ဖမ်းဆီးခံခဲ့ရတဲ့ နာဂဒေသဦးစီးဥက္ကဌအပါအဝင် ကိုယ်စားလှယ်တို့ လွတ်မြောက်လာ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နာဂဦးစီးအဖွဲ့ဥက္ကဌ ဦးကေဆိုင်း၊ နန်းယွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်နှင့် နန်းယွန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အလုပ်အမှုဆောင် ၄ ဦးတို့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။ “ကိုစိမ်းမောင်နဲ့ ပါတီ EC ၄ ဦးတို့ကို နန်းယွန်း... Read More
နီးသလိုလိုနဲ့ ဝေးနေသေးတဲ့ လက်ပံတောင်းတောင် မြေယာလျော်ကြေး
ကမ္ဘာကျော်လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် ဒေသခံတွေရဲ့ ဘိုးဘွားပိုင်လယ်ယာမြေဧက ၅ ထောင်နဲ့အထက် သိမ်းဆည်းခံခဲ့ရပြီး စီမံကိန်းအနီးက တောင်သူမြောက်များစွာ လယ်မဲ့ယာမဲ့ဘဝကို ရောက်ရှိခဲ့ကြရပါတယ်။ စီမံကိန်းစတင်စဉ်ကတည်းက တောင်သူအများစုကတော့ မြေယာလျော်ကြေးရယူတာ၊ စီမံကိန်းနဲ့ မလွတ်ကင်းတဲ့ နေအိမ်အဆောက်အဦးတွေ ပြောင်းရွှေ့ဖယ်ရှားပေးတာတွေလည်း ရှိခဲ့ပါတယ်။ သို့သော်လည်း တောင်သူတချို့ကတော့ စီမံကိန်းကြောင့် ဆုံးရှုံးနစ်နာမှုတွေအတွက်... Read More
အစိုးရသစ်ကို ကြိုဆိုတဲ့အနေနဲ့ ခန္တီးတွင် စုပေါင်းအမှိုက်ကောက်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ခန္တီးမြို့တွင် အစိုးရသစ်ကြိုဆိုတဲ့အနေနဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းက စုပေါင်းအမှိုက်ကောက်တာတွေကို ပြုလုပ်ခဲ့ပါတယ်။ ခန္တီးမြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ဦးဆောင်ကာ မြို့နယ်စည်ပင်သာယာရေးကော်မတီနဲ့ ပူးပေါင်းပြီး ကမ်းနားလမ်းတလျှောက်မှာ စည်းကမ်းမဲ့စွန့်ပစ်ထားတဲ့ အမှိုက်တွေကို ကောက်ယူခဲ့ပြီး ရှင်းလင်းခဲ့ကြတာပါ။ “အခုကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဦးဆောင်ပြီး အစိုးရသစ်ကြိုဆိုတဲ့အနေနဲ့ရော... Read More
NLD ပါတီမှ အနိုင်ရ တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကန့်ကွက်လွှာ တင်သွင်းခံရ
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးနိုင်နိုင်ဝင်းကို ရွေးကောက်ပွဲမှာ တရားမဲ့ ပြုကျင့်မှုတွေကြောင့် အနိုင်ရရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ ပြည်ထောင်စု... Read More
ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ရာမှာ အိမ်ထောင်စုဇယားလိုအပ်လို့ မြို့နယ်လဝကရုံးကို လာရောက်ပြုလုပ်နေသူတွေ များပြားနေ
ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို မကြာခင်ကာလအတွင်း တစ်နိုင်ငံလုံးမှာ အသစ်ပြန်လည် ရွေးချယ်တော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မုံရွာအပါအဝင် တချို့မြို့နယ်တွေမှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးရွေးချယ်ရာမှာ အဓိကလိုအပ်နေတဲ့ ကြီးကြပ်ရေးအဖွဲ့ ရပ်မိရပ်ဖ ၅ ဦးကို ကြိုတင်ရွေးချယ်တာတွေလည်း ပြုလုပ်နေပြီဖြစ်ပါတယ်။ အဲဒီလိုရွေးချယ်ရာမှာ လိုအပ်တဲ့ အိမ်ထောင်စုဇယားတွေကို အခုရက်ပိုင်းအတွင်း... Read More
တပ်မတော်သားတွေအပါအဝင် ကိုယ်စားလှယ် ၂၀၀ ကျော်တောင်းဆိုတဲ့ လွှတ်တော်အထူးအစည်းအဝေး ကျင်းပဖို့ မရှိကြောင်း ပြည်ထောင်စုလွှတ်တော်ရုံး ထုတ်ပြန်
ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကျန်ရှိနေသေးတဲ့ကာလအတွင်း ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ယူကျင်းပပေးဖို့ ဇန်နဝါရီလ ၁၁ ရက်နေ့က လွှတ်တော်နာယကထံ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် ကိုယ်စားလှယ် ၂၀၃ ဦးက လက်မှတ်ထိုး တောင်းဆိုခဲ့တာပါ။ အခုလို တောင်းဆိုချက်နဲ့ပတ်သက်ပြီး လွှတ်တော်အထူးအစည်းအဝေး ကျင်းပဖို့ မရှိကြောင်းကို ပြည်ထောင်စုလွှတ်တော်ရုံးကနေ စာမျက်နှာ ၃... Read More
နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံထားရတဲ့ ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်းအပါအဝင် ၃ ဦးကို ၃ ပတ်ကျော်အကြာမှ ဖမ်းဆီး
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်တွင် ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးခဲ့စဉ်ကာလမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်း၂ ဦးနှင့် ပါတီရဲ့ရပ်ကျေးစည်းရုံးရေးမှုးတို့ကို နိုင်ငံတော်အကြည်ညိုပျက်အောင် ဟောပြောစည်းရုံးတာတွေ ပြုလုပ်ခဲ့လို့ ဆိုပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှုးက တရားလိုပြုလုပ်ကာ ဒီဇင်ဘာလ ၈ ရက်နေ့က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅... Read More
ခန္တီးမြို့တွင် တပ်မတော် ထောက်ခံပွဲ ပြုလုပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်းဒေသ၊ ခန္တီးမြို့တွင် ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက်ပိုင်းက တပ်မတော် ထောက်ခံပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီထောက်ခံပွဲကို တပ်မတော်ချစ်တဲ့ ပြည်သူတွေအဖွဲ့ကနေ ဦးဆောင်ပြုလုပ်ခဲ့တာပါ။ “အခုက ကျွန်မတို့ထောက်ခံပွဲ ပြုလုပ်တာက တပ်မတော်က ပြည်သူတွေကို အကာကွယ်ပေးနေတယ်။ ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်... Read More
ကာဘိုးအကြမ်းဖက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖမ်းဆီးခံရသူတွေကို ရုံးတင်စစ်ဆေးတာမရှိသေးဘဲ နှောင့်နှေးကြန့်ကြာနေလို့ အမှုဝေဝါးသွားမှာကို စိုးရိမ်နေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြိုနယ်၊ ကာဘိုးစံပြကျေးရွာမှာ အောက်တိုဘာလ ၂၂ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီဝန်းရံသူတွေနဲ့ NLD ပါတီဝန်းရံတဲ့သူတွေ ရုန်းရင်းဆံခတ်ဖြစ်ပွားခဲ့ပြီး ရိုက်နှက်ခံရသူ အမျိုးသားတစ်ဦး ရရှိဒဏ်ရာတွေကြောင့် ဆေးကုသမှုခံယူရင်း သေဆုံးသွားခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လူ ၁၅ ဦးကို ဖမ်းဆီးထားပေမယ့် ရုံးချိန်း ၃... Read More









