Home > စစ်အာဏာရှင်ဆန့်ကျင်ရေး > CDM ရဲတွေဦးဆောင်ကာ ပြည်သူ့ရဲတပ်ဖွဲ့ ဇိုလန် ဖွဲ့စည်းကြောင်း ကြေညာ

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်နှင့် တွန်းဇံမြို့နယ်တွေက ပြည်သူ့ဘက်တော်သာ CDMရဲတွေဦးဆောင်ကာ People’s Police Force-Zoland ကို စတင်ဖွဲ့စည်းလိုက်ကြောင်း Zomi Revolution Army က စက်တင်ဘာလ ၂၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

တီးတိန်၊ တွန်းဇံမြို့နယ်တွေက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်နှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ရည်ရွယ်ကာ ဖွဲ့စည်းတာဖြစ်ပြီး NUG အစိုးရအပါအဝင် ဒေသကာကွယ်ရေးတပ်တွေ၊ ပြည်သူတွေနဲ့ ပူးပေါင်းကာ စတင်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီ PPF-Zoland ကို CDM ရဲတပ်ဖွဲ့ဝင် ဘယ်လောက်နဲ့ ဖွဲ့စည်းတယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်းမရှိပါဘူး။ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (Karreni State Police-KSP) ကို CDM ရဲတပ်ဖွဲ့ဝင် ၃၂၀ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့ပါသေးတယ်။

#မျက်မှောက်ခေတ် #စစ်အာဏာရှင်ဆန့်ကျင်ရေး #ပြည်သူ့ရဲတပ်ဖွဲ့ #ချင်းပြည်နယ်မြောက်ပိုင်း

error: Content is protected !!