Home > သတင်း > ရွေးကောက်ပွဲ > စစ်ကိုင်းတိုင်းအတွင်းက မဲရုံတွေအတွက် အထူးရဲ (၄၁၀၀) ကျော် ရွေးချယ်ထား

စစ်ကိုင်းတိုင်းအတွင်းက မဲရုံတွေအတွက် အထူးရဲ (၄၁၀၀) ကျော် ရွေးချယ်ထား

လာမယ့်အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မဲရုံတွေအတွက် အထူးရဲ (၄၁၀၀) ကျော်ရွေးချယ်ထားပြီး ဖြစ်တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။ ရွေးကောက်ပွဲကာလမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၀င်တွေအနေနဲ့ မဲရုံတွေကိုအနီးကပ်စောင့် ရှောက်ခွင့် မရှိတာကြောင့် မဲရုံအနီးကပ်စောင့်ရှောက်ဖို့ ရပ်ကွက်၊ကျေးရွာတွေကနေရွေးချယ်ပြီး အထူးရဲတွေ ခန့်ထားဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာ မဲရုံပေါင်း (၄၁၀၂) ရုံဖွင့်လှစ်ပြီး ရွေးကောက်ပွဲကျင်းပဖို့ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက စီစဉ်ထားတဲ့အတွက် မဲရုံတစ်ရုံမှာ အထူးရဲ (၁) ယောက်နှုန်းနဲ့ အနီးကပ်စောင့်ရှောက်နိုင်ဖို့ အထူးရဲ (၄၁၀၂) ယောက်ကို ရွေးချယ်ထားတယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ဘ၀င်းက ပြောပါတယ်။

“တိုင်းအတွင်းက မဲရုံတစ်ရုံကို အထူးရဲတစ်ယောက်ခန့်ထားမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ မဲရုံအားလုံးအတွက် အထူးရဲတွေစု ဆောင်းပြီးပါပြီ။”လို့ တိုင်း ဒုရဲမှူးကြီးက ပြောပါတယ်။

ရွေးကောက်ပွဲမှာ မဲရုံတွေကိုအနီးကပ် စောင့်ရှောက်ရမယ့် အထူးရဲတွေကို ရွေးကောက်ပွဲမစခင် တစ်လအလိုမှာ ရွေးကောက်ပွဲ နဲ့ပတ်သက်တဲ့ အသိပညာတွေ၊ ရဲတပ်သားတွေ သိရှိထားသင့်တဲ့ အခြေခံသဘောတရားတွေကို သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။ အထူးရဲအဖြစ်ရွေးချယ်ခံရတဲ့သူ အနေနဲ့ ရွေးကောက်ပွဲ အကြိုကာလကနေ ရွေးကောက်ပွဲ ပြီးတဲ့အထိ (၂) လကြာ တာ၀န်ထမ်းဆောင်ရမှာဖြစ်ပြီး ယူနီဖောင်း(၂)စုံ၊ ရဲတပ်သားတစ်ဦးရရှိတဲ့ လစာနဲ့ ရိက္ခာတွေအတိုင်း ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့က ဒုရဲမှူးကြီး ဘ၀င်း ကပြောပါတယ်။ ရွေးကောက်ပွဲပြီးသွားပါကလည်း မိမိရဲ့ သဘောဆန္ဒအရ ရဲတပ်ဖွဲ့မှာ ဝင်ရောက်ကာ အမြဲတမ်းရဲတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်လိုပါကလည်း ထမ်းဆောင်နိုင်အောင် ကူညီစီစဉ် ဆောင်ရွက်ပေးသွားမယ်လို့လည်း သိရပါတယ်။

error: Content is protected !!