မုံရွာမြို့က ညမင်းသားများ
မောင်ဧက (မျက်မှောက်ခေတ် ဆောင်းပါး) မုံရွာမှာ ညနေ မှောင်ရီပျိုးပြီဆိုတာနဲ့ မြို့ရဲ့အဓိကလမ်းမကြီးတွေပေါ်မှာ လူအသွားအလာ ရှင်းသွားပါပြီ။ တချိန်ကဆို ပုရွက်ဆိတ်လေးတွေလို အတန်းလိုက် ဆိုင်ကယ်တွေ၊ကားတွေ ပြည့်ကြပ်နေခဲ့တဲ့ ဗိုလ်ချုပ်လမ်း၊ ကျောက္ကာလမ်း၊ပြည်ထောင်စုလမ်းနဲ့ သာစည်လမ်းမကြီးတွေပေါ်မှာ တစ်စီးစ၊နှစ်စီးစဆိုင်ကယ်တွေ၊ အိမ်စီးကားတွေကလွဲရင် တမာပင် နဲ့ ကိုက္ကိုပင်ကြီးတွေရဲ့... Read More
အလကားလူကြီးတွေ
အလကားလူကြီးတွေ မင်းသူအောင် (မျက်မှောက်ခေတ် ကဗျာ) အလကားလူကြီးတွေ ဖက်ဒရယ်တောင်စာလုံးမပေါင်းတတ်တဲ့ကလေးတွေကို ဂွေးတက်အောင် ကခိုင်းတဲ့လူကြီးတွေ။ မသမာမှုများ အရေခြုံ အယောင်ဆောင် လာဘ်စား အထက်ဖား အောက်ဖိ ကွိစိကွစပြောဖို့ပဲတတ်တဲ့ အလကားလူကြီးတွေ။ လူငယ်တွေအသက်က သူတို့သောက်တဲ့ ဝီစကီလောက်စျေးမကောင်း ကလေးတွေနေဖို့ကျောင်းထက် သူတို့သေရင်အလောင်းလှဖို့ပဲတွေးသူတွေ မင်းသေနတ်ကိုင်... Read More
နွားထိုးကြီးမှ အယုဒ္ဓယသို့
အလင်္ကာဖေ (မျက်မှောက်ခေတ် ခေတ်ပုံရိပ်) ပူပြင်းလှတဲ့ ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ရဲ့နေရောင်အောက်မှာ အညာသူဒေါ်ဖြူတယောက် ကားပါကင်တခုမှာတယောက်ထဲ ထိုင်နေတယ်။ သူ့ကိုဒေါ်ဖြူလို့ နာမည်ပေးလိုက်ပါတယ်။ အညာလေသံနဲ့စကားပြောတဲ့ ဒေါ်ဖြူက တယောက်ထဲ တွေတွေငေးငေး ထိုင်နေတာတွေ့ရတော့ သူ့အနားသွားလိုက်တယ်။ သူကလဲ နေတွေအရမ်းပူတာပဲနော်ဆိုပြီး စကားစလိုက်တယ်။ သူစကားလိုက်ချိန်မှာပဲ သူ့အကြောင်း... Read More
ဘတ်ရိုက်ဖို့ စောင့်နေကြသူတွေ
အလင်္ကာဖေ (မျက်မှောက်ခေတ် ခေတ်ပုံရိပ်) ဒီနေရာက ထင်ထင်ရှားရှားပေါ်နေတာက ရွှေမြင်းအဆောက်အဦလို့ပေါ်တယ်။ လူတွေတည်းခိုရာ နေရာတခုအနေနဲ့ပေါ်တာ။ တကယ်တော့ ဒီနေရာအနီးအနားမှာ ဘာအဆောက်အဦမှ မရှ်ိဘူး။ လူတယောက်ဟာ ဒီနေရာရောက်လာပြီး အခန်းတခုခုရှာရင် ဘယ်လိုမှ ရှာတွေ့နိုင်မှာမဟုတ်ဘူး။ စက်ရုံတွေရှိတဲ့ လယ်ပြင်ထဲရောက်နေတာက တကြောင်း၊ လူနေစရာနေရာရယ်လို့ ကျယ်ကျယ်ဝန်းဝန်း... Read More
ဖီးနစ်လား ၊ ပိုးဖလံလား
ဖီးနစ်လား ၊ ပိုးဖလံလား မောင်ဧက (မျက်မှောက်ခေတ် ကဗျာ) လျှပ်စစ်မီး မစီးကူးတဲ့ ဓာတ်ကြိုး အရိပ်မရှိတော့တဲ့ ထနောင်းပင်အို ခိုကိုးသူအပြည့်နဲ့ ရွာအပြင်ဇရပ် တော်လှန်သူတို့ ရှိတဲ့ရွာ ။ သွား၊လာဖို့ မသင့်တဲ့လမ်း စိုက်ပျိုးသူ မရှိတော့တဲ့ လယ်ကွင်းနဲ့ နေထိုင်သူ... Read More
ဆရာ၊ဆရာမတွေရဲ့ ရေသောက်မြစ်တစ်ခု (သို့) အထွေထွေဗဟုသုတ
ဟန်နီကို (မျက်မှောက်ခေတ် ပညာရေးဆောင်းပါး) ဆရာ၊ဆရာမတွေဟာ ကလေးတွေကို ပညာသင်ကြားပေးနေသူတွေ၊ လမ်းမှန်ကိုရောက်အောင်ညွှန်ပြရသူတွေ ဖြစ်လေတော့ အထွေထွေဗဟုသုတရှိဖို့ လိုအပ်ပါတယ်။ အထွေထွေဗဟုသုတဆိုပေမယ့် ကလေးတွေကို စာမသင်ပဲ ကြုံရာကျပန်းလျောက်ပြောနေတဲ့ အထွေထွေဗဟုသုတ မျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ ကလေးတွေကို ကိုင်တွယ်ရာမှာ ၊ သင်ခန်းစာတစ်ခုကို သင်ကြားရာမှာ... Read More
“ပညာရေးမှာ အများသဘောဆိုပြီး လုပ်လို့မရပါ”
ဟန်နီကို (မျက်မှောက်ခေတ် ပညာရေး) ကျွန်တော်တို့ တော်လှန်ရေးနယ်မြေမှာ ဆရာ၊ဆရာမ အရင်းအမြစ်တွေကို ဆုံးရှုံးနေရခြင်းက စိုးရိမ်စရာကောင်းသည်။ လူငယ် ဆရာ၊ဆရာမလေးတွေက ရပ်ရွာရဲ့အားပေးမှုနည်းတာ၊ ရသည့်လခ အဆမတန် နည်းလွန်းတာ၊ ဘာသာရပ်ကို သင်ကြားရာတွင် ကျွမ်းကျင်မှုမလုံလောက်သည့်အတွက် လုပ်ငန်းခွင်ပျော်ရွှင်မှုမရှိတာ စသည့်အချက်တွေ ပါဝင်သည်။ အခက်အခဲမျိုးစုံကို... Read More
“သံပရာသီး ပညာရေးလုပ်နေကြ တုန်းလား”
“သံပရာသီး ပညာရေးလုပ်နေကြ တုန်းလား” ဟန်နီကို (မျက်မှောက်ခေတ် ပညာရေး) အထက်တန်းရောက်လျင် ကျောင်းသားတွေကို ထိန်းရခက်လာသည်။ စာလည်းမကြိုးစားကြ။ ပြောလို့ဆိုလို့လည်းမကောင်း။ စည်းကမ်းမရှိ။ ဆရာ၊ဆရာမကို မရိုသေ..စသဖြင့်..စသဖြင့် အသံတွေ ညံနေအောင်ကြားရတတ်ပြီး လက်တွေ့မြေပြင်ကျောင်းများတွင်လည်း တကယ်လက်တွေ့ဖြစ်ပွားနေပါသည်။ ကျောင်းသားတွေသည် သံပရာသီးတွေလို ကြီးလေချဥ်လေဖြစ်နေကြပြီလား။ နေရာဒေသ... Read More
“ဆရာ၊ ဆရာမ လုပ်ဖို့ ဆုံးဖြတ်ပြီးပြီလား”
ဟန်နီကို (မျက်မှောက်ခေတ် ပညာရေး) ပညာရေးမှာ ဆရာ၊ဆရာမတွေကိစ္စအကြောင်း ဆွေးနွေးရတာ သိမ်မွေ့သောကိစ္စတစ်ရပ်ဖြစ်သည်။ ပြောချင်သည့်စကားကို ထိန်းထိန်းသိမ်းသိမ်း သိမ်သိမ်မွေ့မွေ့ ပြောရလေ့ရှိသည်။ လက်ရှိအချိန်မှာတော့ ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်း ပြောရမည့်အချိန်ဖြစ်သည်။ ပြင်လိုစိတ်ရှိသူတွေက နောက်မကျမီ ပြင်ဆင်နိုင်ကြဖို့ဖြစ်သည်။ ဤဆောင်းပါးသည် ဆရာ၊ဆရာမ ဘဝကို မြတ်နိုးဂုဏ်ယူစွာ... Read More
ကျော ပ.အ.ဖ ကလေလံတင်ရောင်းချလိုက်တဲ့ သစ်တွေ ဖမ်းမိ၊ စကမတပ်ရှိရာ သယ်ဆောင်ဖို့ဖြစ်နေ
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ပ.အ.ဖ အဖွဲ့တခုကလေလံတင် ရောင်းချလိုက်တဲ့သစ်တွေကို Southern YSO PDF ဖမ်းမိခဲ့ပြီး သစ်တွေကိုစစ် ကော်မရှင်တပ်ရှိတဲ့နေရာ သယ်ဆောင်ဖို့ဖြစ်နေတယ်လို့ Southern YSO PDF က ဒီကနေ့ အောက်တို ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။... Read More










