Home > Uncategorized > ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာမှာ သောက်သုံးရေရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကနေ ရေကြောရှာဖွေစမ်းသပ် တိုင်းထွာတာ ပြုလုပ်နေပါတယ်။

ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာမှာ သောက်သုံးရေရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကနေ ရေကြောရှာဖွေစမ်းသပ် တိုင်းထွာတာ ပြုလုပ်နေပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာမှာ သောက်သုံးရေရရှိရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကနေ မြေအောက်ရေကြော ကွင်းဆင်းတိုင်းထွာတာတွေကို ပြုလုပ်နေတာပါ။
သုံးပန်လှကျေးရွာမှာ သောက်သုံးရေအတွက် ရေတွင်းတူးပေမယ့် ရေချိုမထွက်တာကြောင့် မြစ်ရေ ကိုသာ သောက်သုံးနေကြရတာလဲဖြစ်ပါတယ်။ ဒါကြောင့် သောက်သုံးရေရရှိရေးအတွက် ရေကြောစမ်းသပ်တိုင်းထွာတာကို ကွင်းဆင်း ဆောင်ရွက်နေတာဖြစ်တယ်လို့ ချောင်းဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

ဒီစီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ လျာထားတင်ပြထားတာဖြစ်ပြီး ရန်ပုံငွေကျပ် (၁၇.၂၉) သန်းကျော် သုံးစွဲသွားမှာလဲဖြစ်ပါတယ်။ စီမံကိန်းမှာ ရေစင်၊ ရေစက်တွေတည်ဆောက်တာ၊ အိမ်အရောက် ရေပိုက်သွယ်တန်းတဲ့ လုပ်ငန်းစဉ်တွေလည်း ပါရှိပါတယ်။
ဒီသောက်သုံးရေရရှိရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ရင် သုံးပန်လှကျေးရွာမှာရှိတဲ့ အိမ်ခြေ ၇၀၀ ကျော်အတွက် သောက်သုံးရေအခက်အခဲတွေ အဆင်ပြေသွားမှာဖြစ်တယ်လို့လဲ ေဒသခံတွေကဆိုပါတယ်။

ချောင်းဦးမြို့နယ်အတွင်းမှာ ကျေးရွာပေါင်း (၈၉) ရွာရှိနေပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ သောက်သုံးရေရရှိရေးလုပ်ငန်းတွေကို (၂၀၁၃-၁၄) ဘဏ္ဍာနှစ်ကတည်းက စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ သောက်သုံးရေရရှိရေးလုပ်ငန်း (၉၀) ရာခိုင်နှုန်းအထိ အောင်မြင် အောင် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

error: Content is protected !!