Home > သတင်း > စီးပွားရေး > မုံရွာမှာ စက်သုံးဆီဆိုင်တချို့ ပိတ်ထား၊ဖွင့်တဲ့ဆိုင်တွေမှာလည်းအကန့်အသတ်နဲ့သာ ရောင်းချပေး

မုံရွာမှာ စက်သုံးဆီဆိုင်တချို့ ပိတ်ထား၊ဖွင့်တဲ့ဆိုင်တွေမှာလည်းအကန့်အသတ်နဲ့သာ ရောင်းချပေး

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ မတ်လ၄ ရက် မနက်ပိုင်းကစပြီး စက်သုံးဆီဆိုင်တချို့ပိတ်ထားပြီးဖွင့်တဲ့ဆီဆိုင်တွေမှာ တန်း၊စီ၊တိုး ၀ယ်ယူနေရတယ်လို့ မြို့ခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

“မနေ့က ညနေအထိ ပုံမှန်ပဲ၊ဒီနေ့မနက်ပိုင်း မှဆိုင်တွေပိတ်ကုန်တာဖွင့်တဲ့ဆိုင်တွေကြလည်းတန်းစီ၀ယ်ရတာ၊ဈေးကတော့ မတက်ဘူး” လို့မုံရွာမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မုံရွာမြို့ပေါ်က ဆီဆိုင်ကြီးတချို့ ပိတ်ထားသလို့ ဖွင့်လှစ်ရောင်းချတဲ့ ဆိုင်တွေမှာလည်း လိုသလောက်မရဘဲ အကန့် အသတ်နဲ့သာ ရောင်းချပေးတာဖြစ်တယ်လို့ သိရပါတယ်။

ဆီဆိုင်ကြီးတွေ ပိတ်လိုက်တာကြောင့် လမ်းမဘေးတွေနဲ့ ရပ်ကွက်အတွင်းရောင်းချပေးတဲ့လက်လီ ဆီဆိုင်တွေလည်း ပိတ်ထားတယ်လို့မြို့ခံတွေက ပြောပါတယ်။

“တချို့ဆိုင်တွေက ၄၀၀၀ ဖို့ရောင်းပေးတယ်၊တချို့ဆိုင်တွေကတော့ ၁၀၀၀၀ ဖိုးအထိရောင်းပေးတယ်၊ဆိုင်ကယ်ထဲပဲထည့်ရတာ၊ ပုံးအအလွတ်တွေရောင်းမပေးဘူး”လို့ မြို့ခံပြည်သူတစ်ဦးက ပြောပါတယ်။

စက်သုံးဆီ ၀ယ်ယူသူတချို့ကလည်း ပုံးအလွတ်ယူဆောင်လာကာ ၀ယ်ယူခွင့်ရသလောက် ဆိုင်ကယ်ထဲထည့်ပြီး ယူဆောင်လာတဲ့ ပုံးထဲထည့်ကာ အကြိမ်ကြိမ် ပြန်လည် တန်းစီ၀ယ်ယူတဲ့အတွက်စက်သုံးဆီဆိုင်တချို့က အလုပ်သွား၊အလုပ်ပြန်အချိန်တွေမှာပဲဖွင့်လှစ်ရောင်းချပေးတာတွေရှိတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကော်မရှင်တပ်ကလည်း မတ်လ(၇)ရက်နေ့ကစပြီး ကိုယ်ပိုင်ယာဉ်တွေအနေနဲ့ စုံ၊မ ခွဲခြားကာ အလှည့်ကျ မောင်းနှင်အသုံးပြုဖို့ မနေ့ မတ်လ (၃)ရက်နေ့က အမိန့်ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ- မုံရွာ-မန္တလေးလမ်းပိုင်း မြို့အ၀င်(ပုံဟောင်း)

error: Content is protected !!