Home > သတင်း > စစ်ရေး > လူမှုကွန်ရက်မှာ သတင်းတုသတင်းမှားဖြန့်သူ‌တွေအ‌ေနနဲ့ အပြည့်အဝ တာဝန်ယူရမယ်လို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကြေငြာ

လူမှုကွန်ရက်မှာ သတင်းတုသတင်းမှားဖြန့်သူ‌တွေအ‌ေနနဲ့ အပြည့်အဝ တာဝန်ယူရမယ်လို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကြေငြာ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အခြေစိုက် မင်းတပ် CDF ရဲ့ အလှုငွေနဲ့ပတ်သက်ပြီး အချင်းများရာကနေ ပစ်ခတ်မှု ဖြစ်တာကြောင့် သေဆုံးဒဏ်ရာရသူတွေရှိတယ်လို့ မင်းတပ် CDFနှင့် မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ရဲ့ လိုဂိုတံဆိပ်တွေ အသုံးပြုကာ သတင်းတု သတင်းမှားတွေကို စက်တင်ဘာလ ၂၄ ရက်နေ့ ရက်စွဲနဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းတု သတင်းမှားတွေကို မယုံကြည်ကြဖို့နဲ့ သတင်းတု သတင်းမှာ ဖြန့်ဝေနေသူတွေကို စုံစမ်းဖော်ထုတ်နေပြီး အဲဒီလူတွေအနေနဲ့ အပြည့်အဝ တာဝန်ယူရမှာ ဖြစ်တယ်လို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ စက်တင်ဘာလ ၂၅ ရက်နေ့ ရက်စွဲနဲ့ အသိပေးကြေငြ။ချက်စာတစောင် ထုတ်ပြန်လိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းတု သတင်းမှားတွေကို မယုံကြည်ကြဖို့နဲ့ သတင်းတု သတင်းမှာ ဖြန့်ဝေနေသူတွေကို စုံစမ်းဖော်ထုတ်နေပြီး အဲဒီလူတွေအနေနဲ့ အပြည့်အဝ တာဝန်ယူရမှာ ဖြစ်တယ်လို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ စက်တင်ဘာလ ၂၅ ရက်နေ့ ရက်စွဲနဲ့ အသိပေးကြေငြ။ချက်စာတစောင် ထုတ်ပြန်လိုက်ပါတယ်။

ချင်းပြည်နယ်အပါအဝင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့က စုစုပေါင်း မြို့နယ် ၂၃ မြို့နယ်မှာ အင်တာနက်နှင့် တယ်လီဖုန်းဆက်သွယ်ရေးတွေကို စစ်ကောင်စီအကြမ်းဖက်တပ်က ဖြတ်တောက်ထားပါတယ်။ အင်တာနက်ဖြတ်တောက်ခံရပြီးနောက်ပိုင်း ရည်ရွယ်ချက်ရှိရှိနဲ့ သတင်းတု သတင်းမှားတွေက ထွက်ပေါ်လာနေတာလည်း ဖြစ်ပါတယ်။

အင်တာနက်နှင့် တယ်လီဖုန်းလိုင်းတွေကို ဩဂုတ်လအတွင်းမှာ ဖားကန့်မြို့ကို စတင်ဖြတ်တောက်ခဲ့ပြီး ကျန်တဲ့ ၂၂ မြို့နယ်ကတော့ စက်တင်ဘာလအတွင်းမှာ ဖြတ်တောက်ခံထားရတာ ဖြစ်ပါတယ်။ အဆိုပါ မြို့နယ်တွေက စစ်ကောင်စီအကြမ်းဖက်တပ်တွေနှင့် ဒေသကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေလည်း ဖြစ်ပါတယ်။ အင်တာနက်၊ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ မြို့နယ်တွေကို စစ်ကောင်စီအကြမ်းဖက်တပ်က စစ်ရေးတိုးချဲ့မှုတွေ ပြုလုပ်နေပြီး လူသတ်တာ၊ မီးရှို့တာ၊ မုဒိမ်းကျင့်၊ လုယက်တာတာ စတဲ့ စစ်ရာဇဝတ်မှုမျိုးစုံကိုလည်း ကျူးလွန်နေပါတယ်။

#မျက်မှောက်ခေတ် #အင်တာနက်ဖြတ်တောက် #သတင်းတုသတင်းမှား #မင်းတပ်CDF #ချင်းပြည်နယ်

error: Content is protected !!