ယင်းမာပင်မြို့တွင် ရောဂါခံရှိသူ ကိုဗစ်လူနာတစ်ဦး သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့ ပြည်သူ့ဆေးရုံက ကိုဗစ်လူနာတစ်ဦး ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၄ နာရီအချိန်က သေဆုံးခဲ့ပါတယ်။ သေဆုံးသူက ပိုးတွေ့လူနာနဲ့ထိစပ်သူဖြစ်ပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့က Test kit နဲ့စစ်ဆေးခဲ့ရာ ကိုဗစ်ကူးစက်ခံထားရကာ ရောဂါအခံကြောင့် သေဆုံးသွားတာပါ။... Read More
ခန္တီးမြို့တွင် တပ်မတော် ထောက်ခံပွဲ ပြုလုပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်းဒေသ၊ ခန္တီးမြို့တွင် ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက်ပိုင်းက တပ်မတော် ထောက်ခံပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီထောက်ခံပွဲကို တပ်မတော်ချစ်တဲ့ ပြည်သူတွေအဖွဲ့ကနေ ဦးဆောင်ပြုလုပ်ခဲ့တာပါ။ “အခုက ကျွန်မတို့ထောက်ခံပွဲ ပြုလုပ်တာက တပ်မတော်က ပြည်သူတွေကို အကာကွယ်ပေးနေတယ်။ ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်... Read More
ကိုဗစ်ပိုးတွေ့လူနာများလာတဲ့ ဆားလင်းကြီးမြို့နယ်က ကျေးရွာတချို့ကို Stay At Home သတ်မှတ်
ဆားလင်းကြီးမြို့နယ် ရွှေလှေကျေးရွာကို Stay at home ဧရိယာအဖြစ် မြို့နယ်ကျန်းမာရေးဌာနက ဒီဇင်ဘာ ၃၀ ရက်နေ့က သတ်မှတ်လိုက်ပါတယ်။ Stay at home ကာလကို ဒီဇင်ဘာလ ၃၀ ရက်နေ့ကနေ ဇန်နဝါရီလ ၁၂ ရက်နေ့ထိ သတ်မှတ်ထားပါတယ်။... Read More
တန့်ဆည်မြို့ပြည်သူ့ဆေးရုံမှ ဆရာဝန်နှစ်ဦးနှင့် သူနာပြုဆရာမ ၄ ဦး ကိုဗစ်ကူးစက်ခံရ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့ ပြည်သူ့ဆေးရုံက ဆရာဝန်နှစ်ဦးနှင့် သူနာပြုဆရာမ ၄ ဦး ကိုဗစ်ပိုးကူးစက်ခံရတယ်လို့ ခရိုင်အုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။ “ဒီနေ့ မနက်ပိုင်းက ပိုးတွေ့ ၆ ယောက်ပါ။ သူနာပြုဆရာမက ဖျားနေတာနှစ်ရက်ရှိပြီ။ မသင်္ကာလို့ ဒီနေ့ Test kit... Read More
လအတန်ကြာပိတ်ထားခဲ့တဲ့ မုံရွာကုန်စည်ဒိုင် ပြန်လည်ဖွင့်လှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာကုန်စည်ဒိုင်ကို ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ မုံရွာကုန်စည်ဒိုင် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးတင်ကိုကိုက ပြောပါတယ်။ မုံရွာကုန်စည်ဒိုင်ကို ကိုဗစ်ပထမလှိုင်းဖြစ်ကာစက ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်တဲ့အနေနဲ့ မတ်လကစ ပိတ်ခဲ့ပြီး ၈ လပိုင်းမှာ... Read More
ဗန်းမောက်ရဲစခန်းမှ ကသာအကျဉ်းထောင်သို့ ပို့ဆောင်သည့် အချုပ်သားတစ်ဦး ကိုဗစ်ပိုးတွေ့
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့မရဲစခန်းကနေ ကသာအကျဉ်းထောင်ကို ပို့ဆောင်တဲ့ အချုပ်သားတစ်ဦးထံကနေ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ ကသာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဒေဝက ပြောပါတယ်။ ဒီဇင်ဘာလ ၂၇ ရက်နေ့က ဗန်းမောက်မြို့မရဲစခန်းအချုပ်ခန်းကနေ ထောင်ကျတရားခံ ၂၈ ဦးကို ကသာအကျဉ်းထောင်ကို... Read More
မုံရွာအိုးရှင်းစင်တာ ဝန်ထမ်းတစ်ဦး ကိုဗစ်ပိုးတွေ့သော်လည်း ပိတ်ရန် အစီအစဉ်မရှိ
မုံရွာမြို့ အိုးရှင်းစူပါစင်တာက ဝန်ထမ်းအမျိုးသမီးတစ်ဦး ဒီဇင်ဘာလ ၂၇ ရက်နေ့က အနံ့ပျောက်လို့ သွားစစ်တာကနေ ကိုဗစ်ပိုးတွေ့ရှိခဲ့ပါတယ်။ ဝန်ထမ်းအမျိုးသမီးမှာ ပိုးတွေ့ပေမယ့် အိုးရှင်းစင်တာကိုပိတ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ မုံရွာမြို့နယ်ကိုဗစ်ကော်မတီတာဝန်ရှိသူက ပြောပါတယ်။ “အိုးရှင်းစင်တာကို ပိတ်ဖို့အစီအစဉ်မရှိပါဘူး။ သူကအိုးရှင်းက ပရိဘောဂတွေရောင်းတဲ့ဘက်က သန့်ရှင်းရေးပေါ့။ သန့်ရှင်းရေးကိုတောင်မှ အချိန်ပိုင်းနဲ့... Read More
ကိုဗစ်ကူးစက်မှုတွေကြောင့် တီးတိန်မြို့နယ် တွီးထန်ကျေးရွာကို အဝင်အထွက် ကန့်သတ်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တွီးထန်ကျေးရွာအုပ်စု၊ တွီးထန်ကျေးရွာမှာ ဒေသတွင်းကူးစက်မှု တွေ့ရှိရတဲ့အတွက် ဒီဇင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းကစပြီး ရွာအဝင်အထွက် ကန့်သတ်လိုက်တာဖြစ်ပါတယ်။ တွီးထန်ကျေးရွာ အဝင်အထွက် ကန့်သတ်လိုက်တာကို ဒီဇင်ဘာ ၂၇ ရက်နေ့ကစပြီး ဇန်နဝါရီလ ၉ ရက်နေ့အထိ ချင်းပြည်နယ်... Read More
မုံရွာတွင် အိုးရှင်းစူပါစင်တာမှ ဝန်ထမ်းတစ်ဦးအပါအဝင် ကိုဗစ်ပိုးတွေ့လူနာ ၂ ဦးထပ်တိုး
မုံရွာမြို့မှာ ဒီဇင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းက ကိုဗစ်ပိုးတွေ့လူနာ ၂ ဦးထပ်တိုးခဲ့ပြီး အဲဒီထဲမှာ အိုးရှင်းစူပါစင်တာက ဝန်ထမ်းတစ်ဦး ပါဝင်တယ်လို့ မုံရွာမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးအာကာမြင့်က ပြောပါတယ်။ “အဲဒီပိုးတွေ့နှစ်ယောက်က ဒီနေ့ မနက်က အနံ့ပျောက်လို့ မုံရွာမြို့ ပြည်သူ့ဆေးရုံကိုလာပြတာ။... Read More
ကိုဗစ်ကန့်သတ်ချက်တွေကြောင့် ခန္တီးမြို့နယ်အတွင်း ခရီးသွားမှု အခက်အခဲတွေ ကြုံတွေ့နေရ
စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့ကို တခြားမြို့နယ်တွေကနေ လာရောက်သူတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ခရီးသွားပြည်သူတွေထံက သိရပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် သွားလာရာမှာ အခက်အခဲတွေ ဖြစ်နေတာပါ။ “အခုကျွန်တော်တို့က ခန္တီးမြို့နယ် နန်စီပွန်ဒေသကို ဒီဇင်ဘာလ ၂၅ ရက်နေ့က လာရောက်ခဲ့တာ။ ကျွန်တော်တို့လာတာက နန်းစီပွန်ကို... Read More