Home > သတင်း > ဒေသတွင်းသတင်း > ကောလင်းမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံခြင်းများ ဖြစ်နေ

ကောလင်းမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံခြင်းများ ဖြစ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်မှာ သုံးရက်ဆက်တိုက် မိုးသည်ထန်စွာ ရွာသွန်းခဲ့တာကြောင့် ကျေးရွာအများစု ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေပါတယ်။  စက်တင်ဘာ ၁၄ ရက်ကနေစတင်ကာ အဆက်မပြတ် ရွာသွန်းနေတဲ့ မိုးကြောင့် အခုလို ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေတာလို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။  မိုးက စက်တင်ဘာ ၁၄ ရက်နေ့မှာ မိုးရေချိန် ၇ ဒသမ ၈၀ လက်မ၊ ၁၅ ရက်နေ့မှာ ၂ ဒသမ ၃၆ လက်မ၊ ၁၆ ရက်နေ့မှာ ၂ ဒသမ ၀၈ လက်မနှင့် ၁၇ ရက်နေ့ မနက်မှာ ၃ ဒသမ ၅၆ လက်မစီ အသီးသီးရွာသွန်းနေတာဖြစ်ကာ ၄ ရက်တာကာလအတွင်း ရွာသွန်းခဲ့သည့် မိုးရေချိန်မှာ ၁၅ ဒသမ ၈၀ လက်မထိ ရှိခဲ့တယ်လို့ မိုးဇလဌာနက သိရပါတယ်။

“ဝါကြီးထပ်တဲ့ နှစ်ဆိုရင် ဒီမှာက ရေကြီးလေ့ရှိတယ်။ အခုလဲ မိုးလေးရက်ဆက်တိုက်ရွာပြီး ရုတ်တရက် ရေကြီးလာတာဖြစ်တယ်။ ကယ်ဆယ်ရေးလူပ်ငန်းတွေက အခုမှ စလုပ်နေတာကြောင့် ပျက်သီးဆုံးရှုံတဲ့ စာရင်းက မရနိုင်သေးဘူး။” လို့ ကောလင်းမြို့နယ် မီးသတ်တပ်ဖွဲ့က ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

 စက်တင်ဘာ ၁၇ ယနေ့ မွန်းလွဲချိန်မှစတင်၍ ကျောက်တန်း၊ မင်းကုန်း၊ ဆင်ကုန်း၊ ဝါးသီးကုန်းနှင့် သပြေအိုင်ကျေးရွာတွေမှာ ရေကြီးရေလျှံတာကို အဓိက ကြုံတွေ့နေရတာပါ။ ရေကြီးရေလျှံဖြစ်ပေါ်နေတဲ့ နေရာတွေကို ကောလင်းမြို့နယ် မီသတ်တပ်ဖွဲ့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေပြီး လတ်တလောမှာတော့ လူနှင့် ကျွဲနွားတိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာ မရှိသေးဘူးလို့ သိရပါတယ်။ ကောလင်းမြို့နယ်မှာ ၂၀၁၅ ခုနှစ် ရေကြီးရေလျှံမှုဖြစ်တုန်းကတော့ လူနှင့် ကျွဲနွားတိရစ္ဆာန်တွေ သေဆုံးကာ နေအိမ်အဆောက်အဦးတွေလည်း ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပါသေးတယ်။

လတ်တလောဖြစ်ပွားနေတဲ့ အပူပိုင်းမုန်တိုင်း နို(NOUL)ကြောင့် ရုတ်တရက် မိုးကြီးနိုင်တဲ့ သတိပေးချက်တွေကိုလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မေဇင်မြင့်(မျက်မှောက်ခေတ်)

error: Content is protected !!