ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ရာမှာ အိမ်ထောင်စုဇယားလိုအပ်လို့ မြို့နယ်လဝကရုံးကို လာရောက်ပြုလုပ်နေသူတွေ များပြားနေ
ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို မကြာခင်ကာလအတွင်း တစ်နိုင်ငံလုံးမှာ အသစ်ပြန်လည် ရွေးချယ်တော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မုံရွာအပါအဝင် တချို့မြို့နယ်တွေမှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးရွေးချယ်ရာမှာ အဓိကလိုအပ်နေတဲ့ ကြီးကြပ်ရေးအဖွဲ့ ရပ်မိရပ်ဖ ၅ ဦးကို ကြိုတင်ရွေးချယ်တာတွေလည်း ပြုလုပ်နေပြီဖြစ်ပါတယ်။ အဲဒီလိုရွေးချယ်ရာမှာ လိုအပ်တဲ့ အိမ်ထောင်စုဇယားတွေကို အခုရက်ပိုင်းအတွင်း... Read More
မြိုင်မြို့နယ်တွင် လျှပ်စစ်မီးသွယ်တန်းရာလမ်းကြောင်း ပြောင်းလဲပေးရေး ရွာသားတချို့ဆန္ဒပြ
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ မုံညင်းကျေးရွာ လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းရာမှာ မူလသတ်မှတ်ထားတဲ့ ဖွံ့ဖြိုးရေး လမ်းမကြီးအတိုင်းမဟုတ်ပဲ တောလမ်းကနေ ပြောင်းလဲသွယ်တန်းမှုကို ရွာသားတချို့က ဇန်နဝါရီလ ၁၄ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ မုံညင်းကျေးရွာ ဓာတ်အားလိုင်းသွယ်တန်းတာနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေက လိမ်လည်ပြောဆိုထားမှုတွေရှိနေပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို နိုင်ငံတော်အဆင့်က လာရောက်ဖြေရှင်းပေးမှသာ... Read More
မိခင်မေတ္တာနှင့် ထောက်ပံ့ကြေး အိမ်မက်
“လေစာတွေနဲ့ အစပ်ကလွဲရင် ကျန်တာအကုန်စားပါ။ ကလေးအတွက် အရဟာပြည့်ဖို့ထက် ဘာမှအရေးမကြီးဘူး” ရင်ရင်(အမည်လွဲ)က ပထမဆုံး ကိုယ်၀န်ဆောင်ဖို့ ဆရာ၀န်သွားပြချိန်မှာ ဆရာ၀န်ရဲ့ ပြောစကားကို နားထဲ ပဲ့တင်ထပ်လို့ နေပါတော့တယ်။ မိခင်တစ်ယောက်ရဲ့ သားသမီးအပေါ်ချစ်ခြင်းက ဆရာ၀န်ထက်ပိုပါတယ်လို့ စိတ်ထဲရေရွတ်မိလိုက်ပါတယ်။ ကိုယ့်အသွေးအသားကို အကောင်းဆုံးဆိုတာကြီးပဲ ဖြစ်စေချင်ကြတာ... Read More
မံစီမြို့နယ်တွင် ဒေသပေါက်ဈေး ကျပ်သိန်း ၇၇၀ တန်ဖိုးရှိ မူယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ကချင်ပြည်နယ်၊ မံစီမြို့နယ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၁) ဗန်းမော်မှ ရဲအုပ်ခါးလီဦးဆောင်ကာ သက်သေတွေနဲ့အတူ ပူးပေါင်းအဖွဲ့ဝင်တွေက ဒေသပေါက်ဈေး ကျပ်သိန်း ၇၇၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ဇန်နဝါရီလ ၁၂ ရက်နေ့က ဟန်ထက်ကျေးရွာနှင့် မန်ရကျေးရွာသွား ကားလမ်းပေါ်တွင် ဆိုင်ကယ်စီးနင်းလာသူနှစ်ဦးထံကနေ ဖမ်းဆီးရမိခဲ့တယ်လို့... Read More
ကိုဗစ်ကြောင့် ပိတ်ထားတဲ့ အလောင်းတော်ကဿပလမ်းမှာ ဘုရားဖူးကားမှောက်ပြီး လူတစ်ဦးသေဆုံး၊ ၁၆ ဦးထိခိုက်ဒဏ်ရာရ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွင်းရှိ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်ကနေ ဘုရားဖူးပြန်လာတဲ့ ကားတစ်စီး ဒီကနေ့ ဇန်ဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းက ကပိုင်ကျေးရွာအနောက်ဖက် ၇ မိုင်ခန့်အကွာမှာ တိမ်းမှောက်မှုဖြစ်ခဲ့လို့ လူ ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူတစ်ဉီး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဌာနဆိုင်ရာရဲ့ သတင်းတွေအရ... Read More
မုံရွာ မြေယာအငြင်းပွားမှုမှာ ထိခိုက်ဒဏ်ရာရသူတွေထဲက နောက်တစ်ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၂ ဦးရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ ဇလုပ်ဆွမ်းအုပ်အဝိုင်းအနီး၊ မြို့ပတ်လမ်းရှိ မြေကွက်ကို ပိုင်ရှင်ဆိုသူတွေက ခြံစည်းရိုးလာရောက်ခတ်တာကနေ ဒေသခံပြည်သူတွေနဲ့ မကျေမလည်ဖြစ်ပြီး ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့လည်ပိုင်းမှာ အဓိကရုန်းဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ အဓိကရုန်းကြောင့် လူ ၅ ဦးထိခိုက်ဒဏ်ရာရကာ အဲဒီထဲက သေဆုံးသူ... Read More
တပ်မတော်သားတွေအပါအဝင် ကိုယ်စားလှယ် ၂၀၀ ကျော်တောင်းဆိုတဲ့ လွှတ်တော်အထူးအစည်းအဝေး ကျင်းပဖို့ မရှိကြောင်း ပြည်ထောင်စုလွှတ်တော်ရုံး ထုတ်ပြန်
ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကျန်ရှိနေသေးတဲ့ကာလအတွင်း ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ယူကျင်းပပေးဖို့ ဇန်နဝါရီလ ၁၁ ရက်နေ့က လွှတ်တော်နာယကထံ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် ကိုယ်စားလှယ် ၂၀၃ ဦးက လက်မှတ်ထိုး တောင်းဆိုခဲ့တာပါ။ အခုလို တောင်းဆိုချက်နဲ့ပတ်သက်ပြီး လွှတ်တော်အထူးအစည်းအဝေး ကျင်းပဖို့ မရှိကြောင်းကို ပြည်ထောင်စုလွှတ်တော်ရုံးကနေ စာမျက်နှာ ၃... Read More
မုံရွာတွင် အငြင်းပွားမြေ ခြံစည်းရိုးခတ်ရာက အဓိကရုန်းဖြစ်ပွားပြီး လူတစ်ဦးသေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ ဇလုပ်ဆွမ်းအုပ်အဝိုင်းအနီး၊ မြို့ပတ်လမ်းရှိ မြေကွက်ကို ပိုင်ရှင်ဆိုသူတွေက ခြံစည်းရိုးလာရောက်ခတ်တာကနေ ဒေသခံပြည်သူတွေနဲ့ မကျေမလည်ဖြစ်ပြီး ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့လည်ပိုင်းမှာ အဓိကရုန်းဖြစ်ပွားခဲ့ပါတယ်။ ရွှေဇလုပ်ရပ်ကွက် (အရင် ဇလုပ်ကျေးရွာ) က ဒေသခံပြည်သူတွေနှင့် ခြံစည်းရိုးလာခတ်တဲ့အဖွဲ့က လူ... Read More
ဆားလင်းကြီးမြို့နယ်တွင် ညီအစ်ကိုနှစ်ဦးက အသက်(၃)နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် လူသတ်မှု ဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ မင်းတောကျေးရွာတွင် ဇန်နဝါရီလ ၁၁ ရက်နေ့ မနက်အစောပိုင်းက ညီအစ်ကိုနှစ်ဦးကနေ ညီမဝမ်းကွဲတော်စပ်သူ အသက် ၃ နှစ်အရွယ် ကလေးငယ်ကို မုဒိမ်းကျင့် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။ မုဒိမ်းကျင့် လူသတ်မှုကျူးလွန်သူတွေက ဝင်းမိုး (၂၀ နှစ်)... Read More
အင်းတော်အင်း ပတ်လမ်းဖောက်လုပ်ရာမှာ ဒေသခံအချို့ ခေတ္တထိန်းသိမ်းခံခဲ့ရ
တဖြည်းဖြည်း ကျဉ်းမြောင်းတိမ်ကောလာနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့အနီးရှိ မြန်မာနိုင်ငံရဲ့ တတိယအကြီးဆုံး သဘာဝကုန်းတွင်း ရေချို အင်းတော်အင်း မပျောက်ကွယ်ရေးအတွက် အင်းပတ်လမ်းကို သက်ဆိုင်ရာက ဖောက်လုပ်နေတာပါ။ ဒါပေမယ့် အင်းပတ်လမ်းမှာ မြေယာဆုံးရှုံးရမယ့် ဒေသခံတောင်သူတချို့နဲ့ ပြေလည်မှုမရရှိဘဲ လုပ်ကိုင်နေတဲ့အတွက် တားမြစ်တာတွေလည်း ရှိခဲ့ပါတယ်။ လမ်းဖောက်တာကို... Read More









