Day

August 11, 2020

ဝန်းသိုမြို့နယ်မှာ လင်းမယားချင်းစကားများရန်ဖြစ်ရာကနေ ဇနီးဖြစ်သူက အမျိုးသားကို တူနဲ့ထုသတ်မှုဖြစ်ပွား။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်မှာ သြဂုတ်လ၁၀ရက်နေ့က လင်းမယားချင်းစကားများရန်ဖြစ်ရာကနေ ဇနီးဖြစ်သူက အမျိုးသားကို တူနဲ့ထုသတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ဝန်းသိုမြို့နယ်၊ မော်ခါးအုပ်စု၊ ကျောက်ကြီးစုကျေးရွာမှာ အဲဒီဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူကို—(၃၀)နှစ်က သူ့ရဲ့အိမ်မှာ ဇနီးဖြစ်သူ တရားခံမ—(၃၁)နှစ်နဲ့ စကားများရန်ဖြစ်ကြပြီး ဇနီးဖြစ်သူတရားခံ မ—(၃၁)နှစ်က သေဆုံးသူကို—(၃၀)နှစ်ရဲ့ဦးခေါင်းကို တူနဲ့ထုသတ်ခဲ့တာဖြစ်ပါတယ်။...
Read More

စစ်ကိုင်းတံတားအသစ်ပေါ်မှ အသက်(၃၉) နှစ်အရွယ်အမျိုးသားတစ်ဦး ခုန်ချမှုဖြစ် ပွား။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ ၊ ရတနာပုံတံတား (စစ်ကိုင်းတံတားအသစ်) ပေါ်က‌ေန အသက်(၃၉)နှစ်အရွယ် အမျိုးသားတစ်ဦး ဧရာဝတီမြစ်အတွင်း ခုန်ချမှု ဩဂုတ်လ (၁၁)ရက်နေ့ နေ့လည်(၂)နာရီခွဲ၀န်းကျင်က ဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်းခရိုင်မီးသတ်ဦးစီးမှူးရုံးက သိရပါတယ်။ရတနာပုံတံတား (စစ်ကိုင်းတံတားအသစ်)ပေါ်ကခုန်ချခဲ့တဲ့ အသက်(၃၉)နှစ်အရွယ်အမျိုးသားဟာ စစ်ကိုင်းမြို့ ၊ တကောင်းရပ်ကွက်၊ နယ်မြေ...
Read More

စစ်ကိုင်းတိုင်းတွင် ဂုဏ်ထူးရကျောင်းသား ၄ ထောင်နီးပါး အရင်နှစ်ကထက်တိုးလာ။

၂၀၂၀ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြေဆိုသူ ကျောင်းသားတွေထဲက ဂုဏ်ထူးရ ကျောင်းသားကျောင်းသူ ၃၉၂၄ ဦး အရင်နှစ်ကထက် တိုးတက်လာတယ်လို့ တိုင်းပညာရေးမှုးရုံးက သိရပါတယ်။ အောင်ချက်ရာခိုင်နှုန်းကလည်း တိုးလာခဲ့ပြီး ဖြေဆိုသူအားလုံးရဲ့ ၃၅ ရာခိုင်နှုန်းကျော်ရှိကာ မြန်မာတစ်နိုင်ငံလုံးမှာ အောင်ချက်ရာခိုင်နှုန်း ဒုတိယအများဆုံးတိုင်းဖြစ်ခဲ့ပါတယ်။“ပြီးခဲ့တဲ့...
Read More

ထီးချိုင့်မြို့နယ်မှာ ခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအပါအဝင်လူဆယ်ဦး ထိခိုက်ဒဏ်ရာများရရှိမှုဖြစ်ပွား။

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် နေပူတောင်အဆင်း ရွှေဘို–မြစ်ကြီးနားသွားကားလမ်း မိုင်တိုင်အမှတ်(၁၁၂)နဲ့(၁၁၃)ကြားရှိ ပိန္နှဲကုန်းကျေးရွာအနီးမှာ သြဂုတ်လ ၁၁ရက်နေ့ နံနက်ပိုင်းက ခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ယာဉ်မောင်းအပါအဝင်လူဆယ်ဦး ထိခိုက်ဒဏ်ရာများရရှိမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။အဲဒီတိမ်းမှောက်မှုဖြစ်ပွားခဲ့တဲ့ ခရီးသည်တင်ယာဉ်ဟာ မုံရွာမြို့ကနေ ကသာမြို့ကို ထွက်ခွာသွားတဲ့ယာဉ်ဖြစ်ပြီး ယာဉ်ပေါ်မှာ ယာဉ်မောင်းအပါအဝင်ခရီးသည်လူဆယ်ဦးစီးနင်းလိုက်ပါသွားခဲ့တာဖြစ်ပါတယ်။ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့တဲ့အတွက် ယာဉ်ပေါ်မှာ စီးနင်းလိုက်ပါလာခဲ့ကြတဲ့ခရီးသည်ဆယ်ဦးစလုံးမှာ မစိုးရိမ်ရဒဏ်ရာတွေရရှိခဲ့ကြပြီး...
Read More

စစ်ကိုင်းတိုင်းမှာ လက်ရှိ အာဏာရပါတီအပါအဝင် နိုင်ငံရေးပါတီကြီး ၄ ခုက မဲဆန္ဒနယ်အားလုံး ယှဉ်ပြိုင်မည်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မဲဆန္ဒနယ် ၁၂၅ နေရာရှိပါတယ်။ အဲဒီနေရာအားလုံးကို လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့က နေရာလပ်မကျန် ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် သက်ဆိုင်ရာ...
Read More

လာမယ့်၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက် စစ်ကိုင်းတိုင်းဒေသကြီးမှာ တစ်သီးပုဂ္ဂလကိုယ်စားလောင်း၃၃ဦးအထိရှိကြောင်း တိုင်းရွေး/ကော်သတင်းထုတ်ပြန်။

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက် စစ်ကိုင်းတိုင်းဒေသကြီးမှာ တစ်သီးပုဂ္ဂလကိုယ်စားလောင်း၃၃ဦးအထိရှိတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ရုံးက သြဂုတ်လ ၁၀ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် ပြည်သူ့လွှတ်တော်နေရာမှာတော့ မဲဆန္ဒနယ်အရေအတွက်မှာ ၃၇ခုအထိရှိပြီး အမျိုးသား၁၈၀ဦးနဲ့အမျိုးသမီး၁၉ဦး စုစုပေါင်း ၁၉၉ဦးအထိရှိသလို အဲဒီထဲမှာတစ်သီးပုဂ္ဂလ ၉ဦးကလည်း ပါဝင်ကြပါတယ်။...
Read More

ကြိုတင်မဲအတွက် ဩဂုတ်လ(၂၈)ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်။

မဲဆန္ဒနယ်ပြင်ပမှာရောက်ရှိနေတဲ့ ပြည်သူတွအနေနဲ့ ကြိုတင်မဲပေးနိုင်ဖို့အတွက် အခုလ(၂၈)ရက်နေ့နောက်ဆုံးထားပြီး သက်ဆိုင်ရာ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ပုံစံ(၁၅)နဲ့ လျှောက်ထားကြဖို့လိုအပ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူးက ပြောပါတယ်။ ကြိုတင်မဲပေးရမယ့် မဲဆန္ဒရှင်တွေမှာ ပြည်ပရောက်မဲဆန္ဒရှင်တွေနဲ့ ပြည်တွင်း မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်(၂)မျိုးရှိတာဖြစ်ပါတယ်။ ကြိုတင်မဲပေးရမယ့် မဲဆန္ဒနယ်ကပြည်သူတွေအနေနဲ့ မူလနေရပ်မှာရှိတဲ့ မဲစာရင်းမှာ...
Read More

စစ်ကိုင်းတိုင်းတွင် တက္ကသိုလ်၀င်ခွင့်စာ မေးပွဲအောင်မြင်သူ (၃၅)ရာနှုန်းကျော်ရှိ။

ပြီးခဲ့တဲ့ မတ်လအတွင်းကကျင်းပခဲ့တဲ့ တက္ကသိုလ်၀င်တန်းစားမေးပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းကဖြေဆိုသူအားလုံးရဲ့ (၃၅) ရာခိုင်နှုန်းကျော် အောင်မြင်ခဲ့တယ်လို့မတ်လ (၉) ရက်နေ့က ပညာရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုသူပေါင်း (၁၂၅၆၀၇) ယောက်ရှိခဲ့ပြီး အဲဒီထဲက အောင်မြင်သူ (၄၄၁၇၀) ရှိခဲ့တဲ့အတွက် အောင်ချက်ရာနှုန်း...
Read More

အင်းတော်မြို့နယ်တွင် တောင်ကျရေကြောင့် ချောင်းကူးတံတားနှစ်စင်းရေထဲမျောပါပြီး ကျေးရွာအချို့ သွားလာရေးအခက်တွေ့။

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ နမီးချောင်းဖျားတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေကျကာ နမီးချောင်းပေါ်မှာ ဖြတ်ဆောက်ထားတဲ့ ကိုယ်ထူကိုယ်ထ ကျေးရွာချင်းဆက် တံတားနှစ်စင်း သြဂုတ်လ ၈ ရက်နေ့က ရေထဲမျောပါသွားပါတယ်။ တံတားတွေက နမီး- ကွင်းငို့ တံတားနှင့် နားဖာ-ဆားမှော် ကျေးရွာချင်းဆက် တံတားတို့ ရေထဲ...
Read More

ချောင်းဦးမြို့နယ်သို့ မီးငြိမ်းသတ်ယာဉ် ၂ စီးပေးအပ်။

စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနတွင် ချောင်းဦးမြို့နယ်အတွက် မီးငြိမ်းသတ်ယာဉ် ၂ စီးကို သြဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က တာဝန်ရှိသူတွေကို ပေးအပ်ခဲ့ပါတယ်။ အဆိုပါ မီးငြိမ်းသတ်ယာဉ်တွေက တစ်စီးကို ကျပ်သိန်း ၃၉၀ ကျော်တန်ဖိုးရှိ ဂါလံ...
Read More
error: Content is protected !!