ဘုတလင်နယ်ကို စစ်တပ်က အသေခံဒရုန်း ၄ စီးနဲ့ တိုက်ခိုက်၊ ၂ ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ဘုတလင်မြိုနယ် ရွာသာကျေးရွာကို အာဏာသိမ်းစစ်တပ်က ဧပြီလ ၅ ရက်မနက် ၁၁နာရီခွဲ၀န်းကျင်မှာ အသေခံဒရုန်း ၄ စီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကတက်လာတဲ့ အသေခံဒရုန်း ၄ စီးဟာ ရွာသာကျေးရွာက ရပ်ရွာအခြေပြုစာသင်ပေးနေတဲ့အိမ်ကို အသေခံဒရုန်း... Read More
ယင်းမာပင်နယ်မှာ စစ်တပ်စစ်ကြောင်းထိုးလာလို့ ဒေသခံ ထောင်ချီထွက်ပြေးနေရ
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် တယ်ပင်ကန်ရွာကို ဧပြီလ ၅ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကော်မရှင်တပ်စစ်ကြောင်းဟာ စစ်ကားအကြီး ၆ စီးနဲ မုံရွာဘက်ကနေ ဆားလင်းကြီးဘက်ကို ကူးလာပြီးနောက် ယင်းမာပင်မြို့နယ်... Read More
ပေါက်မြို့နယ်မှာ ၁၀ ကြိမ်ထက်မနည်းလေကြောင်းတိုက်ခိုက်ခံရ၊ ထိခိုက် သေဆုံးမှုရှိ
စစ်ကိုင်းတိုင်း၊ ပေါက်မြို့နယ်က ရွာနှစ်ရွာကို ၁၀ကြိမ်ထက်မနည်း စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေက မျက်မှောက်ခေတ်ကို ပြောပါတယ်။ ဖလန်ကိုင်ရွာနဲ့ ကံသစ်ရွာတွေမှာ ဧပြီလ ၄ ရက်နေ့လယ်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ “ပထမကြဲတဲ့ လေကြောင်းက သေဆုံးထိခိုက်တွေများတယ်။ ပျောက်ဆုံးတာတွေလည်းရှိနေတော့... Read More
မြောင်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရ၊ ကလေးငယ် ၁ဦးသေဆုံး၊ ၃ ဦးထိခိုက်ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် နဘတ်ကျေးရွာ ဧပြီလ ၄ ရက်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး ကလေးငယ် တဦးသေဆုံး၊ ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “လေယာဉ်လာတော့ မိသားစုလိုက် ဗုံးခိုကျင်းထဲ ဝင်ပုန်းကြတာ။ ကံမကောင်းချင်တော့ ဗုံးသီးက ဗုံးခိုကျင်းနားကျရောက်ပေါက်ကွဲသွားတာ။ ကလေးတဦးသေတယ်။ ကျန်တဲ့သုံးဦးကတော့ ထိခိုက်ဒဏ်ရာရတာရှိတယ်”... Read More
ရွှေဘိုမြို့နယ် ဆည်အင်းရွာ လေကြောင်းတိုက်ခိုက်ခံရ ၊ အရပ်သား ၇ ဦးထိခိုက်
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆည်အင်းရွာကို စစ်ကော်မရှင်တပ်က ဧပြီလ ၃ ရက် နေ့လည်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ဒီပဲယင်းမြို့နယ်နဲ့ရွှေဘိုမြို့နယ်အစပ်က ဆည်အင်းရွာကို ဂျက်ဖိုက်တာ ၃ စီးနဲ့ အပြန်ပြန်အလှန်လှန် လေကြောင်းတိုက်ခိုက်ခဲ့ပြီး... Read More
ယာဥ်စည်းကမ်းဖောက်ဖျက်လို့ ဖမ်းဆီးမှုနှင့်ပေါ်တာဆွဲဖမ်းဆီးမှု တပြိုင်တည်းပြုလုပ်ခံရမှာကို ကလေးမြို့ခံတွေ စိုးရိမ်
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဧပြီ ၁ ရက်နေ့ကစလို့ လမ်းပေါ်သွားလာတဲ့ ယာဥ်တွေကို “စုံမ” စနစ် စတင်အကောင်အထည်ဖော်ခဲ့ပြီး စစ်တပ်နဲ့ ယာဥ်ထိန်းရဲတွေက လမ်းပေါ်မှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ကလေးမြို့ခံတွေဆီက သိရပါတယ်။ “ဧပရယ်တစ်ရက်နေ့ကတော့ လမ်းပေါ်မှာစစ်ဆေးဖို့ အဆင်သင့်စောင့်နေကြတယ်။ လမ်းဆုံးမှာလည်း စည်းကမ်းတွေကို... Read More
မုံရွာနယ်က အရပ်ဖက် ယာယီဆေးရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အရှေ့တောင်ခြမ်းညောင်ပင်သာကျေးရွာအနီးက အရပ်ဖက်ယာယီဆေးရုံကို အာဏာသိမ်းစစ်တပ်က ဧပြီလ ၂ရက် ညနေပိုင်းမှာ ဂျက်တိုက်လေယာဉ် ၅စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ငွေကြေးမတတ်နိုင်တဲ့ ဒေသတွင်းမှာရှိတဲ့ အခြေခံလူတန်းစားပြည်သူတွေ နဲ့လမ်းပန်းဆက်သွယ်ရေး၊ သွားလာရေး အခက်အခဲတွေကြောင့် မုံရွာမြို့ပေါ်ကို ဆေးကုသမှုသွားဖို့... Read More
စစ်ကိုင်းတိုင်းမှာ တရက်ထဲ မြို့နယ်လေးခု လေကြောင်းတိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်းထဲက မုံရွာ ၊ အရာတော် ၊ ဘုတလင်နဲ့ ချောင်းဦး မြို့နယ်လေးခုကို စစ်ကော်မရှင်တပ်က ဧပြီလ ၂ ရက်နေ့ တရက်ထဲမှာ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူထိခိုက်သေဆုံးမှုရှိခဲ့သလို လူနေအိမ်တွေပါ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “အနဲနဲ့အများတော့... Read More
ပေါက်မြို့နယ် မြောက်ပိုင်းတနေရာမှာ လေကြောင်းတိုက်ခိုက်ခံရ
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ မြောက်ပိုင်းတနေရာ တယ်ပင်လှရွာ အနီးကို ဧပြီလ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်မှာ လေကြောင်းတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကား တစီး နေအိမ် တလုံး... Read More
စက်သုံးဆီအခက်အခဲကြောင့် အခြေခံလူတန်းစားများအပေါ် ထိခိုက်မှုတွေရှိနေ
စက်သုံးဆီ၀ယ်ယူခွင့်နဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်ကော်မရှင်က ကန့်သတ်သတ်လိုက်တဲ့အတွက် အခြေခံအလုပ်သမားတွေဖြစ်ကြတဲ့ပန်းရံ၊ လက် သမားနဲ့ တခြား လက်လုပ်၊ လက်စားလူတန်းစားအများစု အခက်အခဲတွေ ကြုံတွေလာကြပါတယ်။ မုံရွာဒေသအတွင်းမှာရှိတဲ့ကြ အခြေခံအလုပ်သမားအများစုက လုပ်ငန်းခွင်ကိုသွားကြ၊လာကြရတဲ့အခါ ရန်ကုန်မြို့လို သွားလာရေးအတွက် လိုင်းကားမရှိတာကြောင့် ကိုယ်ပိုင် ဆိုင်ကယ်ကိုပဲ အားကိုးပြီး သွားလာကြရတာပါ။ အခြေခံအလုပ်သမားအများစုဟာ... Read More










