Home > သတင်း > တောင်သူလယ်သမား/အလုပ်သမားရေးရာ > စစ်ကိုင်းတိုင်းမှာ ကိုဗစ်ကုစားရေးအတွက် ကျပ်သန်ပေါင်း (၂၇၀၀) ကျော်အသုံးပြုပြီး မိုးစပါးမျိုးစေ့ထုတ်ဧက(၁၈၀၀၀)ကျော်စိုက်ပျိုး

စစ်ကိုင်းတိုင်းမှာ ကိုဗစ်ကုစားရေးအတွက် ကျပ်သန်ပေါင်း (၂၇၀၀) ကျော်အသုံးပြုပြီး မိုးစပါးမျိုးစေ့ထုတ်ဧက(၁၈၀၀၀)ကျော်စိုက်ပျိုး

စစ်ကိုင်းတိုင်းမှာ ကိုဗစ်ကပ်ရောဂါ ကုစားရေးအစီစဉ်နဲ့ကျပ်သန်ပေါင်း (၂၇၀၀) ကျော်အသုံးပြုပြီး မိုးစပါး မျိုးစေ့ထုတ်ဧက (၁၈၀၀၀) ကျော် စိုက်ပျိုးထားတယ်လို့ တိုင်းစိုက်ပျိုးရေးဦးစီးဌာနရုံးက သိရပါတယ်။ တိုင်းအတွင်းက မြို့နယ်အားလုံးမှာ အရည်အသွေးကောင်း မျိုးစပါး (၃) မျိုးနဲ့ အထွက်ကောင်းမျိုးစပါး(၆)မျိုး စိုက်ပျိုးထားတာ ဖြစ်ပါတယ်။ စပါးမျိုးသန့် စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေကို မျိုးစေ့ဖိုး၊ စိုက်ပျိုးစရိတ်နဲ့ မျိုးကွဲပယ်စရိတ်အဖြစ် တစ်ဧက ကျပ် (၁) သိန်းခွဲနီးပါး ထောက်ပံ့ပေးသလို သက်ဆိုင်ရာမြို့နယ် စိုက်ပျိုးရေး၀န်ထမ်းတွေကလည်း အနီးကပ် ကွင်းဆင်းစစ်ဆေးတာတွေ ပြုလုပ်ပေးနေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းမျိုးစေ့ခွဲတာ၀န်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မင်းမင်းသန်း က ပြောပါတယ်။

“Covid Economic Relief Plan (CERP) အစီစဉ်နဲ့ ထောက်ပံ့ပေးတာပါ။ COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်းမှာ နိုင်ငံတော်ကနေ အခုလို မိုးစပါး မျိုးကောင်းမျိုးသန့်တွေ စိုက်ပျိုးထုတ်လုပ်ဖို့ ထောက်ပံ့ပေးတဲ့အတွက် လယ်ယာလုပ်သားတွေရဲ့ အလုပ်ကိုင်အခွင့်လမ်း ရသလို တောင်သူတွေအတွက်လည်း မျိုးကောင်း မျိုးသန့်တွေကို ပိုမိုအသုံးပြု

စိုက်ပျိုးလာနိုင်မှာဖြစ်တဲ့အတွက် ၀င်ငွေတိုးတက် လာစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။”လို့ တိုင်းမျိုးစေ့ခွဲတာ၀န်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မင်းမင်းသန်းက ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ မိုးစပါးစိုက်ဧက နှစ်စဉ် ၁၈ သိန်းဝန်းကျင်ရှိပါတယ်။ ဒါပေမယ့် မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်တဲ့ဧကကတော့ ၆ ထောင်ကျော်သာရှိတဲ့အတွက် တောင်သူတွေမှာ မျိုးကောင်းမျိုးသန့်ရရှိမှုလည်း နည်းပါးခဲ့သလို ရာသီဉတုကြောင့် မစိုက်ပျိုးနိုင်တဲ့ လယ်ဧကတွေလည်း များစွာရှိနေပါတယ်။ အခုလို မျိုးစပါးအတွက် မျိုးကောင်းမျိုးသန့်တွေကို သီးသန့်စိုက်ပျိုးထုတ်လုပ်ပေးလာတဲ့အတွက် တောင်သူတွေရဲ့ စပါးအထွက်နှုန်း၊ အရည်အသွေး၊ ဝင်ငွေ စတာတွေလည်း တိုးတက်ကောင်းမွန်လာစေမှာဖြစ်ပါတယ်။

လက်ရှိ စိုက်ပျိုးထားတဲ့ တိုင်းအတွင်းက မိုးစပါးမျိုးသန့် စိုက်ခင်းတွေကို အပင်ပွားချိန်၊ ပန်းပွင့်ချိန်နှင့် ရင့်မှည့်ချိန်တွေမှာ စစ်ဆေးပြီး အစေ့ထွက်လာချိန်မှာလည်း အရည်းအသွေးစစ်ဆေးခန်းကို ပို့ဆောင် စစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းကိုက်ညီပါက စိုက်ပျိုးတောင်သူကိုယ်တိုင် နှစ်သက်သလို ရောင်းချခွင့်ပြုသွားမှာဖြစ်တယ်လို့လည်း စိုက်ပျိုးရေးဌာနက သိရပါတယ်။

error: Content is protected !!