Home > စစ်အာဏာရှင်ဆန့်ကျင်ရေး > အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကိုယ်စားလှယ် နိုင်ငံ ၅ နိုင်ငံမှာ ခန့်အပ်ထား

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကိုယ်စားလှယ် နိုင်ငံ ၅ နိုင်ငံမှာ ခန့်အပ်ထား

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကိုယ်စားလှယ်တွေကို နိုင်ငံပေါင်း ၅ နိုင်ငံမှာ ခန့်အပ်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့က ကိုရီးယားနိုင်ငံ အပါအဝင် ဩစတေးလျ၊ ပြင်သစ်၊ အင်္ဂလန်နှင့် ချက်သမ္မတနိုင်ငံတွေမှာ NUG ကိုယ်စားလှယ်တွေကို အဲဒီနိုင်ငံတွေရဲ့ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ခန့်အပ်ထားတာဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံကိုယ်စားလှယ်ကို ဦးရန်နိုင်ထွန်း၊ ဩစတေးလျနိုင်ငံမှာ ဒေါက်တာ တင်မောင်ရွှေ၊ ချက်သမ္မတနိုင်ငံမှာ ဦးလင်းသန့်၊ ပြင်သစ်နိုင်ငံမှာ ဦးအောင်ခန့်၊ အင်္ဂလန်နိုင်ငံမှာ ဒေါက်တာ သက်ကိုကိုနှင့် ဦးမောင်မောင်အုန်းတို့ကို တရားဝင်ခန့်အပ်ထားတာပါ။

“NUG အစိုးရသည် ပထမတုန်းက ရည်မှန်းထားခဲ့တဲ့အတိုင်းပဲ အစိုးရတရပ်အနေနဲ့ ရပ်တည်နိုင်ဖို့အတွက် တရားဝင် လုပ်ငန်းဆောင်တာတွေကို အစိုးရတရပ်ရဲ့ Organism အတိုင်းသွားနေပါတယ်။ အဲဒီအတွင် သက်ဆိုင်ရာနိုင်ငံတွေမှာ ကိုယ်စားလှယ်တွေ ခန့်အပ်ဖို့ ဆက်ပြီး လုပ်သွားမှာပါ။”လို့ ချက်သမ္မတနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးလင်းသန့်က ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောဆိုထားပါတယ်။

လက်ရှိမှာ အာဏာသိမ်းစစ်ကောင်စီကောNUG အစိုးရတို့ကပါ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာရဲ့ အသိအမှတ်ပြုခံရဖို့ အပြိုင်အဆိုင်ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ ကာလသမဂ္ဂအစည်းအဝေးမှာတော့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို တက်ရောက်ခွင့်မပေးဘဲ NUG က ခန့်အပ်ထားတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ တက်ရောက်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အမေရိကန်နှင့် ဥရောပနိုင်ငံတွေအပါအဝင် နိုင်ငံအများစုက ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီး အရပ်သား အစိုးရကို အာဏာလွှဲပြောင်းပေးဖို့နှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းဖို့ လိုလားနေကြပါတယ်။
သို့သော်လည်း အာဏာသိမ်းစစ်ကောင်စီကတော့ နောက်ပြန်လှည့်လိုခြင်းမရှိဘဲ အရပ်သားတွေအပေါ် အကြမ်းဖက် ဖမ်းဆီးပစ်ခတ် သတ်ဖြတ်မှုတွေကို ကျူးလွန်နေဆဲဖြစ်သလို နေအိမ်အဆောက်အဦးတွေ မီးရှို့တာ၊ ပစ္စည်းတွေ လုယက်တာတွေကိုလည်း ကျူးလွန်နေဆဲဖြစ်ပါတယ်။ လကိရှိမှာတော့ NUG အစိုးရက စစ်အာဏာရှင်ကို တွန်းလှန်တိုက်ထုတ်ဖို့ D Day ကိုလည်း ကြေငြာထားပြီးဖြစ်ကာ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းတို့မှာ ဒေသကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနှင့် စစ်ကောင်စီအကြမ်းဖက်တပ်တွေ တိုက်ပွဲဖြစ်ပွားတာတွေရှိနေပြီး ဒေသခံတွေညသိန်းနဲ့ချီကာ နေကပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

မျက်မှောက်ခေတ်

error: Content is protected !!