Home > သတင်း > စစ်ရေး > မုံရွာနယ် ထန်းဇလုပ်ချောင်းကို လေကြောင်းတိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးသူများပြား

မုံရွာနယ် ထန်းဇလုပ်ချောင်းကို လေကြောင်းတိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးသူများပြား

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ကျောက္ကာရွာအနီး ထန်းဇလုပ်ချောင်းကို ဧပြီလ ၁၆ ရက် သင်္ကြန်အတက်နေ့ညနေပိုင်းမှာစစ်တပ်ကဂျိုင်ရိုကော်ပရာတွေနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ အများအပြား ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။

“အနှီးထုတ်ထဲက ကလေးတွေရော သေတယ်ကြားတယ်၊ ဘယ်လောက်သေတယ်ဆိုက ကြတော့ အတိကျ မသိရသေးဘူး” လို့ မုံရွာနယ်ဒေသခံပြည်သူတဦးက ပြောပါတယ်။

စစ်တပ်ရဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၃၀ ထက်မနည်းရှိပြီး ပွဲချင်းပြီး သေဆုံးသူတွေလည်း ရှိတယ်လို့သိရပါတယ်။

“အဲ့ဒီ(ထန်းဇလုပ်ချောင်း)မှာ ပွဲတော့ မရှိဘူး၊ဒီအတိုင်း သင်္ကြန် ဆိုတော့လာလည်ကြတာနေမှာပေါ့၊သေတဲ့လူတွေထဲ တစ်အိမ်တည်းကကိုညီ အစ်မ၂ ယောက်ပါတယ်”လို့ ဒေသခံသတင်းရင်းမြစ်တဦးက ပြောပါတယ်။

ထန်းဇလုပ်ချောင်းဟာ မုံရွာမြို့အရှေ့ဘက် ၁၀ မိုင်ကျော်အကွာမှာရှိပြီး ကျောက္ကာကျေးရွာအနီးမှာရှိတဲ့ ဒေသတွင်း အပန်းဖြေ လည်ပတ်စရာ နေရာတစ်ခုဖြစ်ပါတယ်။

ကျောက္ကာကျေးရွာကို စစ်တပ်က ၂၀၂၅ ခုနှစ်ဩဂုတ်လအတွင်းမှာ စစ်ကြောင်းထိုး၀င်ရောက်မီးရှို့ဖျက်စီးခဲ့ပြီး လက်ရှိအချိန်ထိ တပ်စွဲအခြေချနေထိုင်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး

error: Content is protected !!