Home > သတင်း > စီးပွားရေး > စစ်ကော်မရှင်က စက်သုံးဆီခြိုးခြံချွေတာဖို့ ‌ယာဉ်တွေကို စုံ/မ ရက်သတ်မှတ်မောင်းနှင်ဖို့ ထုတ်ပြန်

စစ်ကော်မရှင်က စက်သုံးဆီခြိုးခြံချွေတာဖို့ ‌ယာဉ်တွေကို စုံ/မ ရက်သတ်မှတ်မောင်းနှင်ဖို့ ထုတ်ပြန်

စစ်ကော်မရှင်က စက်သုံးဆီခြိုးခြံချွေတာဖို့အတွက် ယာဉ်တွေကို စုံ/မ ရက် သတ်မှတ်ပြီး မောင်းနှင်ရမယ်လို့ ဒီက‌နေ့ မတ်လ ၃ ရက် ညပိုင်းအချိန်မှာထုတ်ပြန်လာပါတယ်။

မတ်လ ၇ ရက်ကစတင်ပြီး ပုဂ္ဂလိကယာဉ်တွေ၊ လုပ်ငန်းသုံးယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်တွေဟာ စုံ/မ ရက်သတ်မှတ်ချက်နဲ့သာ မောင်းနှင်အသုံးပြုရမှာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

လစဉ် “စုံ” ရက်တွေမှာ စုံနံပါတ်အက္ခရာပါတဲ့ယာဉ်တွေ (ဥပမာ- 2A/—- ——- စသည်ဖြင့်)၊ “မ” ရက်တွေမှာ မနံပါတ်အက္ခရာပါတဲ့ယာဉ်တွေ (ဥပမာ-1A/—- 3A/—- စသည်ဖြင့်) စတဲ့ ပုဂ္ဂလိကပိုင်ယာဉ်တွေ မောင်းနှင်အသုံးပြုရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

EV မော်တော်ယာဉ်၊ EV မော်တော်ဆိုင် ကယ်တွေ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်တွေ၊ အငှားယာဉ်တွေ (Taxi)၊ စက်သုံးဆီ သယ်ယူပို့ဆောင်တဲ့ယာဉ်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ယာဉ်တွေ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်တွေ၊ လူနာတင်ယာဉ် ၊ နိဗ္ဗာန်ယာဉ်တွေနဲ့ စည်ပင်အမှိုက်သိမ်း ယာဉ်တွေကတော့ နေ့စဉ်အသုံးပြုနိုင်မှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

အရှေ့အလယ်ပိုင်းဒေသတွင်းမှာ စစ်ရေး ပဋိပက္ခတွေကြောင့် လောင်စာဆီပြတ်လပ်မှာကို စိုးရိမ်နေကြပြီး ဒီ‌ကနေ့မှာ မြို့နယ်အများစုမှာ ဆီတန်းစီဝယ်ယူတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

error: Content is protected !!