Home > သတင်း > မှုခင်း > ဝန်းသိုမြို့နယ်မှာ လင်းမယားချင်းစကားများရန်ဖြစ်ရာကနေ ဇနီးဖြစ်သူက အမျိုးသားကို တူနဲ့ထုသတ်မှုဖြစ်ပွား။

ဝန်းသိုမြို့နယ်မှာ လင်းမယားချင်းစကားများရန်ဖြစ်ရာကနေ ဇနီးဖြစ်သူက အမျိုးသားကို တူနဲ့ထုသတ်မှုဖြစ်ပွား။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်မှာ သြဂုတ်လ၁၀ရက်နေ့က လင်းမယားချင်းစကားများရန်ဖြစ်ရာကနေ ဇနီးဖြစ်သူက အမျိုးသားကို တူနဲ့ထုသတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ဝန်းသိုမြို့နယ်၊ မော်ခါးအုပ်စု၊ ကျောက်ကြီးစုကျေးရွာမှာ အဲဒီဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူကို—(၃၀)နှစ်က သူ့ရဲ့အိမ်မှာ ဇနီးဖြစ်သူ တရားခံမ—(၃၁)နှစ်နဲ့ စကားများရန်ဖြစ်ကြပြီး ဇနီးဖြစ်သူတရားခံ မ—(၃၁)နှစ်က သေဆုံးသူကို—(၃၀)နှစ်ရဲ့ဦးခေါင်းကို တူနဲ့ထုသတ်ခဲ့တာဖြစ်ပါတယ်။ စကားများရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

အဲဒီဖြစ်စဉ်ကို သမီးဖြစ်သူ မ—က ဖခင်ဖြစ်သူထံဖုန်းဆက်အကြောင်းကြားခဲ့တဲ့အတွက် ဖခင်ဖြစ်သူ ဦး—(၆၈)နှစ်က လယ်ကွင်းထဲကနေ ပြန်လာပြီး သားဖြစ်သူ သေဆုံးသူ ကို—(၃၀)နှစ်ရဲ့နေအိမ်ကို သွားရောက်ကြည့်ရှု့ခဲ့ပါတယ်။

အခုလိုသွားရောက်ကြည့်ရှု့တဲ့အခါမှာ နေအိမ်ရဲ့အောက်ထပ်အိမ်ခန်းထဲမှာသားဖြစ်သူသေဆုံးကို—(၃၀)နှစ်မှာ ဦးခေါင်းသွေးထွက်ဒဏ်ရာနဲ့အတူ လဲကျသေဆုံးနေတာကို တွေ့ရခဲ့အတွက် ဖခင်ဖြစ်သူ ဦး–(၆၈)နှစ်က သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပြီး သက်ဆိုင်ရာကလည်း ဝန်းသိုဆေးရုံကို ပို့ဆောင်လိုက်တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဝန်းသိုမြို့မရဲစခန်းကတရားခံ မ—(၃၁)နှစ်ကို (ပ)၈၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ – ၃၀၂အရ အမှုဖွင့်ဖမ်းဆီးအရေးယူထားပါတယ်။

#လင်မယားစကားများ #တူနဲ့ထုသတ် #ဝန်းသို #မျက်မှောက်ခေတ်

error: Content is protected !!