မုံရွာချင်းတွင်းတံတားဂိတ်တွင် အထောက်အထားမဲ့ အိန္ဒိယနိုင်ငံသား ၄ ဦးကို ဖမ်းဆီး။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းတံတားဂိတ်မှာ ဩဂုတ်လ ၉ ရက်နေ့ ညပိုင်းက သက်သေခံအထောက်အထားတစ်စံတစ်ရာ မပြနိုင်ဘဲ တရားမဝင် ဝင်ရောက်လာတဲ့ အိန္ဒိယနိုင်ငံသား ၄ ဦးနှင့် အခကြေးငွေရယူကာ ကားနဲ့လိုက်ပါပို့ဆောင်ပေးတဲ့ ယာဉ်မောင်းတစ်ဦးကို မူးယစ်တပ်ဖွဲ့စုကနေ ဖမ်းဆီးထိမ်းသိန်းခဲ့ပါတယ်။ မူးယစ်တပ်ဖွဲ့စုက မူးယစ်ဆေးဝါးသတင်းအရ ရှောင်တခင်... Read More
ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့နယ်မှာ ချင်းတွင်းမြစ်ရေ တဖန်ပြန်လည် မြင့်တက်လာနိုင်ကြောင်း မိုးဇလထုတ်ပြန်။
ချင်းတွင်းမြစ်အထက်ပိုင်းဒေသတွေမှာ မိုးရွာသွန်းမှုတွေကြောင့် နောက် ၃ ရက်အတွင်း မြစ်ရေမြင့်တက်လာနိုင်တဲ့အတွက် ဟုမ္မလင်း၊ ဖောင်းပြင် စတဲ့ မြို့နယ်တွေက ချင်းတွင်းမြစ်တလျှောက် ရေဝင်ရပ် အနိမ့်ပိုင်းမှာ နေသူတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကနေ ဩဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းက... Read More
စစ်ကိုင်းတိုင်းအတွင်း အထက်တန်းဆင့်ကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်ထား။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ်အားလုံးရှိ အစိုးရအခြေခံပညာအထက်တန်းဆင့် စာသင်ကျောင်းအားလုံးကို လက်ရှိမှာ ကျောင်းကုန်ဖွင့်လှစ်ကာ စာသင်ကြားပေးနေပြီလို့ တိုင်းပညာရေးမှုးရုံးက သိရပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာ အစိုးရ အခြေခံပညာအထက်တန်းအဆင့်ကျောင်းပေါင်း ၇၄၀ ရှိပြီး အဲဒီထဲက ကျောင်းအိပ်ကျောင်းစားသင်ကြားပေးနေတဲ့ အား/ကာသိပ္ပံကတော့ ဖွင့်လှစ်နိုင်ခြင်း မရှိသေးပါဘူး။ “ကျောင်းအားလုံး ပြန်ဖွင့်နိုင်ပြီ။ ပြန်ပိတ်ရတဲ့ကျောင်း... Read More
ရတနာပုံတံတားပေါ်က ခုန်ချပျောက်ဆုံးနေသူအလောင်းကို ပြန်လည်တွေ့ရှိ။
စစ်ကိုင်းမြို့၊ ရတနာပုံတံတားပေါ်ကနေ ဧရာ၀တီမြစ်အတွင်း ဩဂုတ်လ ၁၁ ရက်နေ့ နေ့လည်ပိုင်းက အမျိုးသားတစ်ဦးခုန်ချမှုဖြစ်ပွားခဲ့ပြီး ပျောက်ဆုံးနေတာပါ။ ဩဂုတ်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာတော့ အဆိုပါပျောက်ဆုံးနေတဲ့ အမျိုးသားရဲ့ ရုပ်အလောင်းကို စစ်ကိုင်းမြို့၊ ဧမြ၀တီဆိပ်ကမ်းမှာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ပြန်လည်တွေ့ရှိခဲ့ပါတယ်။ “မနက် ၆... Read More
ဝန်းသိုမြို့နယ်မှာ လင်းမယားချင်းစကားများရန်ဖြစ်ရာကနေ ဇနီးဖြစ်သူက အမျိုးသားကို တူနဲ့ထုသတ်မှုဖြစ်ပွား။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်မှာ သြဂုတ်လ၁၀ရက်နေ့က လင်းမယားချင်းစကားများရန်ဖြစ်ရာကနေ ဇနီးဖြစ်သူက အမျိုးသားကို တူနဲ့ထုသတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ဝန်းသိုမြို့နယ်၊ မော်ခါးအုပ်စု၊ ကျောက်ကြီးစုကျေးရွာမှာ အဲဒီဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူကို—(၃၀)နှစ်က သူ့ရဲ့အိမ်မှာ ဇနီးဖြစ်သူ တရားခံမ—(၃၁)နှစ်နဲ့ စကားများရန်ဖြစ်ကြပြီး ဇနီးဖြစ်သူတရားခံ မ—(၃၁)နှစ်က သေဆုံးသူကို—(၃၀)နှစ်ရဲ့ဦးခေါင်းကို တူနဲ့ထုသတ်ခဲ့တာဖြစ်ပါတယ်။... Read More
စစ်ကိုင်းတံတားအသစ်ပေါ်မှ အသက်(၃၉) နှစ်အရွယ်အမျိုးသားတစ်ဦး ခုန်ချမှုဖြစ် ပွား။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ ၊ ရတနာပုံတံတား (စစ်ကိုင်းတံတားအသစ်) ပေါ်ကေန အသက်(၃၉)နှစ်အရွယ် အမျိုးသားတစ်ဦး ဧရာဝတီမြစ်အတွင်း ခုန်ချမှု ဩဂုတ်လ (၁၁)ရက်နေ့ နေ့လည်(၂)နာရီခွဲ၀န်းကျင်က ဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်းခရိုင်မီးသတ်ဦးစီးမှူးရုံးက သိရပါတယ်။ရတနာပုံတံတား (စစ်ကိုင်းတံတားအသစ်)ပေါ်ကခုန်ချခဲ့တဲ့ အသက်(၃၉)နှစ်အရွယ်အမျိုးသားဟာ စစ်ကိုင်းမြို့ ၊ တကောင်းရပ်ကွက်၊ နယ်မြေ... Read More
စစ်ကိုင်းတိုင်းတွင် ဂုဏ်ထူးရကျောင်းသား ၄ ထောင်နီးပါး အရင်နှစ်ကထက်တိုးလာ။
၂၀၂၀ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြေဆိုသူ ကျောင်းသားတွေထဲက ဂုဏ်ထူးရ ကျောင်းသားကျောင်းသူ ၃၉၂၄ ဦး အရင်နှစ်ကထက် တိုးတက်လာတယ်လို့ တိုင်းပညာရေးမှုးရုံးက သိရပါတယ်။ အောင်ချက်ရာခိုင်နှုန်းကလည်း တိုးလာခဲ့ပြီး ဖြေဆိုသူအားလုံးရဲ့ ၃၅ ရာခိုင်နှုန်းကျော်ရှိကာ မြန်မာတစ်နိုင်ငံလုံးမှာ အောင်ချက်ရာခိုင်နှုန်း ဒုတိယအများဆုံးတိုင်းဖြစ်ခဲ့ပါတယ်။“ပြီးခဲ့တဲ့... Read More
ထီးချိုင့်မြို့နယ်မှာ ခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအပါအဝင်လူဆယ်ဦး ထိခိုက်ဒဏ်ရာများရရှိမှုဖြစ်ပွား။
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် နေပူတောင်အဆင်း ရွှေဘို–မြစ်ကြီးနားသွားကားလမ်း မိုင်တိုင်အမှတ်(၁၁၂)နဲ့(၁၁၃)ကြားရှိ ပိန္နှဲကုန်းကျေးရွာအနီးမှာ သြဂုတ်လ ၁၁ရက်နေ့ နံနက်ပိုင်းက ခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ယာဉ်မောင်းအပါအဝင်လူဆယ်ဦး ထိခိုက်ဒဏ်ရာများရရှိမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။အဲဒီတိမ်းမှောက်မှုဖြစ်ပွားခဲ့တဲ့ ခရီးသည်တင်ယာဉ်ဟာ မုံရွာမြို့ကနေ ကသာမြို့ကို ထွက်ခွာသွားတဲ့ယာဉ်ဖြစ်ပြီး ယာဉ်ပေါ်မှာ ယာဉ်မောင်းအပါအဝင်ခရီးသည်လူဆယ်ဦးစီးနင်းလိုက်ပါသွားခဲ့တာဖြစ်ပါတယ်။ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့တဲ့အတွက် ယာဉ်ပေါ်မှာ စီးနင်းလိုက်ပါလာခဲ့ကြတဲ့ခရီးသည်ဆယ်ဦးစလုံးမှာ မစိုးရိမ်ရဒဏ်ရာတွေရရှိခဲ့ကြပြီး... Read More
စစ်ကိုင်းတိုင်းမှာ လက်ရှိ အာဏာရပါတီအပါအဝင် နိုင်ငံရေးပါတီကြီး ၄ ခုက မဲဆန္ဒနယ်အားလုံး ယှဉ်ပြိုင်မည်။
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မဲဆန္ဒနယ် ၁၂၅ နေရာရှိပါတယ်။ အဲဒီနေရာအားလုံးကို လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့က နေရာလပ်မကျန် ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် သက်ဆိုင်ရာ... Read More
လာမယ့်၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက် စစ်ကိုင်းတိုင်းဒေသကြီးမှာ တစ်သီးပုဂ္ဂလကိုယ်စားလောင်း၃၃ဦးအထိရှိကြောင်း တိုင်းရွေး/ကော်သတင်းထုတ်ပြန်။
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက် စစ်ကိုင်းတိုင်းဒေသကြီးမှာ တစ်သီးပုဂ္ဂလကိုယ်စားလောင်း၃၃ဦးအထိရှိတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ရုံးက သြဂုတ်လ ၁၀ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် ပြည်သူ့လွှတ်တော်နေရာမှာတော့ မဲဆန္ဒနယ်အရေအတွက်မှာ ၃၇ခုအထိရှိပြီး အမျိုးသား၁၈၀ဦးနဲ့အမျိုးသမီး၁၉ဦး စုစုပေါင်း ၁၉၉ဦးအထိရှိသလို အဲဒီထဲမှာတစ်သီးပုဂ္ဂလ ၉ဦးကလည်း ပါဝင်ကြပါတယ်။... Read More