Home > သတင်း > အင်းတော်မြို့နယ်တွင် တောင်ကျရေကြောင့် ချောင်းကူးတံတားနှစ်စင်းရေထဲမျောပါပြီး ကျေးရွာအချို့ သွားလာရေးအခက်တွေ့။

အင်းတော်မြို့နယ်တွင် တောင်ကျရေကြောင့် ချောင်းကူးတံတားနှစ်စင်းရေထဲမျောပါပြီး ကျေးရွာအချို့ သွားလာရေးအခက်တွေ့။

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ နမီးချောင်းဖျားတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေကျကာ နမီးချောင်းပေါ်မှာ ဖြတ်ဆောက်ထားတဲ့ ကိုယ်ထူကိုယ်ထ ကျေးရွာချင်းဆက် တံတားနှစ်စင်း သြဂုတ်လ ၈ ရက်နေ့က ရေထဲမျောပါသွားပါတယ်။ တံတားတွေက နမီး- ကွင်းငို့ တံတားနှင့် နားဖာ-ဆားမှော် ကျေးရွာချင်းဆက် တံတားတို့ ရေထဲ မျောပါခဲ့တာပါ။ တံတားရေထဲမျောပါသွားတာကြောင့် အနည်းဆုံးကျေးရွာ ၆ ရွာခန့် သွားလာရေးအခက်တွေ့နေရပါတယ်။ တံတားမျောပါမှုနဲ့ပတ်သက်လို့ မြို့နယ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ၊ ဌာနဆိုင်ရာတွေက ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေကြပါတယ်။ တောင်ကျရေကြောင့် ချောင်းအနီးက နေအိမ်တချို့ကို ကမ်းပြိုဘေးကြုံတွေ့လာနိုင်လို့ ဘေးလွတ်ရာ ရွှေ့ပြောင်းရတာကလွဲရင် တခြား လူနှင့် ကျွဲနွားတိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာတော့ မရှိဘူးလို့ မြို့နယ်မီးသတ်ဦးစီးဌာနက သိရပါတယ်။

ဓာတ်ပုံ- Ko Shan Facebook

error: Content is protected !!