Home > သတင်း > တရားဉပဒေစိုးမိုးရေး > မုံရွာနယ် ထနောင်းတောရွာကို စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၂ဦးကို သတ်ဖြတ်

မုံရွာနယ် ထနောင်းတောရွာကို စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၂ဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တောင်ပိုင်း ထနောင်းတော(မြောက်)ရွာကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ရက် ညပိုင်းမှာ စီးနင်းပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၂ဦးသေဆုံးပြီး နေအိမ်၂လုံးမီးလောင် ပျက်စီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။
“စစ်ကြောင်းက နှစ်ခုထိုးလာတာ၊ စွမ်းရည်ထက်ဂိတ်နဲ့ ညောင်ပင်သာ ဂိတ်က ညှပ်၀င်တာ၊ပွိုင့်ဖိုက်တွေရော ပါတယ်၊ နှစ်ယောက်သေသွားတယ်၊ရွာခံ ပြည်သူတွေပဲ” လို့ မုံရွာဒေသခံကာကွယ်ရေးတပ်ဖွဲ့၀င်တဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ထနောင်းတော(မြောက်)ရွာကို ၀င်ရောက်ချိန်မှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး သေဆုံးသွားသူ၂ဦးဟာ လူငယ်ပိုင်း အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင့် စစ်ကြောင်းထိုး၀င်ရောက်လာတဲ့ စစ်တပ်က ကျေးရွာအတွင်းမှာရှိတဲ့ နေအိမ်၂လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
“စတားလင့်ရှိတဲ့ အိမ် မီးရှို့ခံလိုက်ရတာဗျ၊ပြီးတော့ ရွာထဲက ကား လေးစီးနဲ့ ပစ္စည်းတွေလည်းယူသွားတယ်၊ညတွင်းချင်း ပြန်ဆုတ်သွားတာ”လို့ မုံရွာတောင်နယ် ဒေသခံသတင်းရင်းမြစ်တဦးက ပြောပါတယ်။
မုံရွာမြို့နယ် တောင်ခြမ်း ထနောင်းတောကျေးရွာကို အာဏာသိမ်းစစ်တက်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လနဲ့ ဩဂုတ်လအတွင်းမှာလည်း လက်နက်ကြီး ပစ်ခတ်မှု နဲ့ ဒရုန်းဗုံးသီးကြဲချ တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၁၂ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၃၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

error: Content is protected !!