ဝက်လက်မြို့နယ်တွင် ပေါ့ဆမီးကြောင့် စိတ်ဝေဒနာရှင်တစ်ဦး မီးလောင်သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဘုရားပြန်ကျေးရွာအုပ်စု၊ ပြွန်ဦးကျေးရွာတွင် စက်တင်ဘာလ ၁၉ ရက်နေ့ နေ့လည်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်တစ်လုံးဆုံးရှုံးကာ စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦး သေဆုံးမှု ဖြစ်ပေါ်ခဲ့ပါတယ်။ မီးလောင်မှုက ဆေးလိပ်မီးပွားကျရာကနေ မီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပြီး နေအိမ်မှာရှိနေတဲ့ အသက် (၈၀)နှစ်အရွယ် စိတ်ဝေဒနာရှင်... Read More
မုံရွာမှာ ပြည်တွင်းစစ်ဆန့်ကျင်စာရွက်ကပ်ခဲ့တဲ့ ဗကသကျောင်းသားလေးဉီးအနက် တစ်ဉီးကို ဖမ်းဆီးထားပြီး သုံးဉီးကို ဖမ်းဝရမ်းထုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ တပ်မတော်နှင့် ပြည်တွင်းစစ်ကို ဆန့်ကျင်စာရွက်တွေ လိုက်လံကပ်ခဲ့တဲ့ မုံရွာခရိုင် ဗကသကျောင်းသားတစ်ဉီးကို သက်ဆိုင်ရာရဲတပ်ဖွဲ့က စက်တင်ဘာလ ၁၇ ရက်နေ့မှာ နေအိမ်ကိုသွားရောက် ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရသူက မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသ) အထွေထွေအတွင်းရေးမှူး ကိုလင်းသူရကို ဖြစ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု... Read More
စစ်ကိုင်းတိုင်းမှာ ကိုဗစ်ကုစားရေးအတွက် ကျပ်သန်ပေါင်း (၂၇၀၀) ကျော်အသုံးပြုပြီး မိုးစပါးမျိုးစေ့ထုတ်ဧက(၁၈၀၀၀)ကျော်စိုက်ပျိုး
စစ်ကိုင်းတိုင်းမှာ ကိုဗစ်ကပ်ရောဂါ ကုစားရေးအစီစဉ်နဲ့ကျပ်သန်ပေါင်း (၂၇၀၀) ကျော်အသုံးပြုပြီး မိုးစပါး မျိုးစေ့ထုတ်ဧက (၁၈၀၀၀) ကျော် စိုက်ပျိုးထားတယ်လို့ တိုင်းစိုက်ပျိုးရေးဦးစီးဌာနရုံးက သိရပါတယ်။ တိုင်းအတွင်းက မြို့နယ်အားလုံးမှာ အရည်အသွေးကောင်း မျိုးစပါး (၃) မျိုးနဲ့ အထွက်ကောင်းမျိုးစပါး(၆)မျိုး စိုက်ပျိုးထားတာ ဖြစ်ပါတယ်။ စပါးမျိုးသန့်... Read More
ကသာြမို့တွင် ပါဆယ်စနစ်ဖြင့် ရောင်းချရန် မြို့နယ်အုပ်ချုပ်ရေးမှုး ညွှန်ကြားချက် ထုတ်ပြန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် စားသောက်ဆိုင်တွေ၊ အရက်ဆိုင်တွေအပါအ၀င် တခြားဆိုင်တွေကို ဆိုင်ထိုင်ခွင့်မပေးတော့ဘဲ ပါဆယ်စနစ်နဲ့သာ ရောင်းချကြဖို့ ကသာမြို့နယ်အုပ်ချုပ်ရေးမှုးက စက်တင်ဘာလ ၁၄ ရက်နေ့ ရက်စွဲနဲ့ ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ ကုန်စည်တင်ဆောင်တဲ့ မော်တော်ယာဥ်တွေကို မောင်းနှင်ကြတဲ့ ယာဥ်မောင်းတွေနဲ့... Read More
ကောလင်းမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာတစ်ဦးတွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် စက်တင်ဘာလ ၁၃ ရက်နေ့က ရန်ကုန်က ပြန်လာသူတစ်ဦးထံကနေ ကိုဗစ်ကပ်ရောဂါပိုးတွေ့ရှိခဲ့ရတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။ ရောဂါပိုး တွေ့ရှိသူကိုတော့ ကောလင်းမြို့၊ ပြည်သူ့ဆေးရုံက Isolation Room ကိုပြောင်းရွှေ့ကာ သီးခြားစောင့်ကြည့် ကုသပေးနေတယ်လို့ သိရပါတယ်။... Read More
ထီးချိုင့်မြို့နယ် NLD ပါတီ မဲဆွယ်ဗွီနိုင်း ဖျက်ဆီးသူတွေကို ဖမ်းဆီးအမှုဖွင့်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်မှာ စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ – NLD ရဲ့ ပါတီကိုယ်စားလှယ်လောင်းတွေပုံပါ မဲဆွယ်ဗွီနိုင်းကို လာရောက်ဖျက်ဆီးခဲ့သူ လူငယ်နှစ်ဦးကို ဖမ်းဆီးကာ ပါတီတာဝန်ရှိသူတွေက သက်ဆိုင်ရာ ရဲစခန်းမှာ သွားရောက်အမှုဖွင့်လိုက်ပါတယ်။... Read More
ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာမှာ သောက်သုံးရေရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကနေ ရေကြောရှာဖွေစမ်းသပ် တိုင်းထွာတာ ပြုလုပ်နေပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာမှာ သောက်သုံးရေရရှိရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကနေ မြေအောက်ရေကြော ကွင်းဆင်းတိုင်းထွာတာတွေကို ပြုလုပ်နေတာပါ။သုံးပန်လှကျေးရွာမှာ သောက်သုံးရေအတွက် ရေတွင်းတူးပေမယ့် ရေချိုမထွက်တာကြောင့် မြစ်ရေ ကိုသာ သောက်သုံးနေကြရတာလဲဖြစ်ပါတယ်။ ဒါကြောင့် သောက်သုံးရေရရှိရေးအတွက် ရေကြောစမ်းသပ်တိုင်းထွာတာကို ကွင်းဆင်း ဆောင်ရွက်နေတာဖြစ်တယ်လို့ ချောင်းဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန... Read More
ကိုဗစ်ကြောင့် သနပ်ခါးစျေးကွက်ကျဆင်းပြီး သနပ်ခါးစိုက်ဧကလျော့ကျ
စစ်ကိုင်းတိုင်းဒေသကြီးမှာ သနပ်ခါးစျေးကွက် ကျဆင်းနေတာကြောင့် အခုနှစ်အတွင်း သနပ်ခါးစိုက်ဧက အရင်နှစ်ထက် လျော့ကျလာတယ်လို့ မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုး ထုတ်လုပ် ရောင်းချသူများအသင်း ဥက္ကဌ ဦးကျော်မိုးက ပြောပါတယ်။ သနပ်ခါးစျေးကွက်က ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်ကြည့်ရင် ဒီနှစ် သနပ်ခါးစျေးကွက်မှာ ၃၀... Read More
မုံရွာအခြေစိုက်ပြေးဆွဲနေတဲ့ ခရီးသည်တင်လိုင်းကားတွေ ရပ်နားဖို့ ညွှန်ကြားချက်မရှိသေး
ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတဲ့အတွက် ရောဂါပိုးတွေ့ရှိရတဲ့ ဒေသက ခရီးသည်တင် လိုင်းကားတွေကို ပြေးဆွဲခွင့် ရပ်နားထားတာတွေ ရှိနေပါတယ်။ ဒါ့ပေမယ့် မုံရွာမြို့ကနေ အခြေစိုက်ပြေးဆွဲနေတဲ့ ခရီးသည်တင်လိုင်းကားတွေကို ရပ်နားထားဖို့ ညွှန်ကြားထားတာ မရှိသေးဘူးလို့ ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ (မစက) တာဝန်ရှိသူက ပြောပါတယ်။ “နေပြည်တော်အထွက်ကားတော့... Read More
အစိုးရနှင့် လွှတ်တော်က တစ်ပါတီထဲကဖြစ်တာကြောင့် ပွတ်တိုက်မှုမရှိအောင် နေကာ ပူးပေါင်းအဖြေရှာတဲ့နည်းနဲ့ သွားနေတယ်လို့ စစ်ကိုင်းတိုင်းလွှတ်တော်ဉက္ကဌ ပြောကြား
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရဲ့ သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းက လွှတ်တော် Banquets ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ လွှတ်တော်ရဲ့ လုပ်ငန်းစဉ်တွေထဲက အစိုးရကို ထိန်းကျောင်းခြင်းနဲ့ ပတ်သက်ပြီး ၅ နှစ်တာကာလအတွင်း အစိုးရကို စွပ်စွဲပြစ်တင်တာတွေ လုပ်ဆောင်မှု မရှိခဲ့တဲ့အပေါ် သတင်းထောက်တစ်ဉီးက... Read More