Home > သတင်း > ကျန်းမာရေး > စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၀မြို့နယ်တွင် ကိုဗစ်ကူးစက်ခံရသူ လူဦးရေ ၁၂ဉီးအထိရှိလာ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၀မြို့နယ်တွင် ကိုဗစ်ကူးစက်ခံရသူ လူဦးရေ ၁၂ဉီးအထိရှိလာ

ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ စစ်ကိုင်းတိုင်းဒေသကြီးမှာ စက်တင်ဘာလ ဒုတိယပတ်ကနေ စတင်ကာ ၁၇ ရက်နေ့အထိ မြို့နယ် ၁၀ မြို့နယ်မှာ ကိုဗစ်ကူးစက်ခံနေရသူ လူဦးရေ ၁၂ ဉီးအထိ ရှိလာပြီလို့ သိရပါတယ်။ အခုလို ကူးစက်ခံနေရတဲ့သူတွေဟာ ပြည်ပကူးစက်မှုအနေနဲ့ တစ်ယောက်သာရှိခဲ့ပြီး ပြည်တွင်းကူးစက်မှုတွေက ပိုများလာနေတာလည်း ဖြစ်ပါတယ်။ ကိုဗစ်ကူးစက်ခံနေရသူတွေက သက်ဆိုင်ရာ ဆေးရုံဆေးခန်းတွေမှာ ဆေးကုသမှုတွေ ခံယူနေကြတာြဖစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ ပထမဉီးဆုံး ကိုဗစ်ကူးစက်ခံခဲ့ရတဲ့ မြို့နယ်ကတော့ ကလေးမြို့ဖြစ်ပါတယ်။ အဲဒီ ကလေးမြို့နယ်မှာဆိုရင် ဗစ်ကူးစက်ခံနေရသူ သုံးဉီးရှိနေပြီး မြင်းမူမြို့နယ်၊ ကောလင်းမြို့နယ်၊ အင်းတော်မြို့နယ်၊ မော်လိုက်မြို့နယ်၊ မြောင်မြိုု့နယ်၊ တန့်ဆည်မြို့နယ်၊ ဘုတလင်မြို့နယ်၊ အရာတော်မြို့နယ်နှင့် ဒီပဲယင်းမြို့နယ်တို့မှာ ကိုဗစ်ကူးစက်ခံနေရသူ တစ်ဉီးစီရှိကာ စုစုပေါင်း လူဉီးရေ ၁၂ ဉီးအထိရှိ လာနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကိုဗစ်ပထမလှိုင်းတုန်းကလည်း စစ်ကိုင်းတိုင်းမှာ ကိုဗစ်အတည်ပြုလူနာ အနေနဲ့ ကလေးမြို့မှာ ၆ ဦးနှင့် စစ်ကိုင်းမြို့မှာ အိန္ဒိယပြန် ၃ ဦး စုစုပေါင်း ၉ ဦးထိ တွေ့ရှိခဲ့ပါသေးတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုဗစ်ကူးစက်ခံနေရတဲ့သူတွေ ရှိလာခဲ့တဲ့အတွက် ကုန်တင်ကားတွေကလွဲလို့ တိုင်းကျော်ပြေးဆွဲနေကြတဲ့ ခရီးသည်တင်ယာဉ်ကားတွေကိုတော့ ပြီးခဲ့တဲ့ရက်ကနေ စတင်ကာ ရက်အကန့်အသတ်မရှိ ရပ်နားထားပြီးလည်းဖြစ်ပါတယ်။ ဒါ့အပြင် မုံရွာကနေ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသတွေကို ပြေးဆွဲနေကြတဲ့ ချင်းတွင်းမြစ်သွား ခရီးသည်တင် အမြန်ရေယာဉ်တွေကိုလည်း စက်တင်ဘာလ ၁၆ ရက်နေ့ကနေစတင်ကာ ရက်အကန့်အသတ်မရှိ ရပ်နားထားခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက စက်တင်ဘာလ ၁၆ ရက်နေ့ ရက်စွဲနဲ့ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်တွေကိုလည်း အရင်ကလို ဆိုင်ထိုင်ပြီး စားသုံးခွင့်မပေးတော့ပဲ ပါဆယ်စနစ်နဲ့သာ ရောင်းချကြဖို့ ညွှန်ကြားစာထုတ်ပြန်ထားခဲ့ပြီးလည်း ဖြစ်ပါတယ်။

error: Content is protected !!