ဖီးနစ်လား ၊ ပိုးဖလံလား
မောင်ဧက
(မျက်မှောက်ခေတ် ကဗျာ)
လျှပ်စစ်မီး မစီးကူးတဲ့ ဓာတ်ကြိုး
အရိပ်မရှိတော့တဲ့ ထနောင်းပင်အို
ခိုကိုးသူအပြည့်နဲ့ ရွာအပြင်ဇရပ်
တော်လှန်သူတို့ ရှိတဲ့ရွာ ။
သွား၊လာဖို့ မသင့်တဲ့လမ်း
စိုက်ပျိုးသူ မရှိတော့တဲ့ လယ်ကွင်းနဲ့
နေထိုင်သူ မရှိတဲ့ အိမ်တွေမှာ
မီးလောင်ပြင်ကြား ကြပ်ခိုးတွေစွဲလို့။
အထစ်လိုက် အတုံးလိုက် အသားစတွေ
မြေပြင်မှာ၊ ၀န်းထရံပေါ်မှာ ပြန့်ကြဲ
သွေးရဲရဲ မီးလောင်ပြင်က သံတွေ တရဲရဲ
ဘ၀တွေ ပျက်ပျက် ကမ္ဘာတွေ ပျက်ပျက်။
ထိန်ထိန်ညီးတဲ့ မြို့ပြမီးရောင်အောက်
တိုးဝှေ့ပျော်ပါးကြသူတွေကလည်း
အရောင်တလဲ့လဲ့ အတောင်တဖျတ်ဖျတ်နဲ့
ပိုးဖလံတွေလိုပေါ့။
မီးလောင်ပြင်က ရုန်းထ နိုင်ခဲ့တာကြဖီးနစ်
မီးတွင်းထဲ ခုန်ဆင်းတာက
ပိုးဖလံပေါ့။
#မောင်ဧက
#မျက်မှောက်ခေတ်






