အသက် ၆၅နှစ်အရွယ်စိတ်ဝေဒနာရှင်အမျိုးသမီးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူအား စစ်ကိုင်းခရိုင်တရားရုံးမှသေဒဏ်ချ
စိတ်ဝေဒနာရှင်အမျိုးသမီးအား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူတစ်ဦးကို စစ်ကိုင်းခရိုင်တရားရုံးမှ ဩဂုတ် ၁၈တွင် သေဒဏ်ချမှတ်ခဲ့ကြောင်းသိရသည်။စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရားဝန်း၊ ဆောက်လက်စ ဓမ္မာရုံတွင် စိတ်ဝေဒနာရှင် အမျိုးသမီးတစ်ဦးအားမုဒိန်းကျင့်သတ်သွားခဲ့သူ နှစ်ဦးအနက် ဇင်မျိုး(ခ)ငဂျက်အား စစ်ကိုင်းခရိုင် ဒုတရားသူကြီး မှရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ဂ)အရသေဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းသိရပြီး အောင်ကျော်ထက်(ခ)စိုးပေ အသက် ၁၇အား ကလေးသူငယ်တရားရုံးတွင်... Read More
မင်းကင်းမြို့နယ်တွင် နိုင်ငံတော်အစိုးရနှင့် NLDကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် ရပ်ရွာအတွင်း လှည့်လည် အော်ဟစ်ခဲ့သော ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးအား တရားစွဲဆို
နိုင်ငံတော်အစိုးရနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် ရည်ရွယ်ကာ ညစ်ညမ်းတဲ့ စကားလုံးတွေသုံးပြီး ရပ်ရွာထဲ လှည့်လည် အော်ဟစ်ခဲ့တဲ့ မင်းကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးကို မင်းကင်းမြို့နယ် NLD ပါတီကနေ မောက္ကတော်နယ်မြေရဲစခန်းမှာ ဩဂုတ်လ ၁၈ ရက်နေ့က အမှုဖွင့်တရားစွဲဆိုထားတယ်လို့ သိရပါတယ်။... Read More
ချင်းတွင်းမြစ်အထက်ပိုင်းက မြို့(၃)မြို့မှာ မြစ်ရေ စိုးရိမ်အမှတ်ထက်ကျော်လွန်နေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်းဒေသတွေဖြစ်တဲ့ ခန္တီး၊ ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့တွေမှာ ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေတယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဌာနက ဒီကနေ့ ဩဂုတ်လ(၁၈)ရက် နေ့လည်ပိုင်းကထုတ်ပြန်ကြေငြာလိုက်ပါတယ်။ ခန္တီးမြို့ရဲ့ ချင်းတွင်းမြစ်စိုးရိမ်ရေမှတ်ဟာ (၁၃၆၀) စင်တီမီတာဖြစ်ပြီး လက်ရှိအချိန်မှာ (၁၃၆၅) စင်တီမီတာအထိ ရောက်ရှိနေတဲ့အတွက် စိုးရိမ်ရေမှတ်ထက် (၅)... Read More
စစ်ကိုင်းတိုင်းအတွင်းက မဲရုံတွေအတွက် အထူးရဲ (၄၁၀၀) ကျော် ရွေးချယ်ထား
လာမယ့်အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မဲရုံတွေအတွက် အထူးရဲ (၄၁၀၀) ကျော်ရွေးချယ်ထားပြီး ဖြစ်တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။ ရွေးကောက်ပွဲကာလမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၀င်တွေအနေနဲ့ မဲရုံတွေကိုအနီးကပ်စောင့် ရှောက်ခွင့် မရှိတာကြောင့် မဲရုံအနီးကပ်စောင့်ရှောက်ဖို့ ရပ်ကွက်၊ကျေးရွာတွေကနေရွေးချယ်ပြီး အထူးရဲတွေ ခန့်ထားဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာ မဲရုံပေါင်း... Read More
ပင်လည်ဘူးမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲရာက စကားများကာ လူသတ်မှုဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့၊ မိုးကောင်းရပ်ကွက်တွင် ဩဂုတ်လ ၁၆ ရက်နေ့ ညပိုင်းက လူနှစ်ဦး မူးယစ်ဆေးဝါးသုံးစွဲရင်း စကားများရန်ဖြစ်ရာကနေ လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူက မိုးကောင်းရပ်ကွက်နေ အသက် ၃၅ နှစ်အရွယ် ရွှေပြည်စိုးဆိုသူဖြစ်ပြီး အိမ်လည်သွားရာကနေ အိမ်ရှင်ဖြစ်သူ အသက် ၃၀ အရွယ်... Read More
စစ်ကိုင်းတိုင်းဒေသကြီးမှာ သုံးလအတွင်း Maskမတပ်လို့ အရေးယူခံရသူ ငါးထောင်ဝန်းကျင်ရှိ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ တားဆီးကာကွယ်ရေးဆိုင်ရာ မှုခင်းများနှင့်ပက်သက်လို့ ဧပြီ၊ မေ၊ ဇွန် အထိ (၃ လတာ ကာလအတွင်း) Mask မတပ်လို့ ကူးစပ်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၁၅ အရ အမှုဖွင့် အရေးယူခံရသူ ၅... Read More
တိုင်းရင်းသားလူမျိုးတွေရဲ့ ပွဲတော်အခမ်း အနားတွေကို တစ်နှစ်ထက်တစ်နှစ် စည်ကားအောင် ကျင်းပပေးဖို့ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီ ဥက္ကဌပြောကြား
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ တိုင်းအတွင်းမှာရှိတဲ့ တိုင်းရင်းသားလူ မျိုးတွေရဲ့ ပွဲတော် အခမ်းအနားတွေကို တစ်နှစ်ထက်တစ်နှစ် စည်ကားအောင်ကျင်းပပေးဖို့ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီက ဥက္ကဌက ပြောပါတယ်။ ဩဂုတ်လ(၁၇)ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့မှာ တိုင်းရင်းသား... Read More
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တပ်နယ်အားလုံးမှာ တပ်တွင်းမဲရုံ မရှိဘူးလို့ တိုင်းရွေးကော်တာဝန်ရှိသူပြောကြား။
နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တပ်ရင်းတပ်ဖွဲ့တည်ရှိရာ တပ်နယ်အားလုံးမှာ တပ်မတော်သားနှင့် မိသားစုဝင်တွေအတွက် သီးသန့်မဲရုံ (တပ်တွင်းမဲရုံ) တစ်ခုမှမရှိဘူးလို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှုးက ပြောပါတယ်။ ပထမအကြိမ်မဲစာရင်းထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းအတွင်းမှာ မဲပေးခွင့်ရှိသူ မဲဆန္ဒရှင်ဦးရေ ၄၁ သိန်း... Read More
စစ်ကိုင်းတိုင်းအတွင်း မှုခင်းကျဆင်းရေးနှင့် လုံခြုံရေးတို့အတွက် မြို့ ၆ မြို့မှာ CCTV ကင်မရာအလုံး ၁၇၀ ကျော်တပ်ဆင်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရဲ့ အစီအစဉ်နဲ့ တိုင်းအတွင်းက မြို့ ၆ မြို့မှာ မှုခင်းကျဆင်းရေး၊ လုံခြုံရေးတို့အတွက် CCTV အလုံးရေ ၁၇၆ လုံးကို တပ်ဆင်နေတာပါ။ CCTV တွေကို စစ်ကိုင်းမြို့ နေရာ ၈ နေရာမှာ ၃၁ လုံး၊ မုံရွာမြို့... Read More
ဘုန်းကြီးကျောင်းမှာ မူးယစ်ရမ်းကားဆဲဆိုသူတစ်ဦးကို တောထွက်ရဟန်းတစ်ပါးက ဓားနဲ့ထိုးသတ်မှုဖြစ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ရှိ စေတီယပါလဘုန်းကြီးကျောင်းတွင် မူးယစ်ရမ်းကားဆဲဆိုသူတစ်ဦးကို ကျောင်းရှိ တောထွက်ရဟန်းတစ်ပါးက စိတ်မထိန်းနိုင်ဘဲ ဓားနဲ့ထိုးသတ်မှု ဩဂုတ်လ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ အသတ်ခံရသူက ရွှေမင်းဝံရပ်ကွက်နေ အသက် ၄၈ နှစ်အရွယ် မျိုးဝင်းဆိုသူ အမျိုးသားတစ်ဦးဖြစ်ပြီး အရက်မူးနေလို့ နေအိမ်ပြန်ရန်... Read More