Home > သတင်း > ကျန်းမာရေး > တီးတိန်တွင် သေဆုံး အမျိုးသားတစ်ဦးထံမှ ကိုဗစ်ပိုးတွေ့

တီးတိန်တွင် သေဆုံး အမျိုးသားတစ်ဦးထံမှ ကိုဗစ်ပိုးတွေ့

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ ဇန်နဝါရီလ ၄ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက သေဆုံးသူတစ်ဦးထံကနေ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ပြောပါတယ်။ သေဆုံးသူက တီးတိန်မြို့၊ မြို့မရပ်ကွက်နေထိုင်သူဖြစ်ပြီး နေအိမ်မှာ အသက်ရှုကြပ်ရာကနေ ဒီကနေ့ မနက် ၆နာရီက သေဆုံးခဲ့တာပါ။ သေဆုံးသူကို Swab နမူနာ ရယူစစ်ဆေးခဲ့ရာမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်ပါတယ်။

“သူ့မှာ ဆီးချို၊သွေးချိုရောဂါအခံရှိတယ်။ နာတာရှည်ဖြစ်နေတာလဲကြာပြီ။ ဒါပြီး ဘာမှမသွားဘူး။ ဒီကနေ့ အသက်ရှုကြပ်ပြီး သေဆုံးသွားတာ။ Swab ယူစစ်တော့ ပိုးတွေ့ခဲ့တာ။”လို့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ပြောပါတယ်။

သေဆုံးသူမှာ အသက် (၇၅) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး သေဆုံးသူအလောင်းကိုတော့ တီးတိန်သုသာန်မှာ ဒီကနေ့ မနက်ပိုင်းက ချက်ချင်း မြေမြှုပ်သဂြိုလ်ခဲ့တာပါ။ အဲဒီသေဆုံးပိုးတွေ့သူရဲ့ အတူနေ မိသားစုဝင်တွေနဲ့ ထိတွေ့သူတွေကို Quarantine ထားရှိမှာဖြစ်ပြီး Swab နမူနာရယူ စစ်ဆေးသွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၆ ရက်နေ့က တီးတိန်မြို့နယ် တွီးထန်ကျေးရွာနေ အသက် ၆၃ နှစ်အရွယ် အမျိုးသားတစ်ဦး ရုတ်တရက်သေဆုံးခဲ့ပြီး Swab နမူနာရယူစစ်ဆေးခဲ့ရာ ပိုးတွေ့ရှိခဲ့ပါသေးတယ်။ တီးတိန်မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၅၀ ကျော်အထိရှိနေပြီး လက်ရှိတီးတိန်မြို့ပြည်သူ့ဆေးရုံမှာ ဆေးကာသမှုခံယူနေသူ ၁၃ ဦးနဲ့ တွီးထန်တိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေသူ ၂၂ ဦးရှိက သေဆုံးပိုးတွေ့သူကတော့ ၂ ဦးရှိပြီဖြစ်ပါတယ်။ ချင်းပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၂၀၀ ကျော်အထိရှိပြီး တီးတိန်နဲ့မင်းတပ်မြို့နယ်တို့က အများဆုံးပိုးတွေ့ရှိနေကာ စုစုပေါင်းဆေသုံးသူ ၃ ယောက်ရှိပြီလည်း ဖြစ်ပါတယ်။ သေဆုံးသူတွေကတော့ မတူပီနှင့် တီးတိန်မြို့နယ်တို့က ဖြစ်ပါတယ်။

ပိုတေး

error: Content is protected !!