Home > သတင်း > နိုင်ငံရေး (Page 6)

နာဂဒေသတွင် NSCN-K နှင့် ခွဲထွက်အဖွဲတို့ ထိပ်တိုက်တွေ့ဆုံပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ပေမယ့် စစ်ရှောင်မရှိဘူးလို့ ဒေသခံအမတ်ပြောကြား

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့က ထိတွေ့ပစ်ခတ်မှုအနည်းငယ် ဖြစ်ပွားခဲ့ပါတယ်။ ဒီထိတွေ့ပစ်ခတ်မှုနဲ့ပတ်သက်လို့ ထိခိုက်ဒဏ်ရာရရှိသူ မရှိသလို နေရပ်စွန့်ခွာ ထွက်ပြေးရသူလည်း မရှိဘူးလို့ လေရှီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။ “စစ်ဖြစ်တာလည်း မဟုတ်ဘူး။ လမ်းမှာ...
Read More

မင်းကင်းမြို့နယ်တွင် ရွေးကောက်ပွဲမှာ ငွေပေးမဲဆွယ်ခဲ့လို့ဆိုကာ NLD ပါတီကို ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းက ရဲစခန်းမှာ အမှုဖွင့်

၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ ရွေးကောက်ပွဲဉပဒေပါ ပြဌာန်းချက်တွေကို ချိုးဖောက်ပြီး ငွေကြေးပေးကာ စည်းရုံးခဲ့တယ်ဆိုကာ မင်းကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ကိုယ်စားလှယ်လောင်း ဦးဇော်မိုးလွင်က NLD ပါတီကို နိုဝင်ဘာလ ၂၂ ရက်နေ့က မောက္ကတော်နယ်မြေရဲစခန်းမှာ အမှု ၃...
Read More

ပြည်ခိုင်ဖြိုးအမတ် ဦးမောင်မြင့်ကို NLD ဉ/ထောက်ကော်မတီက ရဲစခန်းမှာ အမှုဖွင့်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ကို မင်းကင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဉပဒေအထောက်အကူပြုအဖွဲ့ကနေ တရားလိုပြုလုပ်ကာ မင်းကင်းမြို့မရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။ ရွေးကောက်ပွဲမဲဆွယ် ကာလအတွင်း မင်းကင်းမြို့နယ်အတွင်းက ကျွန်းတော်ကျေးရွာနှင့် ဉယျာဉ်မကျေးရွာတို့မှာ ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြပြီး မဲဆွယ်ခဲ့တာကြောင့်...
Read More

မေတ္တာတရားကို မေတ္တာတရားဖြင့် တုန့်ပြန်ရင် အသင့်ရှိကြောင်း AA ထုတ်ပြန်

ရက္ခိုင့်တပ်တော် (AA) ရဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့က စာမျက်နှာ နှစ်မျက်နှာပါ ထုတ်ပြန်ကြေငြာချက်မှာ ဖော်ပြထားတာပါ။ AA ကနေ အောက်တိုဘာလ ၁၄ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ကိုယ်စားလှယ်လောင်း ၃...
Read More

MMK News- ဖမ်းဆီးခံထားရတဲ့ မုံရွာဗကသကျောင်းသားကို နောက်ရုံးချိန်းထပ်မံချိန်းဆို

ပြည်တွင်းစစ်ရပ်စဲရေးအတွက် မုံရွာမြို့က လူစည်ကားရာနေရာတွေ၊ ဌာနဆိုင်ရာအဆောက်အဦးရှေ့တွေမှာ စာရွက်ကပ်ခဲ့လို့ဆိုပြီး မုံရွာခရိုင်ဗကသကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုလင်းသူရကို ကို စက်တင်ဘာလ ၁၇ ရက်နေ့က နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။ ဖမ်းဆီးခံရပြီး ၂ လကြာတဲ့အထိ မိသားစု၊ အပေါင်းအသင်းတွေနဲ့ တွေ့ခွင့်မရသေးသလို တရားရုံးထုတ်တာတွေလည်း မရှိသေးတဲ့အတွက် စိုးရိမ်စိတ်တွေ...
Read More

ထောက်ခံသူရော၊ မထောက်ခံသူရဲ့အခွင့်အရေးပါ ကာကွယ်သွားမယ်လို့ NLD ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အနေနဲ့ အဖွဲ့ချုပ်ကို ထောက်ခံတဲ့သူရော မထောက်ခံတဲ့ ပြည်သူတွေရဲ့အခွင့်အရေးကိုပါ ကာကွယ်စောင့်ရှောက်သွားမယ်လို့ နိုဝင်ဘာ (၁၇) ရက်က NLD ပါတီရဲ့ facebook စာမျက်နှာမှာ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ ထုတ်ပြန်ချက်မှာ စာပိုဒ် (၅) ပိုဒ် ပါဝင်ပြီး...
Read More

ပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့ကို ရွာထဲအဝင်မခံခဲ့တဲ့ ရာအိမ်မှုးကို ထောင်ဒဏ်တစ်လချမှတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကြိုးကြာကန်ကျေးရွာကို ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်အမာကြည်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်သီတာဝင်းတို့ အပါအဝင် NLD ပါတီဝင်တွေက အောက်တိုဘာလ ၂၇ ရက်နေ့က မဲဆွယ်စည်းရုံးရေးသွားရာမှာ ရွာထိပ်အရောက်မှာ ရာအိမ်မှုးက ဝါးလုံးနဲ့တားကာ အဝင်မခံတာဖြစ်ခဲ့ပါတယ်။ ဒီအတွက်...
Read More

ကနီမြို့နယ်တွင် မဲဆန္ဒရှင်အချို့ မဲပေးခွင့်ဆုံးရှုံးခဲ့တဲ့အပေါ် အမှုဖွင့်တိုင်ကြား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ သစ်ခက်ကျေးရွာတွင် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ မဲမပေးလိုက်ရသူတွေက သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူကို အရေးယူပေးဖို့ နိုဝင်ဘာလ ၁၂ ရက်နေ့က ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။ သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲကို...
Read More

စစ်ကိုင်းတိုင်းမှာ မဲဆန္ဒနယ် ၃၀ ခုရဲ့ မဲရလဒ်ကိုသာ ထုတ်ပြန်နိုင်သေး

ရွေးကောက်ပွဲကျင်းပပြီး (၃) ရက်ကြာတဲ့ ဒီကနေ့ နို၀င်ဘာလ (၁၁) ရက်နေ့ နေ့လည်ပိုင်းအထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ် (၁၀) မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် နဲ့ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၃၀ ကိုသာ မဲရလဒ်တွေ ထုတ်ပြနိုင်သေးတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြင်းမူ၊...
Read More
error: Content is protected !!