သင်္ကြန်ကာလအတွင်း လူစုလူဝေးဖြင့် ပျော်ပွဲရွှင်ပွဲတွေ မပြုလုပ်ဖို့ ကလေးမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ ထုတ်
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ သင်္ကြန်ကာလအတွင်း လူစုလူဝေးဖြင့် ပျော်ပွဲရွှင်ပွဲတွေ မလုပ်ကြဖို့ အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့၊ ကလေးမြို့နယ်က ဧပြီ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ လူစုလူဝေးပြုလုပ်တဲ့ နေရာတွေကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နိုင်တာကြောင့် အသက်အိုးအိမ်ဆုံးရှုံးမှုမရှိစေဖို့ သင်္ကြန်ကာလအတွင်း လူစုလူဝေးဖြင့် ပျော်ပွဲရွှင်ပွဲတွေမပြုလုပ်ကြဖို့... Read More
ကလေးမြို့မှာ လူငယ် ၂၀ ကျော်ကို စစ်တပ်က ဖမ်းဆီး
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဧပြီ ၉ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ နှစ်ရက်တာအတွင်း အာဏာသိမ်းစစ်တပ်က လူငယ် ၂၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ ကလေးမြို့၊ စမ်းမြို့ရပ်ကွက် ၊ ကမ္ဘောဇဘဏ် (၂) ရှေ့၊ ဗိုလ်ချုပ်လမ်းကြီးပေါ်မှာ... Read More
ဂန့်ဂေါမှာ တပ်ကြပ်ကြီး ၁ ဦး လက်နက်နဲ့အတူ အလင်းဝင်
မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့ ခလရ (၅၀) စစ်တပ်က တပ်ကြပ်ကြီးတစ်ဦးဟာ ဧပြီ ၁၀ ရက်နေ့မှာ သေနတ်တစ်လက်နဲ့အတူ တော်လှန်ရေးတပ်ဖွဲ့တွေဆီ အလင်းဝင်ခဲ့တယ်လို့ ဂန့်ဂေါဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ “တပ်ကြပ်ကြီး MA3 တစ်လက်နဲ့အတူ အလင်းဝင်ခဲ့တာပါ။ တော်လှန်ရေးတပ်ပေါင်းစုတွေဆီ အလင်းဝင်တာပါ” လို့... Read More
ပုလဲနယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးချိန် အသတ်ခံလိုက်ရတဲ့ ရုပ်အလောင်း ၃ ခုပြန်တွေ့
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးချိန် အသတ်ခံလိုက်ရတဲ့ ရုပ်အလောင်း ၃ ခုကိုပြန်တွေ့ရတယ်လို့ ဒေသခံကပြောပါတယ်။ “စစ်တပ်က ရက်ရက်စက်စက်သတ်သွားတာ။ ရုပ်အလောင်းတွေက ပုတ်ပွနေပြီ။ ဘယ်နေ့က အသတ်ခံရတာလဲဆိုတာ မသိရဘူး။ ချောင်းကန်ရွာသားတဦး၊ ရိုးရွာသားတဦးနဲ့ အလယ်ဘုံရွာသားတဦး စုစုပေါင်းသုံးဦးအသတ်ခံရတယ်”လို့ ပုလဲမြို့နယ်ဒေသခံတဦးက ပြောပါတယ်။... Read More
ချင်းတောင် စစ်ကြောင်းမှာ စစ်တပ်က အချင်းချင်းပစ်လို့ ဗိုလ်ကြီးအပါအဝင် ၃ဦး သေဆုံးဟုဆို
ချင်းပြည်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းမှာ ရောက်ရှိနေတဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းမှာ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားပြီး စစ်တပ်က ဗိုလ်ကြီးအပါအဝင် ၃ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ အချင်းချင်းပစ်ခတ်မှုမှာ ပစ်ခတ်သူဟာ စစ်မှုထမ်းတပ်သားသစ်တစ်ဦးဖြစ်ပြီး အဆိုပါ ပစ်ခတ်ခံရမှုကြောင့် အမှတ် (၈၉) ခြေလျင်တပ်ရင်း၊... Read More
ပုလဲနယ်နဲ့ယင်းမာပင်နယ်မှာ စစ်ကြောင်းသုံးခုခွဲထိုးနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးနေရ
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နဲ့ယင်းမာပင်မြို့နယ်တွေမှာ စစ်ကော်မရှင်တပ်က ဧပြီလ ၈ ရက် နေ့လည်ပိုင်းမှာ စစ်ကြောင်းသုံးကြောင်း ထိုးနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒါ့အပြင် ဒီကနေ့ နေ့လည်ပိုင်းမှာ ပုလဲနယ်နဲ့ ယင်းမာပင်မြို့နယ်တွေကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုလည်း ပြုလုပ်ခဲ့သေးတယ်လို့ဆိုပါတယ်။... Read More
အညာဒေသမှာ ဝက်စာစျေးနှုန်းတွေမြင့်တက်သွားတာကြောင့် ဝက်မွေးမြူရေးသမားတွေ အရှုံးပေါ်
အညာဒေသ စစ်ကိုင်းတိုင်းထဲမှာ တပိုင်တနိုင် ဝက်မွေးမြူရေး လုပ်ကိုင်နေကြတဲ့ ဒေသခံတွေဟာ ဝက်စာစျေးနှုန်းတွေ မြင့်တက်သွားတာကြောင့် အရှုံးပေါ်နေတယ်လို့ ဝက်မွေးမြူရေးလုပ်ကိုင်သူတွေက ပြောပါတယ်။ ၂၀၂၅ ခုနှစ်အကုန်နဲ့ ၂၀၂၆ ခုနှစ်အစပိုင်းမှာ ဝက်စာစျေးနှုန်းတွေ မမြင့်တက်ခဲ့သော်လည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ ဝက်စာစျေးနှုန်းတွေ ထိုးတက်သွားတာလို့ဆိုပါတယ်။ “အရင်က... Read More
ကလေးမြို့ အာဇာနည်နေ့
(မျက်မှောက်ခေတ် အမှတ်ရချက်) ဧပြီလ ၇ ရက်နေ့ကို စစ်ကိုင်းတိုင်း၊ ကလေးမြို့ရဲ့ အာဇာနည်နေ့ဟု ဆိုနိုင်ပါသည်။ ၂၀၂၁ ဧပြီလ ၇ ရက်နေ့တွင် ကလေးမြို့အနောက်ပိုင်း၊ တာဟန်းပင်မသပိတ်ခံတပ်ကို စစ်ကောင်စီက RPG လက်နက်တွေ အသုံးပြုပြီး ဖြိုခွင်းခဲ့သည်။ ကလေးမြို့က သပိတ်လူငယ်... Read More
ကလေးမြို့မှာ စစ်တပ်မိသားစု ရှင်ပြုလှည့်တဲ့လမ်းတလျှောက် လုံခြုံရေးယူပြီး လမ်းသွားလမ်းလာအချို့ကို ဖမ်းဆီး
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဒီကနေ့ မနက်ပိုင်းက အာဏာသိမ်းစစ်တပ်မိသားစုတွေရဲ့ ရှင်ပြုပွဲလှည့်လည်ရာ ဗိုလ်ချုပ်လမ်းမကြီး၊ ပင်လုံလမ်းမတော်တို့မှာ စစ်တပ်က လုံခြုံရေးယူခဲ့ပြီး လမ်းသွားလမ်းလာအချို့ကိုလည်း စစ်ဆေးဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ “သူတို့ရှင်ပြုလှည့်တာကို ဗုံးနဲ့ထုမှာ စိုးတာနေမှာပေါ့ဗျာ။ အခုဒီလိုဖြစ်နိုင်တဲ့ အခြေအနေ မရှိပါဘူး” လို့... Read More









