Home > သတင်း > ရွေးကောက်ပွဲ > လာမယ့်၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက် စစ်ကိုင်းတိုင်းဒေသကြီးမှာ တစ်သီးပုဂ္ဂလကိုယ်စားလောင်း၃၃ဦးအထိရှိကြောင်း တိုင်းရွေး/ကော်သတင်းထုတ်ပြန်။

လာမယ့်၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက် စစ်ကိုင်းတိုင်းဒေသကြီးမှာ တစ်သီးပုဂ္ဂလကိုယ်စားလောင်း၃၃ဦးအထိရှိကြောင်း တိုင်းရွေး/ကော်သတင်းထုတ်ပြန်။

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက် စစ်ကိုင်းတိုင်းဒေသကြီးမှာ တစ်သီးပုဂ္ဂလကိုယ်စားလောင်း၃၃ဦးအထိရှိတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ရုံးက သြဂုတ်လ ၁၀ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော်နေရာမှာတော့ မဲဆန္ဒနယ်အရေအတွက်မှာ ၃၇ခုအထိရှိပြီး အမျိုးသား၁၈၀ဦးနဲ့အမျိုးသမီး၁၉ဦး စုစုပေါင်း ၁၉၉ဦးအထိရှိသလို အဲဒီထဲမှာတစ်သီးပုဂ္ဂလ ၉ဦးကလည်း ပါဝင်ကြပါတယ်။

အမျိုးသားလွှတ်တော်နေရာမှာတော့ မဲဆန္ဒနယ်အရေအတွက်မှာ ၁၂ခုအထိရှိပြီး အမျိုးသား၅၂ဦးနဲ့အမျိုးသမီး၁၀ဦး စုစုပေါင်း ၆၂ဦးတို့က အမည်စာရင်းတင်သွင်းထားကြသလို အဲဒီထဲမှာ တစ်သီးပုဂ္ဂလ ၂ဦးလည်း ပါဝင်ပါတယ်။

အလားတူ တိုင်းဒေသကြီးလွှတ်တော်နေရာမှာတော့ မဲဆန္ဒနယ်အရေအတွက်မှာ ၇၄ ခုအထိရှိပြီး အမျိုးသား၃၆၁ဦးနဲ့အမျိုးသမီး ၄၅ဦး စုစုပေါင်း၄၀၆ ဦးတို့က အမည်စာရင်းတင်သွင်းထားကြပြီး အဲဒီထဲမှာ တစ်သီးပုဂ္ဂလ ၁၇ဦးလည်း ပါဝင်ပါတယ်။

ချင်းတိုင်းရင်းသားရေးရာနေရာမှာတော့ မဲဆန္ဒနယ်အရေအတွက်မှာ ၁ခုရှိပြီး အမျိုးသား၁၀ဦးနဲ့အမျိုးသမီး၁ဦး စုစုပေါင်း ၁၁ဦးတို့က အမည်စာရင်းတင်သွင်းထားကြပြီး အဲဒီထဲမှာ တစ်သီးပုဂ္ဂလ ၄ဦးလည်း ပါဝင်သလို ရှမ်းတိုင်းရင်းသားလူမျိုးနေရာမှာတော့ မဲဆန္ဒနယ်အရေအတွက်မှာ ၁ခုရှိပြီး အမျိးသား၃ဦးနဲ့အမျိုးသမီး ၄ဦး စုစုပေါငင်း ၇ဦးတို့က အမည်စာရင်းတင်သွင်းထားကြပြီး အဲဒီထဲမှာ တစ်သီးပုဂ္ဂလအဖြစ် ၁ဦးလည်း ပါဝင်ပါတယ်။

လာမယ့်၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက် စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြည်သူ့လွှတ်တော်နေရာ၊အမျိုးသားလွှတ်တော်နေရာ၊တိုင်းဒေသကြီးလွှတ်တော်နေရာ၊ချင်းတိုင်းရင်းသားလူမျိုးနဲ့ရှမ်းတိုင်းရင်းသားလူမျိုးနေရာတွေမှာ အမျိုးသမီး ၇၉ဦးတို့က အမည်စာရင်းပေးထားကြသလို အဲဒီနေရာတွေအတွက် အမျိုးသား ၆၀၆ဦးကလည်း အမည်စာရင်းပေးထားကြပြီး စုစုပေါင်း အမျိုးသား/သမီး ၆၈၅ဦးတို့က စစ်ကိုင်းတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ရုံးမှာ အမည်စာရင်းပေးထားကြတာပဲဖြစ်ပါတယ်။

#ရွေးကောက်ပွဲ #ကိုယ်စားလှယ်လောင်း #စစ်ကိုင်းတိုင်း

error: Content is protected !!