စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ပြည်ထောင်စုလမ်းနှင့် မြို့ပတ်လမ်းထောင့်ရှိ မီးပွိုင့်တွင် တာဝန်ကျ ယာဉ်ထိန်းရဲတဦး စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လည်ပိုင်းက သေနတ်နဲ့ ပစ်ခံရတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။ ဘယ်သူတွေက ဘာကြောင့် ပစ်သွားတယ်ဆိုတာ မသိရသေးသလို သေနတ်ပစ်ခံရတဲ့ ယာဉ်ထိန်းရဲ သေဆုံးမှုရှိမရှိဆိုတာတော့ စုံစမ်းနေဆဲဖြစ်လို့ အသေးစိပ် မသိရသေးပါဘူး။
လက်ရှိမှာတော့ အခင်းဖြစ်ပွားရာ နေရာအနီးတဝိုက်မှာ စစ်ကောင်စီအကြမ်းဖက်တပ်တွေက လာသမျှကို တားဆီးစစ်ဆေးနေတာတွေလည်း ရှိနေပါတယ်။ သေနတ်ပစ်ခံရတဲ့ ယာဉ်ထိန်းရဲကိုတော့ လူမှုကူညီရေးအသင်းကားတစီးနဲ့ သွားရောက်သယ်ဆောင်နေတယ်လို့ သိရပါတယ်။
ခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်မှာ စစ်ဆင်ရေးလုပ်ဖို့ ရဲချုပ်ကိုယ်တိုင်လာရောက်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီအတွက် စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီအကြမ်းဖက်တပ်တွေ နေရာရွှေ့ပြောင်း လှုပ်ရှားမှုတွေကိုလည်း ခပ်စိပ်စိပ် တွေ့မြင်နေရတယ်လို့ ဒေသခံတွေရဲ့ သတင်းပေးပို့ချက်တွေအရ သိရပါတယ်။
#ယာဉ်ထိန်းရဲသေနတ်ပစ်ခံရ #မုံရွာ #စစ်ကိုင်းတိုင်း #မျက်မှောက်ခေတ်