Home > ဆောင်းပါး > “သံပရာသီး ပညာရေးလုပ်နေကြ တုန်းလား”

“သံပရာသီး ပညာရေးလုပ်နေကြ တုန်းလား”

“သံပရာသီး ပညာရေးလုပ်နေကြ တုန်းလား”

ဟန်နီကို
(မျက်မှောက်ခေတ် ပညာရေး)

အထက်တန်းရောက်လျင် ကျောင်းသားတွေကို ထိန်းရခက်လာသည်။ စာလည်းမကြိုးစားကြ။ ပြောလို့ဆိုလို့လည်းမကောင်း။ စည်းကမ်းမရှိ။ ဆရာ၊ဆရာမကို မရိုသေ..စသဖြင့်..စသဖြင့် အသံတွေ ညံနေအောင်ကြားရတတ်ပြီး လက်တွေ့မြေပြင်ကျောင်းများတွင်လည်း တကယ်လက်တွေ့ဖြစ်ပွားနေပါသည်။

ကျောင်းသားတွေသည် သံပရာသီးတွေလို ကြီးလေချဥ်လေဖြစ်နေကြပြီလား။ နေရာဒေသ တော်တော်များများမှာ ဖြစ်နေကြပါသည်ဟုပင် အမှန်အတိုင်းဆိုပါမည်။

ကြားကာလ ပညာရေးအကောင်အထည်ဖော်ခဲ့သည်မှာ လေးနှစ်ရှိခဲ့ပြီ။ ထိုလေးနှစ်အတွင်း ကြားကာလ ပညာရေးစတင်စဥ် Grade 6 စတက်ခဲ့သည့်ကျောင်းသူကျောင်းသားကစ အထက်တန်းသို့ ရောက်နေပြီဖြစ်သည်။

အထက်တန်းကိုရောက်လာသည့် ကျောင်းသူကျောင်းသားတွေကို ပြောဆိုထိန်းကြောင်းရခက်သည့်အကြောင်းအရင်းထဲတွင် “သူတို့သည် အလယ်တန်းတက်နေစဥ်အတွင်း ပညာကို ကောင်းကောင်းသင်ကြားပေးခြင်းမခံခဲ့ရ၊ လူမှုစည်းကမ်းနှင့် ယဥ်ကျေးမှုကို ကောင်းကောင်းမသင်ခဲ့ရ” ဟူသည့် အဓိက အကြောင်းအရင်းကြီးကို ထင်ထင်ရှားရှားတွေ့မြင်နေရပါသည်။

ပြီးခဲ့သော ကြားကာလ ပညာရေးလေးနှစ်တာအတွင်း အလယ်တန်းကျောင်းသူကျောင်းသားတွေကို ပညာ၏ တန်ဖိုးကိုသိအောင်၊ ပညာကိုမြတ်နိုးတတ်အောင်၊ ကိုယ့်တာဝန်ကိုယ်ယူတတ်အောင်၊ လူမှုယဥ်ကျေးမှုတွေကို နားလည်အောင် သင်ကြားပေးနိုင်ခဲ့ခြင်း မရှိသည့်အတွက် အထက်တန်းရောက်လာသည့်အခါ ပညာကို အထင်သေးခြင်း၊ အချောင်အတန်းအောင်လိုစိတ်၊ တာဝန်ပျက်ကွက်၊ စည်းကမ်းပျက်ကွက်ရမှာကို ရှက်သည့်စိတ် လုံးဝနည်းပါးပြီး လူမူစည်းကမ်းကိုပင် ဥပေက္ခာပြုလာတာတွေကို တွေ့ကြုံနေကြရပါတော့သည်။

ငယ်စဥ်မှာ ပညာကိုကောင်းကောင်းသင်ကြားခြင်း မခံရသည့် မျိုးဆက်အများစုမှာ လူမှုစည်းကမ်းပိုင်းနှင့် ပညာကိုမြတ်နိုးတာဖိုးထားမှုတို့ အားနည်းသွားသည့်အတွက် လူ့အဖွဲ့အစည်းသည် တွေးတတ်လျှင် ကြောက်စရာကောင်းနေပါသည်။

ကြီးလေချဥ်လေဆိုသည့် သံပရာသီးလိုဖြစ်နေကြသည်မှာ မျိုးဆက်သစ် လူငယ်တွေရဲ့အပြစ်လုံးဝ မဟုတ်ပါ။

ပညာရေးကို အားမပေးသည့် ကျွန်တော်တို့လူ့အဖွဲ့အစည်း၏ အပြစ်ဖြစ်ပါသည်။ ထိုလူ့အဖွဲ့အစည်းတွင်မှ အဓိက တာဝန်ရှိသူတွေကို ရွေးထုတ်လျှင် (၁) ဆရာ၊ဆရာမများ (၂) အုပ်ချုပ်ရေးနှင့် ကျောင်းကော်မတီ (၃) ရပ်ရွာလူထု တို့ဖြစ်သည်ဟု ဆိုချင်သည်။

ငွေကြေးလုံလောက်အောင် ၊ သင်ထောက်ကူလုံလောက်အောင် စသဖြင့် မပေးနိုင်၊ လိုအပ်ချက်များစွာရှိနေသည့်အတွက် ဆရာ၊ဆရာမတွေကို နံပါတ် ၁ တရားခံထားခြင်းသည် တရားသလားဟုမေး ချင်သူတွေရှိပေလိမ့်မည်။

စာရေးသူ၏ “ဆရာ၊ဆရာမ လုပ်ဖို့ ဆုံးဖြတ်ပြီးပြီလား” ဆိုသည့် ဆောင်းပါးကိုဖတ်ရှုပြီးသူတွေကတော့ မေးစရာလိုမည်မထင်ပါ။ ဆရာ၊ဆရာမ အလုပ်သည် ဝတ္တရားကျေ လုံးဝ မလုပ်သင့်ဆုံးအလုပ်ဖြစ်ပါသည်။

လက်ရှိအချိန်ထိ ဝတ္တရားကျေလုပ်ပြီး ကလေးတွေ၏ ဘဝတွေကိုသတ်နေသည့် ဆရာ၊ဆရာမတွေကို မြင်တွေ့နေရသောကြောင့်ဖြစ်ပါသည်။ ဝတ္တရားကျေ ဆရာ၊ဆရာမများ ဆရာ၊ဆရာမ အလုပ်ကနေ အပြီးထွက်သွားကြလျင်လည်း ကလေးတွေ ထူးနစ်နာမည်မဟုတ်ဟု စာရေးသူယုံကြည်ပါသည်။

စာရေးသူသည်လည်း ပညာရေးကို အားမပေးသော ဒေသတွင်ပင် သင်ကြားရေးကို လုပ်ဆောင်နေရခြင်းဖြစ်ပြီး ကလေးတွေမျက်နှာတစ်ခုတည်းကိုသာကြည့်ပြီး လုပ်ဆောင်နေခြင်းဖြစ်ပါသည်။

ရပ်ရွာ၊ အုပ်ချုပ်ရေးက ပညာရေးကိုပစ်ထားတယ်၊ ဂရုမစိုက်ဘူးဆိုပြီး ကလေးတွေအပေါ် ဖြစ်သလို သင်ကြားခြင်းသည် ဆရာစိတ်ကင်းမဲ့ခြင်းပင်ဖြစ်ပါသည်။

ကလေးတွေ၏ မျက်နှာကိုကြည့်လို့၊ မြင်လို့မှ ကလေးတွေကို စိတ်အားထက်သန်စွာ သင်ကြားပေးချင်စိတ်မရှိဘူးဆိုလျှင် ပညာရေးကနေ နားတာက ပိုကောင်းပါသည်။

ပညာရေးကိုအားပေးသည့် အုပ်ချုပ်ရေးအဖွဲ့ရှိသည့် ရပ်ရွာတွေရှိပါသည်။ သို့သော် တော်တော့ကိုရှားပါသည်။

ရပ်ရွာအုပ်ချုပ်ရေးက အားမပေး၊ ဆရာ၊ဆရာမတွေက ဝတ္တရားကျေသင်၊ ကလေးတွေပညာကောင်းကောင်းမတတ်၊ ကလေးတွေပညာကောင်းကောင်းမတတ်တော့ မိဘတွေက ကျောင်းလခနည်းနည်းကိုပင် မကြည်ဖြူနှင့် ဆိုးကျော့သံသရာလည်နေသည့် ပညာရေးဖြစ်နေပါသည်။

ဆိုးကျော့သံသရာလည်နေသည့်ပညာရေးမှ ကြီးလေချဥ်လေ သံပရာသီး မျိုးဆက်တွေကို မွေးထုတ်ပေးနေသည်။

သူတို့တွေ အရွယ်ရောက်လာလျင် ယခုလက်ရှိလူတွေက အသက်ကြီးသွားပြီး ဘာမှဝင်မပြောနိုင်၊ မဆိုနိုင်နဲ့ ကော့နေအောင်ခံဖို့ ပြင်ထားကြပါဟုသာ သတိပေးချင်ပါသည်။

သံပုရာသီး ပညာရေးကို ရပ်တန့်ပြီး ဆိုးကျော့သံသရာကနေ ဖောက်ထွက်ဖို့ အားကိုးရာက အနီးကပ်ဆုံးပုဂ္ဂိုလ်တွေဖြစ်သည့် ဆရာ၊ဆရာမတွေဖြစ်သည်။

ထို့ကြောင့် အတိုင်းအတာကာလအပိုင်းအခြားထိ ရုန်းကြစမ်းပါဟု တိုက်တွန်းနေရခြင်းဖြစ်ပါသည်။ ပညာရေးကို နားမလည်သည့်သူတွေကို လိုက်တုပမနေဘဲ ရုန်းကြစမ်းပါလို့ အလေးအနက်တိုက်တွန်းလိုက်ရပါသည်။

#ဟန်နီကို
#မျက်မှောက်ခေတ်
#ပညာရေး

ပညာရေးဆောင်းပါးရေးသူ ဆရာ ဟန်နီကို ၏ ပညာရေးဆောင်းပါးများကို အောက်ပါ link များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

* ပညာရေးရဲ့ အုတ်မြစ်၊ အရေးကြီးဆုံး မူလတန်းကို ဖြစ်သလိုလုပ်နေပြီလား
https://www.facebook.com/share/p/15hPYeohct/

* ဆရာ၊ ဆရာမ လုပ်ဖို့ ဆုံးဖြတ်ပြီးပြီလား
https://www.facebook.com/share/p/15ebXaqx5b/

* ပညာရေးကို တန်ဖိုးမထားတဲ့ အကျင့်ကို ပြင်ကြဖို့လိုပြီ
https://www.facebook.com/share/p/1EJ5CRxzpw/

* ဘာသာရပ်ကို မကျွမ်းကျင်တာလား၊ သင်ကြားမှုကို မတတ်မြောက်တာလား
https://www.facebook.com/share/p/1ApJWUvipu/

* ရပ်ရွာရဲ့ ပူးပေါင်းဆောင်ရွက်မှု အများကြီးလိုအပ်နေသေးတဲ့ ပညာရေး
https://www.facebook.com/share/p/15si8CrGiv/

* ပညာမပါတဲ့ စာသင်ကြားရေး
https://www.facebook.com/share/p/176A12wis3/

* အထက်တန်းကျောင်းတွေ ပိုမိုကျစ်လျစ်ဖို့လိုပြီ
https://www.facebook.com/share/p/171Y8Sj8kZ/

* ပညာရေးကို အားမပေးတဲ့ လူ့အဖွဲ့အစည်းဟာ မတိုးတက်နိုင်ဘူး
https://www.facebook.com/share/p/14EeGELaF4C/

* မင်းအောင်လှိုင်ရေးတဲ့ ပညာရေးဇာတ်ညွန်းကို လျှော့မတွက်နဲ့
https://www.facebook.com/share/p/1AkGpcHaK4/

* CDM ၊ Volunteer နဲ့ ကြိုးစားတဲ့ ဆရာ၊ဆရာမ
https://www.facebook.com/share/p/19TwdXt68m/

* စစ်ကောင်စီပညာရေးနဲ့ NUG ပညာရေး အားပြိုင်မှု
https://www.facebook.com/share/p/1LRxmxmTMq/

* ပညာရေးကို အများသဘောဆိုပြီး လုပ်လို့မရပါ
https://www.facebook.com/share/p/1F2DJ8hYPK/
You sent

error: Content is protected !!