စစ်ကိုင်းတိုင်းဒေသကြီးတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ပစ္စည်းပို့တဲ့ တွဲကားသမား ၄ ဦးအပါအဝင် ကိုဗစ်အတည်ပြုလူနာ ၇ ဦးထပ်တိုး
စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုဗစ်အတည့်ပြုလူနာအသစ် ၇ ဦး ထပ်မံတွေ့ရှိရတယ်လို့ စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီရဲ့ ကနဦးထုတ်ပြန်ချက်အရ သိရပါတယ်။ မုံရွာမြိုနယ်က ရောဂါပိုးလူနာ ၅ ဦးထဲက မွန်ပြည်နယ်ကနေပြန်လာတဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသား... Read More
မင်းကင်းမြို့နယ်တွင် ပထမဆုံး ကိုဗစ်အတည်ပြုလူနာတစ်ဦး တွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်မှာ ပထမဆုံးသော ကိုဗစ်အတည်ပြုလူနာ အမျိုးသမီးတစ်ဦး တွေ့ရှိရတယ်လို့ စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီရဲ့ ကနဦး ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီပိုးတွေ့ရှိလူနာအမျိုးသမီးက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် Asia မှန်ဘီလူးစက်ရုံကနေ ပြန်လာသူဖြစ်ပြီး မင်းကင်းမြို့... Read More
မန္တလေးမြို့တွင် နိုင်ငံတော် အရေးပေါ်ရိက္ခာဆန်တစ်ပြည် ၁၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချ
မန္တလေးမြို့တွင် ပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရန် နိုင်ငံတော် အရေးပေါ်ရိက္ခာ ဆန်တပြည် ၁၀၀၀ ကျပ်နှုန်းနဲ့ အောက်တိုဘာလ ၇ ရက်နေ့ကနေ စတင်ကာ ရောင်းချပေးနေတယ်လို့ မန္တလေး ဆန်၊ စပါးကုန်စည်ဒိုင်က သိရပါတယ်။ မန္တလေးတိုင်း စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးဆန်၊ စပါးကုန်စည်ဒိုင်၊ မန္တလေးတိုင်း... Read More
ကိုဗစ်ကပ်ရောဂါကြောင့် မုံရွာမြို့ အထင်ကရ သီတင်းကျွတ် ဘုရားကြီးပွဲတော် မကျင်းပဖြစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ နှစ်စဉ်ကျင်းပလေ့ရှိပြီး အစည်ကားဆုံး ပွဲတော်တွေထဲက တစ်ခုဖြစ်တဲ့ ဆုတောင်းပြည့် ဗုဒ္ဓပူဇနိယပွဲတော် ခေါ် သီတင်းကျွတ် ဘုရားကြီးပွဲတော်ကို အခုနှစ်မှာတော့ COVID-19 ကပ်ရောဂါအခြေနေကြောင့် မကျင်းပဖြစ်တော့ပါဘူး။ မုံရွာမြို့ သီတင်းကျွတ် ဘုရားကြီးပွဲက မုံရွာဒေသရဲ့ အစည်းကားဆုံးပွဲတော်ဖြစ်ပြီး နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော်... Read More
NLD ပါတီရဲ့ မေတ္တာရပ်ခံချက်ကို မလိုက်နာဘဲ ကျွန်းလှမြို့တွင် NLD ဝန်းရံထောက်ခံသူ ၁၀၀၀ ခန့်မြို့တွင်း လှည့်လည်မဲဆွယ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့မှာ အောက်တိုဘာလ ၆ ရက်နေ့ မနက်ပိုင်းက အမျိုးသားဒီမိုကရေစီပါတီကို ဝန်းရံထောက်ခံသူ ၁၀၀၀ ဝန်းကျင်စုရုံးကာ ဆိုင်ကယ်၊ ကား၊ သုံးဘီးယာဉ်တွေနဲ့ မြို့တွင်း လှည့်လည်ကာ မဲဆွယ်အင်အား ပြခဲ့ကြပါတယ်။ ကျွန်းလှမြို့ အမျိုးသားဒီမိုကရေစီပါတီကို ဝန်းရံထောက်ခံသူ ပြည်သူတွေက မြို့တွင်းလမ်းတွေအပြင်... Read More
ကုန်စည်စီးဆင်းမှုမြန်ဆန်စေရန် ကုန်တင်ယာဉ်တွေကို သတ်မှတ်ချက်တွေနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်က ဖြတ်သန်းခွင့်ပြု
ကုန်စည်စီးဆင်းမှုမြန်ဆန်စေရန်ရည်ရွယ်ကာ အဝေးပြေးကုန်တင်ယာဉ်တွေကို COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်က သတ်မှတ်အမြန်နှုန်းအတိုင်း ဖြတ်သန်း မောင်းနှင်ရန်ခွင့်ပြုပေးသွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၅ ရက်နေ့က ထုတ်ပြန်ကြေငြာထားပါတယ်။ ပြည်တွင်း ကုန်စည်စီးဆင်းမှုအဆင်ပြေစေရန် အောက်တိုဘာလ ၅ ရက်နေ့ကနေ နိုဝင်ဘာလကုန်ထိ နှစ်လတာ ယာယီ... Read More
ရဲတပ်ဖွဲ့ဝင်နဲ့ မိသားစုဝင်တွေအပါအဝင် စစ်ကိုင်းတိုင်းမှာ ကိုဗစ်အတည်ပြုလူနာ ၈ ဦးထပ်တိုး
စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုဗစ်အတည်ပြုလူနာ ၈ ဦး ထပ်တိုးတွေ့ရှိရတယ်လို့ စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီရဲ့ ကနဦးထုတ်ပြန်ချက်အရ သိရပါတယ်။ ယင်းမာပင်မြို့နယ် ရဲတပ်ရင်း ၂၈ က ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် မိသားစုဝင်တွေအပါအဝင် စုစုပေါင်း ၅ ဦး၊... Read More
မုံရွာနှင့် တန့်ဆည်တွင် ကိုဗစ်အတည်ပြုလူနာ ၅ ဦးထပ်တိုး
စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုဗစ်အတည်ပြုလူနာ ၅ ဦး ထပ်တိုးခဲ့တယ်လို့ စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ထပ်တိုးလူနာတွေက တန့်ဆည်မြို့နယ်မှာ ပိုးတွေ့လူနာ ၄ ဦးနှင့် မုံရွာမြို့နယ်က ၁ ဦးတို့ဖြစ်ပါတယ်။ ပိုးတွေ့လူနာအားလုံးက... Read More
ကိုဗစ်စည်းကမ်းချက်တွေကြောင့် သွားလာရေးခက်ခဲပြီး လယ်ယာထွက်သီးနှံရောင်း၀ယ်မှု ရပ်တန့်နေ
ကိုဗစ်ကပ်ရောဂါကြောင့် နိုင်ငံတွင်းမှာ ကိုဗစ်ပိုးတွေ့လူနာများလာပြီး တိုင်းနှင့် ပြည်နယ်တွေမှာ ၀င်ထွက်သွားလာခွင့် စည်းကမ်းတင်းကြပ်လာတဲ့အတွက် လယ်ယာထွက်သီးနှံ ရောင်း၀ယ်မှု ရပ်တန့်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာရှိတဲ့ ကုန်သည်၊ ပွဲစားတွေက ပြောပါတယ်။ မြန်မာနိုင်ငံက လယ်ယာထွက်သီးနှံတွေဖြစ်တဲ့ ကြက်သွန်နဲ့ ဆီထွက်သီးနှံတွေကို တစ်ဖက်နိုင်ငံတွေက ၀ယ်လိုအားရှိနေပေမယ့် ပြည်တွင်းသွားလာမှု... Read More









