Home > ရင်ဖွင့်စာ > အလကားလူကြီးတွေ

အလကားလူကြီးတွေ

မင်းသူအောင်
(မျက်မှောက်ခေတ် ကဗျာ)

အလကားလူကြီးတွေ
ဖက်ဒရယ်တောင်စာလုံးမပေါင်းတတ်တဲ့ကလေးတွေကို
ဂွေးတက်အောင် ကခိုင်းတဲ့လူကြီးတွေ။

မသမာမှုများ
အရေခြုံ အယောင်ဆောင်
လာဘ်စား အထက်ဖား အောက်ဖိ
ကွိစိကွစပြောဖို့ပဲတတ်တဲ့
အလကားလူကြီးတွေ။

လူငယ်တွေအသက်က
သူတို့သောက်တဲ့ ဝီစကီလောက်စျေးမကောင်း
ကလေးတွေနေဖို့ကျောင်းထက် သူတို့သေရင်အလောင်းလှဖို့ပဲတွေးသူတွေ
မင်းသေနတ်ကိုင် မင်းနဲ့ မင်းနဲ့တိုက်
ငါတို့လက်ပိုက်ကြည့်နေမယ်
အေး ဇာတ်သိမ်းရင် ရဲမြညွန့်လာမှာပေါ့ကွာဆိုတဲ့
မြန်မာပေါကားသောက်ချိုး
အလကားလူကြီးတွေ။

အညာက ကျောင်းမတက်ရတဲ့ကလေးတွေ
ခြေလက်ပြတ်သွားတဲ့ကလေးတွေ
အဖမဲ့သွားတဲ့သား
သားမဲ့သွားတဲ့အဖ
အမိမဲ့သွားတဲ့သား
သားမဲ့သွားတဲ့အမိ
ခင်ဗျာတို့နိုင်ငံခြားကနေ ကြည့်နေတယ်မလား
အလကားလူကြီးတွေ။

ဒီတော်လှန်ရေးပြီးရင်
လူငယ်တွေ သေရာရပြီး
လူကြီးတွေ နေရာရကြလိမ့်မယ်
အလကားသောက်တလွဲလူကြီးတွေ။

မင်းသူအောင် (19.10.2025-7:48PM)

#မင်းသူအောင်
#မျက်မှောက်ခေတ်
#ကဗျာ

error: Content is protected !!