Home > သတင်း > ကျန်းမာရေး > ကန့်ဘလူမြို့နယ်တွင် တစ်ရက်ထဲ လူ ၃၀ ကျော် စံချိန်တင် ပိုးတွေ့

ကန့်ဘလူမြို့နယ်တွင် တစ်ရက်ထဲ လူ ၃၀ ကျော် စံချိန်တင် ပိုးတွေ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်မှာ ဒီကနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့တစ်ရက်ထဲ ကိုဗစ်ပိုးတွေ့သူ စံချိန်တင်ကာ ပိုးတွေ့လူနာ ၃၇ ယောက်ရှိခဲ့ပါတယ်။ အဲဒီပိုးတွေ့လူနာတွေက ပြီးခဲ့တဲ့ ၂၁ ရက်နေ့ မန္တလေးကို ပေးပို့စစ်ဆေးခဲ့တဲ့ လူ ၁၀၀ ကျော်ထဲက ဒီကနေ့ အဖြေထွက်ချက်အရ ၁၇ ဦးပိုးတွေ့နှင့် Test kit နဲ့စစ်တဲ့ ၁၂၀ ကျော်ထဲက ၂၀ ဦးပိုးတွေ့တာဖြစ်ပြီး စုစုပေါင်း ၃၇ ဦး ပိုးတွေ့ခဲတာပါ။

“ဒီနေ့ ကန့်ဘလူမြို့နယ်မှာ ပိုးတွေ့လူနာ ၃၇ ယောက် စံချိန်တင်တွေ့တယ်။ အဲဒီပိုးတွေ့လူနာတွေထဲမှာ အရင်ပိုးတွေ့လူနာရဲ့ Contact တွေလဲပါတယ်။ ဘယ်ကနေကူးစက်မှန်းမသိတဲ့ ပိုးတွေ့တွေလဲပါတယ်။”လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်က ပြောပါတယ်။

အဲဒီပိုးတွေ့လူနာ ၃၇ ဦးဟာ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာတွေမှာ Quarantine ဝင်ရောက်သူတွေနဲ့ Home Stay နေထိုင်သူတွေဖြစ်ပါတယ်။ ပိုးတွေ့လူနာတွေက ချမ်းအေးသာယာရပ်ကွက်က ၁၆ ဦး၊ ရန်နိုင်အေးရပ်ကွက်က ၅ ဦး၊ လက်ဆည်ရပ်ကွက်က ၁၂ ဦး၊ သပြေသာရွာက ၁ ဦး၊ ကျောင်းကုန်းကျေးရွာက ၁ ဦးနှင့် ငါးမြောင်ကျေးရွာက သံဃာတော် (၂) ပါးတို့ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကန့်ဘလူမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၁၄၅ ဦးရှိပြီး ဆေးရုံကနေ ဆင်းခွင့်ရသူ ၇၄ ဦးရှိကာ သေဆုံးသူ ၁ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီကနေ့ ညနေပိုင်းက ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မြို့နယ် ၃၃ မြို့နယ်မှာ ပိုးတွေ့လူနာ ၂၄၆၃ ဦးရှိပြီး ဆေးရုံကနေ ဆင်းခွင့်ရသူ ၂၀၀၉ ဦးရှိကာ သေဆုံးသူ ၂၁ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီကနေ့ ညနေပိုင်းက ထုတ်ပြန်ချက်အရ သိရပါတယ်။

ပိုတေး

error: Content is protected !!