Home > သတင်း > မှုခင်း > စစ်ကိုင်းတံတားအသစ်ပေါ်မှ အသက်(၃၉) နှစ်အရွယ်အမျိုးသားတစ်ဦး ခုန်ချမှုဖြစ် ပွား။

စစ်ကိုင်းတံတားအသစ်ပေါ်မှ အသက်(၃၉) နှစ်အရွယ်အမျိုးသားတစ်ဦး ခုန်ချမှုဖြစ် ပွား။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်း
မြို့ ၊ ရတနာပုံတံတား (စစ်ကိုင်းတံတားအ
သစ်) ပေါ်က‌ေန အသက်(၃၉)နှစ်အရွယ် အမျိုး
သားတစ်ဦး ဧရာဝတီမြစ်အတွင်း ခုန်ချမှု ဩဂုတ်လ (၁၁)ရက်နေ့ နေ့လည်(၂)နာရီခွဲ၀န်း
ကျင်က ဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်းခရိုင်မီးသတ်ဦးစီးမှူးရုံးက သိရပါတယ်။
ရတနာပုံတံတား (စစ်ကိုင်းတံတားအသစ်)
ပေါ်ကခုန်ချခဲ့တဲ့ အသက်(၃၉)နှစ်အရွယ်
အမျိုးသားဟာ စစ်ကိုင်းမြို့ ၊ တကောင်းရပ်
ကွက်၊ နယ်မြေ (၄) မှာနေထိုင်သူဖြစ်ပြီး အရ
က်ကြောင်နေသူ တစ်ဦးဖြစ်တယ်လို့လည်း
သိရပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကိုင်းခရိုင် မီး
သတ်တပ်ဖွဲ့၀င်တွေ၊ SERT အရေးပေါ်ကယ်
ဆယ်ရေးအသင်း၀င်တွေနှင့် လူမှုကူညီရေး
အဖွဲ့တွေပူးပေါင်းကာ မြစ်အတွင်းမှာ ရှာဖွေက
ယ်ဆယ်ရေးလုပ်ငန်းတွေကို ပြုလုပ်နေကြပါတယ်။စစ်ကိုင်းတံတားပေါ်ကနေ အကြောင်းအမျိုးမျိုးကြောင့် မကြာခဏဆိုသလို မြစ်အတွင်း ‌ခုန်ချ သေကြောင်းကြံစည်မှုတွေ ဖြစ်လာနေပါတယ်။

#ဧရာဝတီမြစ် #ရတနာပုံတံတား #မြစ်အတွင်းခုန်ချ #ရှာဖွေကယ်ဆယ် #မျက်မှောက်ခေတ်

error: Content is protected !!