက လွှတ်တော် Banquets ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ လွှတ်တော်ရဲ့ လုပ်ငန်းစဉ်တွေထဲက အစိုးရကို ထိန်းကျောင်းခြင်းနဲ့ ပတ်သက်ပြီး ၅ နှစ်တာကာလအတွင်း အစိုးရကို စွပ်စွဲပြစ်တင်တာတွေ လုပ်ဆောင်မှု မရှိခဲ့တဲ့အပေါ် သတင်းထောက်တစ်ဉီးက...
Read More

ပါတီက မရွေးချယ်ပေမယ့် ပြည်သူတောင်းဆိုမှုကြောင့် တစ်သီးပုဂ္ဂလအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်ရတာလို့ စစ်ကိုင်းတိုင်း တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အချို့ပြောကြား

လာမယ့် ရွေးကောက်ပွဲအတွက် NLD ပါတီက လက်ရှိ လွှတ်တော်ကိုယ်စားလှယ် တစ်ချို့ကို ပြန်လည်မရွေးချယ်ခဲ့ပါဘူး။ ပါတီက မရွေးခဲ့ပေမယ့် ဒေသခံ မဲဆန္ဒရှင် ပြည်သူတွေက တောင်းဆိုလို့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ပြန်၀င်ရောက် အရွေးခံရတာဖြစ်တယ်လို့ လက်ရှိတိုင်းလွှတ်တော်က တစ်သီးပုဂ္ဂလ ပြိုင်ကြမယ့် ကိုယ်စားလှယ်တစ်ချို့က...
Read More

လက်ပံတောင်းတောင် ဒေသတွင် ထန်းပင်မြစ်ပျိုးဖို့ ထန်းသီးတွေကို ဝယ်ယူစုဆောင်းကာ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက နာမည်ကျော် ရုက္ခစိုးထန်းပင်မြစ်ထွက်ရှိရာ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသက ဝက်မှေးရွာဟောင်းမှာ ထန်းပင်မြစ်ပျိုးထောင်ဖို့ ထန်းသီးတွေကို ဝယ်ယူစုဆောင်းကာ ပြင်ဆင်တာတွေ ပြုလုပ်နေပါတယ်။ ပြီးခဲ့တဲ့ နှစ်က မိုးနည်းခဲ့လို့ ထန်းသီးအထွက်နှုန်း နည်းခဲ့တဲ့အတွက် တခြားသော ထန်းပိုင်ရှင်တွေထံကနေ တစ်ပင်ကို ၅၀၀ ကျပ်နဲ့ ဝယ်ယူစုဆောင်းပြင်ဆင်နေရတယ်လို့...
Read More

ရေဦးမြို့နယ်တွင် ကောက်စိုက်သမတွေ တင်ဆောင်လာတဲ့ ထော်လာဂျီတိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦးသေဆုံး၊ အများအပြားဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ဂွေးကုန်းကျေးရွာအနီးတွင် ကောက်စိုက်သမ အမျိုးသမီး ၃၀ ဦးကို တင်ဆောင်လာတဲ့ ထော်လာဂျီက အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောကို ရောက်ရှိတိမ်းမှောက်ခဲ့လို့ ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိမှု ဩဂုတ်လ ၂၂ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။...
Read More

စစ်ကိုင်းတိုင်းဒေသကြီး သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးအပါအဝင် ၅ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဉပဒေနဲ့ အမှုဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်နိုင်အပါအဝင် ဝန်ထမ်း ၅ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဉပဒေနဲ့ အမှုဖွင့်အရေးယူလိုက်တယ်လို့ အဂတိတိုက်ဖျက်ရေးကော်မရှင်က ဩဂုတ်လ ၂၂ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ သတ္တုတွင်းဦးစီးဌာနမှ ဝန်ထမ်းတွေက လုပ်ပိုင်ခွင့်အာဏာကို စွဲကိုင်ကာ...
Read More

မင်းကွန်းခြ‌ေင်္သ့ကြီးအနီးမြေလိုင်းကျင်းတူးရာမှ နှစ်ပေါင်း ၂၀၀ကျော်အကြာမြေမြုပ်နေသော ခြ‌ေင်္သ့ရုပ်တုအစွယ်နှစ်ချောင်းအားပြန်လည်တွေ့ရှိ

စစ်ကိုင်းမြို့နယ်၊မင်းကွန်း ယဉ်ကျေးမှုဒေသရှိ၊ မင်းကွန်းခြ‌ေင်္သ့ ကြီးအနီး သြဂုတ်လ ၁၉ရက်နေ့က မြေလိုင်းကျင်းတူးရာမှ နှစ်ပေါင်း ၂၀၀ကျော်ကြာ မြေမြုပ်ပျောက်ကွယ်နေသည့် မင်းကွန်းသမိုင်းဝင် ခြင်္သေ့ရုပ်ထုကြီးများ၏အစွယ် နှစ်ချောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။”ခရီးသွားအဝင်အထွက် အသွားအလာ လုံးဝမရှိတော့ ကိုဗစ်ကာလမှာ ဈေးဆိုင်အားလုံးပိတ်ထားကြရတယ်။ကိုဗစ် အလွန် နိုင်ငံခြားသားဧည့်သည်တွေဝင်လာရင်...
Read More
error: Content is protected !!