မကွေးတိုင်း၊ ပခုက္ကူခရိုင်၊မြိုင်မြို့နယ် သပြေညိုရေနံမှော် တစ်နေရာမှာ ဒီကနေ့ မတ်လ ၂၅ရက် နေ့လယ်ပိုင်းက ရေနံစိမ်းကန်ဟောင်းအချို့ မီးလောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တောမီးကတဆင့် တွင်းအဟောင်းတွေဆီကူးလာတာလို့ဒေသခံတွေကပြောပါတယ်။
“မနေ့ညကတည်းက မီးကလောင်နေတာ တောမီးကနေ ဒီထိရောက်လာတာ စက်မောင်းတဲ့တစ်လုံး ပေါ်မီးပွားရောက်လာသေးတယ်။ ရာသီကပူနေတာနဲ့ အချိန်မှီသာမတားနိုင်ရင် မလွယ်ဘူး။ ခုလောင်နေတဲ့တွင်းက အဟောင်းတွေပါ” လို့ ဒေသခံတဦးကပြောပါတယ်။
မီးလောင်နေတဲ့နေရာအချို့ကို မီးငြိမ်းသတ်နေကြတယ်လို့လည်းသိရပါတယ်။ မီးလောင်မှုကြောင့် ရေနံတွင်းအချို့ဆုံးရှုံးခဲ့ရတယ်လို့ ကနဦးသိရပါတယ်။ပိုင်းက ရေနံစိမ်းကန်ဟောင်းအချို့ မီးလောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုံအညွှန်း – သပြေညိုရေနံမှော် ရေနံစိမ်းကန်ဟောင်းတချို့ မီးလောင်သွားတဲ့နေရာ။






